လီဒိုလမ်းပေါ်က လူငယ် ၂၉ ဦး တနိုင်း ဒကစ တွင် ဖမ်းဆီးခံရ

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ကျေးရွာများမှ ကချင်လူငယ် ၂၉ဦးကို တနိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မေလ ၁၅ ရက်နေ့ ညနေပိုင်း ၅နာရီခန့်အချိန်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာ ၂ခုမှ ကချင်လူငယ်များဖြစ်ကြောင်း နီးစပ်ရာ နောင်းမီဒေသခံတစ်ဦးထံမှ သိရသည်။

“ တနိုင်း ဒကစ မှာ ဖမ်းဆီးလိုက်တယ်လို့ ကြားရတယ်။ လူငယ်တွေက နောင်းမီနဲ့ဝါရာဇွပ်က ၂၉ယောက်လောက်ရှိတယ်တဲ့။ တိတိကျကျတော့ ကျနော်တို့လည်းမသိရသေးဘူ။ ဆက်စုံစမ်းနေရတယ်”ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂၉ဦးမှာ နောင်းမီကျေးရွာမှ ၂၇ဦးပါဝင်ပြီး ဝါရာဇွပ်ကျေးရွာမှ ၂ဦးပါဝင်ကြောင်းသိရသည်။

အသေးစိတ်အခြေအနေကို ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

Show More
Back to top button