-
Aug- 2023 -17 Augustတိုက်ပွဲ
ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။…
Read More » -
17 Augustသတင်း
ကသိုဏ်းတောင်တပ်စခန်း စစ်တပ်ကပြန်လည်တပ်စွဲနေထိုင်နေပြီဟုဆို
ဖားကန့် ကသိုဏ်းတောင်တပ်စခန်းမှာ စစ်တပ်ပြန်လည်တပ်စွဲထားတဲ့အပြင် တာမခန်-ဆိုင်းတောင်သွားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လဆန်း…
Read More » -
17 Augustသတင်း
ဖားကန်ကျောက်စိမ်းတောင် ရေကန်ကြီး ယိုစိမ့်မှုဖြစ်ပေါ်နေတာကြောင့် ပေါက်ထွက်မှာကို ဒေသခံများစိုးရိမ်နေ
ဖားကန့် မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီး ကျေးရွာ…
Read More » -
17 Augustသတင်း
ကသာမြို့ပြင်စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၂ ဦးသေနတ်ထိမှန်
စစ်ကိုင်းတိုင်း ကသာမြို့ပြင်မှာရှိတဲ့စစ်တပ်ဂိတ် ဒီနေ့မနက် ၇ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဂိတ်နားကဖြတ်လာတဲ့ ပြည်သူ ၂ ဦးသေနတ်ထိမှန်ထားတယ်လို့ ကသာ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ပစ်ခံရတဲ့ အဲဒီဂိတ်ဟာ စစ်အင်အား ၂၀ လောက်တပ်စွဲနေထိုင်တဲ့ဂိတ်ဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူများကို နည်းအမျိုးမျိုးနဲ့အခွန်ကောက်ခံနေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဂိတ်ကို ကသာ PDF ဘက်က ဒရုန်းနဲ့သွားပစ်တာ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အဲမှာ ပန်းသွားချိုးပြီး ပြန်လာတဲ့ ဒေသခံအမျိုးသား ၂ ယောက်ကျည်ထိသွားတာ ဟုတ်တယ်”လို့ပြောပါတယ်။ ကျည်ဆံထိမှန်သူ အမျိုးသား ၂ ဦးမှာ ကသာမြို့ ရပ်ကွက် ၉၊ အပိုင်း…
Read More » -
17 Augustသတင်း
ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ…
Read More » -
16 Augustသတင်း
မြင်းမူမှာ စစ်ဘေးရှောင် ၄ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း…
Read More » -
16 Augustစစ်ပြေးဒုက္ခသည်များ
ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့…
Read More » -
16 Augustသတင်း
မနမှော်မြေပြိုကျမှုမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူရုပ်အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ
ဖားကန့်ကျောက်စိမ်းမှော်ဒေသ မနမှော်မြေပြိုကျမှုတွင် ရေထဲမျောပါပျောက်ဆုံးနေသူများထဲမှ ရုပ်အလောင်း…
Read More » -
16 Augustသတင်း
ယင်းမာပင်မှာ လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်…
Read More » -
16 Augustတိုက်ပွဲ
စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီး ရွှေကူကနေထွက်ခွာပြီး နာရီဝက်အကြာ ရွှေကူရဲစခန်း ဒရုန်းနဲ့ပစ်ခံရ စခန်းမှူးနဲ့ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်
ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကဒ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ ဗန်းမော်ဘက်ကို ဆန်တက်သွားပြီးနောက် နာရီအကြာမှာ ရွှေကူမြို့မရဲစခန်းကို KIA,PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ရဲစခန်းမှူးတစ်ဦးနဲ့ ရဲမေတစ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့သင်္ဘော ၉ စီးဟာ ဩဂုတ်လ ၁၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီလောက်မှာ ဆန်တက်နေချိန် တစ်ဆက်တည်းမှာဘဲ ရွှေကူမြို့မရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ဗုံး ၄ လုံးပစ်ခံရပြီး ရဲစခန်းမှူးတစ်ဦး ဝမ်းဗိုက်ထိမှန်ထားတဲ့အပြင် ရဲမေ တစ်ဦးလည်း ခြေထောက်ထိမှန်သွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံတစ်ဦးက KNG ကိုပြောပါတယ် “သင်္ဘောထွက်ပြီး မကြာဘူး ဒီဘက်ရဲစခန်းလာပစ်ကြပြီ ဒရုန်းနဲ့ ၄ ကြိမ်လာပစ်တယ်။ဒရုန်းနဲ့က ၂ ကြိမ် တစ်ကြိမ်ပစ်ရင် ၂ လုံးလာချတာ ပထမတစ်ကြိမ်တော့ ရဲစခန်းရုံးထဲကျတာ နောက်တစ်ကြိမ်က ရဲစခန်းဝင်းမှာဘဲ ပျူတွေနဲ့စစ်သားတွေနေတဲ့ချိန်ချတာဟုတ်တယ်။ ခုအတွင်းသတင်းအရ စခန်းမှူးဗိုက်ထိထားတယ် ပြောတယ် ရဲမေက ခြေထောက်တဲ့ ဟိုဘက် ပျူတွေနေတဲ့ဘက်ထိခိုက်မှုအခြေနေတော့ စုံစမ်းတုန်း”လို့ပြောပါတယ်။ ရွှေကူမြို့မရဲစခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခနပစ်ခတ်ခံနေရတာကြောင့် ရဲဝန်ထမ်းမိသားစုတွေဟာ ညဘက်တွေမှာ တပ်စခန်းထဲပြောင်းအိပ်နေပြီး ရုံးတက်ချိန်သာ လာရောက်ရုံးတက်နေတာဖြစ်တဲ့အတွက် ရွှေကူရဲစခန်းမှာတော့ ပျူစောထီးတွေနဲ့စစ်သားတွေ ညအိပ်စောင့်ပေးကြတာဖြစ်ပါတယ်။…
Read More »