စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
မဲဆန္ဒရှင်တစ်ချို့ မဲမထည့်ရသေးသော်လည်း မိမိတို့ နာမည် မှတ်ပုံတင်ဖြင့် ကြိုတင်မဲထည့်ထားပြီးဖြစ်ခဲ့သည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာ မဲရုံအမှတ်(၅၀) တွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။ (more…)
ကချင်ပြည်နယ် ချီဖွေမြို့နယ်မဲဆန္ဒနယ်များတွင် မဲပေးရာတွင် မတရားမှုများရှိခဲ့ကြောင်း NLD အမျိုးသားလွှတ်တော်နေရာအတွက်ယှဉ်ပြိုင်ခဲ့သူ ဦးဇောင်းဒိုင်ထံမှ သိရသည်။ (more…)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအားလုံး ပြန်လည်အနိုင်ရရှိထားကြောင်း သက်ဆိုင်ရာဝန်ကြီးများ၏ လူမူကွန်ယက်စာမျက်နှာမှ သိရသည်။ (more…)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁) ကိုယ်စားလှယ်လောင်းနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ထပ်မံအနိုင်ရရှိပြီဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။ (more…)
ကချင်ပြည်နယ် မြစ်ကြီးမြို့နယ်တွင် အသက် ၆၀ ကျော်အထက် ကြိုတင်မဲပေးခွင့်ရရှိသူ ၂သောင်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်သာ လာရောက် ကြိုတင်မဲထည့်ပေးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရပါသည်။ (more…)
မဲပေးရာတွင် တံဆိပ်တုံး၌ UEC စာလုံး သုံးလုံး ပါရှိခြင်း ရှိ/ မရှိ ကြည့်ရူစစ်ဆေးပြီးမှသာ ဆန္ဒမဲပေးရန် နိုဝင်ဘာလ ၆ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။ (more…)
ဒေါ်လုရာမှာ ကချင်ပြည်နယ် မြစ်ဆုံတွင် နေထိုင်ခဲ့သော ဒေသခံပြည်သူ တယောက်ဖြစ်သည်။ မြစ်ဆုံ စီမံကိန်းက သူတို့၏ နေထိုင်စားသောက်မှုဘဝတွေကို ဖျက်ဆီးပစ်ခဲ့သည်။ မူလ နေရပ်တွင် မနေနိုင်ပဲ ပြောင်းရွှေ့နေရာ ချထားသည့် နေရာတွင် နေရသည်။ မိသားစုစားဝတ်နေရေးအတွက် နေရာသစ်တွင် လုပ်ကိုင်စားစရာမရှိ။ (more…)
ယခုရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်တင်မြောက်ခံရလျှင် ဝန်ကြီးချုပ်အဖြစ် ၅နှစ်အတွင်း မလုပ်နိုင်ခဲ့သည့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ မနက် မြစ်ကြီးနား ဧရာရပ်ကွက်တွင် ကြိုတင်မဲသွားပေးစဉ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောဆိုခဲ့သည်။ (more…)
လက်ရှိ ရွေးကောက်ပွဲ အကြိုကာလတွင်ဖြစ်ပေါ်နေသော ရွေးကောက်ပွဲကော်မရှင်၏ အမှားများကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူမူ၊ တာဝန်ခံမူရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်ကို တွေ့ရသည်။ (more…)
Stay at home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် မဲဆွယ်ခဲ့သည့် NLD ပါတီကိုယ်စားလှယ်လောင်း ဦးတင့်စိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်လောင်း က ဆိုသည်။ (more…)