ရွေးကောက်ပွဲဆိုင်ရာသတင်း

ဗန်းမော်ခရိုင် ရွေးကောက်ပွဲအသုံးစရိတ်မတင်သော ကိုယ်စားလှယ် ၂ ဦးကို အရည်အချင်းပျက်ယွင်းသူစာရင်းထည့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ရွေးကောက်ပွဲအသုံးစရိတ်မတင်နိုင်သည့် ကိုယ်စားလှယ် ၂ ဦး ရှိကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

အဆိုပါ ကိုယ်စားလှယ် ၂ဦးမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ(KSPP) ပါတီ မံစီမြို့နယ် အမှတ် ၁ နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်သော ဦးဒွဲလာနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီSNDP မိုးမောက်မြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးဇော်ထွန်း တို့ နှစ်ဦးဖြစ်ကြောင်း ဗန်းမော်ရွေးကောက်ပွဲကော်မရှင်ဦးကျော်သိန်းက ပြောသည်။

“ဗန်းမော်ခရိုင်တစ်ခုလုံးမှ ရွေးကောက်ပွဲအသုံးစရိတင်ရမယ့် ကိုယ်စားလှယ်လောင်း ဦးရေက ၉၈ ဦးရှိတယ်။ အဲထဲမှ ၉၆ ဦးက တင်ပြီးပြီ ကျန်တဲ့ ၂ဦးက ကျနော်တို့အနေနဲ့လည်း တတ်နိုင်သလောက် ဆက်သွယ်ပြီးပြီ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး။ သူတို့အနေနဲ့လည်း ဆက်သွယ်လာတာမျိုးလည်း မရှိတော့ ကျန်သွားတယ်။ အဲတော့ ကျနော်တို့က အဲ နှစ်ယောက်ကိုတော့ အရည်အချင်းပျက်ယွင်းသူအဖြစ် ထည့်သွင်းကြေညာဖို့ ပြည်နယ်ကော်မရှင် UEC မှာ စာထည့်လိုက်ပြီ။” ဟု ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဦးကျော်သိန်းက ပြောသည်။

ရွေးကောက်ပွဲအသုံးစရိတ်တင်ရန် နောက်ဆုံးသတ်မှတ်ခဲ့သည့်ရက်သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ထိဖြစ်သည်။

ဗန်းမော်ခရိုင်တွင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ခရိုင်တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၂၃ ဦးရှိသည့်အနက် ရွေးကောက်ပွဲအသုံးစရိတ်တင်နိုင်ခြင်းမရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

“ဒီ ၂၀၂၀ရွေးကောက်ပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့နိူင်းယှဉ်လိုက်ရင်တော့ ရွေးကောက်ပွဲ အသုံးစရိတ်မတင်နိုင်တဲ့သူက နည်းသွားတယ်လို့ပြောလို့ရပါတယ်။ အားလုံးလွှမ်းခြုံသလောက်ရှိတယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့ဘက်က စာလည်းထုတ်ပေးခဲ့တယ် ဖုန်းနဲ့လည်း ဆက်သွယ်ပြီးအကြောင်းကြားတာမျိုး သတိပေးနေတာမျိုးလည်း လုပ်တဲ့ချိန်ကျတော့ ရာခိုင်နူန်းအားဖြင့်တော့ ၉၅ ရာခိုင်နူန်းလောက်တင်တယ်လို့ ပြောလို့ရတယ်။”လို့ ရွေးကောက်ပွဲအရာရှိ ဦးကျော်သိန်းက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအသုံးစရိတ်လာရောက်တင်သူများသည် သတ်မှတ်ထားသည့် ငွေပမာဏကျော်လွန်ကာ တင်သူများမရှိကြောင်း ခရိုင်ကော်မရှင်ရုံးမှ သိရသည်။

ဗန်းမော်ခရိုင်တွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှွတ်တော်နေရာတွင် ၃၀ ဦး၊အမျိုးသားနေရာတွင် ၂၃ဦးနှင့် ပြည်နယ်လွှတ်တော်နေရာတွင် ၆၀ ဦး၊ တစ်ဦးပုဂ္ဂ ၂ဦးရှိကာ ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၁၃ ဦးရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

Show More

Related Articles

Back to top button