တိုက်ပွဲ
-
Oct- 2023 -4 October
အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ကြား ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF ကနေ သိရပါတယ်။ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စစ် အင်အားအများအပြားနဲ့ အောက်တိုဘာ ၃ ရက်နေ့ကတည်းက အင်းတော်နယ်ထဲကိုဝင်လာတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၄ရက်နေ့…
Read More » -
2 October
ကျောက်ကြီးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကို မြို့လှ PDF တပ်ဖွဲ့က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ရွှေကူမြို့အောက်ဘက် ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတွေပူးပေါင်းတပ်ထိုင်နေတဲ့ ကျောက်ကြီးရဲ စခန်းကို အောက်တိုဘာ ၁ ရက်နေ့ ည ၈နာရီ…
Read More » -
2 October
ဖားကန့်မှာ တစ်လအတွင်း စစ်ကောင်စီတပ်စခန်းနေရာ ၅ ကြိမ်ထက် မနည်းတိုက်ခိုက်ခံရ
ဖားကန့်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဲကင်းနဲ့စစ်တပ်ဂိတ်စခန်း နေရာတစ်ချို့မှာ ၅ ကြိမ်ထက် မနည်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က စရဖအရာရှိ ၂ ဦးနဲ့ စစ်ဗိုလ်တစ်ဦး တပ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေကပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ ပန်းတင်တံတားမှာအထိုင်ချထားတဲ့ စစ်တပ်ဂိတ်ကိုတစ်ကြိမ်၊…
Read More » -
2 October
KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်
တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာတစ်ကြိမ်၊ ၉ နာရီမှာတစ်ကြိမ်၊ ၉ နာရီခွဲလောက်မှာ တစ်ကြိမ် ၃ ကြိမ်တိတိ လာရောက်ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ KNG ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက် KNG ကိုပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျနော်တို့ဘက်နေ အရင်သွားတိုက်ခိုက်ခဲ့တာ။ ပြီးရင် ဒရုန်းနဲ့လည်း ဗုံးသွားချပေးတယ်။ အဲဒီအောင်ဂျာနဲ့ မဒီးယန်မှာ ပိတ်ဆို့နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တော်တော် ထိပုံရတယ်။ အဲဒါကြောင့် KIA တွေရှိတဲ့ဘက်ကို လေကြောင်းနဲ့လာတိုက်နေတာ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ လိုင်လွမ့်အောင်ဂျာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အထက်မှာရှိတဲ့ တပ်စခန်းတစ်နေရာမှာ ထပ်မံပုန်းခိုနေတာကြောင့် အဲဒီနေရာကို KIA က ပိတ်ဆို့ပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လာရောက်ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ခရာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ဟန်းဂိုင်ဘွမ် စတဲ့ စစ်တပ်နေရာတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီဘက်ကနေ ဗုံးကျဲတိုက်ခိုက်နေတဲ့အပြင် ၂ ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ KIA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ဒါ့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမောက်မြို့နယ် နွမ်လန့်ရွာအထက် ပန်ဆပ်ရွာဟောင်း အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယနေ့ တစ်ရက်ထဲမှာပဲ ၂ နေရာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ ၄ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။
Read More » -
2 October
SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင်…
Read More » -
2 October
ရှဒူးဇွပ် ကနွယ်တူ KIA တပ်စခန်း တိုက်ခိုက်ခံရ
တနိုင်းလီဒိုလမ်းမ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ၊ ချောင်းဆုံမှော်အနီး ကနွယ်တူ KIA တပ်စခန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA စစ်သား ၈ ယောက်လောက် နေထိုင်တဲ့ ကနွယ်တူတပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပြည်သူ့စစ်အဖွဲ့တွေလာတိုက်တာမှန်ပါတယ်။ အရမ်းကြီးထိခိုက်တာမျိုးတော့မရှိပါဘူး။ အဲ့မှာက နဂိုထဲကနေ စစ်သားအင်အားတွေလည်း…
Read More » -
2 October
အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်
စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အရာတော်မြို့ ခြေတော်ရာဘုရားနားက ၅၀၀၄ တပ်ရင်း၊ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA က သတင်းထုတ်ပြန်ထားပါတယ်။ “စစ်ကောင်စီအဖွဲ့ နေ့စဥ် ဆပ်ကြေးကောက်နေတဲ့နေရာကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းက သွားရောက် ပစ်ခတ်ခဲ့တာပါ။ အူဇီသေနတ်နှစ်လက်၊…
Read More » -
2 October
စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ရှန်းထုန်းဘွမ့် (Shang Htung Bum) တပ်စခန်းကနေ နွမ်လန့်ဘက်ကို စစ်ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ ရှန်းထုန်းဘွမ့်ကနေ…
Read More » -
Sep- 2023 -26 September
နမ့်ဖတ်ကာမှာ စစ်တပ် နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေ
နမ့်ဖတ်ကာမှာ စစ်တပ်နဲ့ တအောင်းတပ်မတော် TNLA တပ်တို့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေလို့ စာသင်ကျောင်းနဲ့စျေးတွေအားလုံး ပိတ်ထားရပြီး ဒေသခံတွေအတွက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ဒီမနက် ၁၁ နာရီခန့် နမ့်ဖတ်ကာမှာအထိုင်ချနေတဲ့ ခလရ ၁၂၃ တပ် ကို TNLA ဘက်က လက်နက်ကြီးနဲ့ တပ်စခန်းအတွင်းထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…
Read More » -
25 September
KIA က တပ်စခန်း သိမ်းပိုက်လိုက်တဲ့ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲပြင်းထန်နေဆဲ
KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ(Lailum Aungja)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ စခန်းတစ်ခုသိမ်းပိုက်လိုက်တဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ၁ ပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာမှာ စစ်ကောင်စီတပ်စခန်း ၃ နေရာလောက်ရှိတဲ့ထဲက ဟဲလုံတပ်စခန်းကို KIA က သိမ်းပိုက်လိုက်တာဖြစ်ပြီး အဲဒီ ဟဲလုံတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟဲလုံအထက်မှာရှိတဲ့…
Read More »









