“တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။
Read More »ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် KIO ဌာနချုပ်နယ်မြေဟာ အရင်က မရရှိခဲ့ဖူးတဲ့ စစ်ကောင်စီ စကခ ကင်းစင်နယ်မြေ ဖြစ်သွားသလို လက်ရှိမှာတော့ သေနတ်သံတွေဟာ…
Read More »ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်ပြီး မြေမြုပ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးနေတဲ့လူငယ်ကတော့ ပျောက်ဆုံးနေတာ ၄ ရက်ကြာပြီးနောက် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင် မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာဘက် JZ Resort အကျော် (ဒေသအခေါ်) မိုင်ဒေးကွင်းဆိုတဲ့ တောအုပ်တစ်နေရာမှာ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ နန်းကွေ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာ ခြံလုပ်တဲ့ခြံပိုင်ရှင်တွေလို့ပြောရမလား သူတို့ဘက်ကနေပြီးတော့ သွားတွေ့တာပေါ့အဲနေရာက လူတွေထင်းတွေဘာတွေလိုက်ကောက်တဲ့ နေရာလည်းဟုတ်တယ်”လို့ ဆိုပါတယ်။…
Read More »ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့်ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။ မံစီမြို့အနီး ဒိန်ဆင်းပါဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ မိုင်ဂျာယန် ဒေသခံလူထု ၁၆၀၀ ကျော်နဲ့ တွေ့ဆုံစဉ် ကန့်ကွက်တဲ့ စီမံကိန်းအားလုံးကိုရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံလူထုအသံကို အလေးနက်ထားတဲ့ KIO ခေါင်းဆောင်တွေကို ကျေးဇူးတင်တဲ့အကြောင်း ဒေသခံအားလုံး ကိုယ်စား အမျိုးသမီးတစ်ဦးက အခုလို…
Read More »