ရွေးကောက်ပွဲဆိုင်ရာသတင်း

ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲအသုံးစာရင်းတင်သွင်းမှု မိုးညှင်းခရိုင်တွင် ၉၀ ရာခိုင်နှုန်းပြီးစီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းသူ ၉၀ ရာခိုင်နူန်း ပြီးစီး ပြီဟု သိရသည်။

မိုးညှင်းခရိုင်အတွင်း မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ် စသည့် မြို့နယ် ၃ခုရှိသည့်အနက် မိုးညှင်းမြို့နယ်တစ်ခုသာ တင်ပြီးပြီဖြစ်ကာ မိုးကောင်းနှင့်ဖားကန့်မြို့နယ်တွင် ကျန်ရှိနေသေးကြောင်း ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးကပြောသည်။

“မိုးညှင်းကတော့ မြို့ပေါ်က လူများတယ်ဆိုတော့ အကုန်အဆင်ပြေတယ် ကျန်တာကတော့ ဖားကန့်နှင့်မိုးကောင်း ပိုကျန်တာပေါ့ ဖားကန့်ရောဂါအခြေနေကြောင့် သွားရလာရတာခက်တယ်။ ဘယ်လိုဘဲခက်ခက် သတ်မှတ်ထားတဲ့ရက်ကမှာတော့ မဖြစ်မနေတင်ရမယ်ဆိုတာကတော့ ကျနော်တို့က နည်းဥပဒေ ၇၇ အရ မဖြစ်မနေ တင်ရမယ့်တာဝန်ရှိပါတယ်။” ဟု ပြောသည်။

ရွေးကောက်ပွဲအသုံးစရိတ်တင်ရန် နောက်ဆုံးသတ်မှတ်ရက်သည် ၁၃ ရက်ဖြစ်ပြီး လက်ရှိချိန်ထိ တင်ပြီးသူ ၆၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်းခရိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၈၉ ဦးရှိသည့်အနက် ရွေးကောက်ပွဲကျင်းပရန်အလိုတွင် UDP မှ ကိုယ်စားလှယ်လောင်း ၁၃ ဦးပြန်လည်ထွက်သွားသည့်အတွက် စုစုပေါင်း ဝင်ရောက်ယှဉ်ပြိုင်သူ ၇၆ ဦးရှိသည်။

” ဒီတစ်ရက်နှစ်ရက်အတွင်းတော့ ပြီးစီးနိုင်မယ်လို့ထင်တယ်။ တစ်ချို့တွေက လာတင်တဲ့ချိန်မှာ သတ်မှတ်ထားတဲ့ ငွေပမာဏကျော်တာတော့ မရှိဘူး။ ဒါပေမယ့် တစ်ချို့ဟာတွေမှာနည်းဥပဒေနဲ့မညီတဲ့အတွက် လွှဲနေတဲ့ဟာမျိုးရှိမယ်။ ဥပမာ ငွေစာရင်းခေါင်းစဉ်တွေ လွှွဲမှားနေတာမျိုးရှိတဲ့ဟာက ပြန်တည့်ပေးရတဲ့ဟာမျိုးတွေတော့ ရှိတယ်။ တစ်ချို့ကျတော့ ရုံးပိတ်ရက်တွေဆိုတော့ တရားရုံးမှာ ကျမ်းကျိန်တဲ့အခက်ခဲလေးတွေကြောင်း လာမတင်နိုင်သေးတာတွေရှိပါတယ်။” ဟု ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက ပြောသည်။

မိုးညှင်းခရိုင်တွင် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်ဦးရေ ၈၄ ဦးရှိခဲ့ပြီး ရွေးကောက်ပွဲ ငွေစာရင်း မတင်ပြနိုင်သူ မရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းတွေက မိမိနဲ့သက်ဆိုင်တဲ့ ခရိုင်တွေမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့အပြီးတင်ရမှာ အဲထက်ကျော်လွန်ရင်တော့ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမယ်။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဦးထွန်းအောင်ခိုင်ကဆိုသည်။

ကချင်ပြည်နယ်တွင် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၁၇ပါတီမှ ကိုယ်စားလှယ်လောင်း ၅၀၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Show More

Related Articles

Back to top button