တိုက်ပွဲ

  • Oct- 2023 -
    10 October

    လိုင်ဇာမြို့အနီး ဗုံးကျဲခံရမှုမှာ အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိ

    KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ မုန်လိုင်ခက်ဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီအချိန် စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်နေ စစ်တပ်သုံးလေယာဉ်နဲ့…

    Read More »
  • 5 October

    စစ်ကောင်စီတပ်ဟာ ခိုမုန်းရွာသားတွေကို စစ်ရိက္ခာ‌ပို့ခိုင်းနေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအထက် မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ခိုမုန်းရွာသားတွေကို အသုံချပြီး ပစ္စည်းရိက္ခာများ၊ သောက်ရေများ ပို့ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ခိုမုန်းတောင်ကုန်းတစ်ကြော စစ်ကောင်စီစစ်ကြောင်းတွေ နေရာယူနေပြီ။ အခုသူတို့က အဲ့ဒီနေရာမှာ…

    Read More »
  • 4 October

    ကောလင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကိုဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး သေနတ်တစ်လက်နဲ့ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ အောက်တိုဘာ ၃ရက်နေ့ မနေ့က နေ့လည် ၂နာရီလောက်မှာ ကောလင်းမြို့ပေါ် ကောလင်းဘူတာမီးရထားရပ်ကွက်မှာ ကင်းယူနေတဲ့စစ်ကောင်စီအဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “ဝန်းသို ပကဖ အဖွဲ့တွေ သွားပစ်တယ်လို့သိရတယ် မြို့လည်ပဲဗျ ရဲစခန်းနဲ့…

    Read More »
  • 4 October

    အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား

    စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ကြား ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF ကနေ သိရပါတယ်။ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စစ် အင်အားအများအပြားနဲ့ အောက်တိုဘာ ၃ ရက်နေ့ကတည်းက အင်းတော်နယ်ထဲကိုဝင်လာတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၄ရက်နေ့…

    Read More »
  • 2 October
    ကျောက်ကြီးရဲစခန်း

    ကျောက်ကြီးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကို မြို့လှ PDF တပ်ဖွဲ့က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ရွှေကူမြို့အောက်ဘက် ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတွေပူးပေါင်းတပ်ထိုင်နေတဲ့ ကျောက်ကြီးရဲ စခန်းကို အောက်တိုဘာ ၁ ရက်နေ့ ည ၈နာရီ…

    Read More »
  • 2 October

    ဖားကန့်မှာ တစ်လအတွင်း စစ်ကောင်စီတပ်စခန်းနေရာ ၅ ကြိမ်ထက် မနည်းတိုက်ခိုက်ခံရ

    ဖားကန့်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဲကင်းနဲ့စစ်တပ်ဂိတ်စခန်း နေရာတစ်ချို့မှာ ၅ ကြိမ်ထက် မနည်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က စရဖအရာရှိ ၂ ဦးနဲ့ စစ်ဗိုလ်တစ်ဦး တပ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေကပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ ပန်းတင်တံတားမှာအထိုင်ချထားတဲ့ စစ်တပ်ဂိတ်ကိုတစ်ကြိမ်၊…

    Read More »
  • 2 October

    KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်

    တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာတစ်ကြိမ်၊ ၉ နာရီမှာတစ်ကြိမ်၊ ၉ နာရီခွဲလောက်မှာ တစ်ကြိမ် ၃ ကြိမ်တိတိ လာရောက်ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ KNG ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက် KNG ကိုပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျနော်တို့ဘက်နေ အရင်သွားတိုက်ခိုက်ခဲ့တာ။ ပြီးရင် ဒရုန်းနဲ့လည်း ဗုံးသွားချပေးတယ်။ အဲဒီအောင်ဂျာနဲ့ မဒီးယန်မှာ ပိတ်ဆို့နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တော်တော် ထိပုံရတယ်။ အဲဒါကြောင့် KIA တွေရှိတဲ့ဘက်ကို လေကြောင်းနဲ့လာတိုက်နေတာ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ လိုင်လွမ့်အောင်ဂျာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အထက်မှာရှိတဲ့ တပ်စခန်းတစ်နေရာမှာ ထပ်မံပုန်းခိုနေတာကြောင့် အဲဒီနေရာကို KIA က ပိတ်ဆို့ပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လာရောက်ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ခရာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ဟန်းဂိုင်ဘွမ် စတဲ့ စစ်တပ်နေရာတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီဘက်ကနေ ဗုံးကျဲတိုက်ခိုက်နေတဲ့အပြင် ၂ ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ KIA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ဒါ့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမောက်မြို့နယ် နွမ်လန့်ရွာအထက် ပန်ဆပ်ရွာဟောင်း အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယနေ့ တစ်ရက်ထဲမှာပဲ ၂ နေရာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ ၄ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

    Read More »
  • 2 October

    SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင်…

    Read More »
  • 2 October

    ရှဒူးဇွပ် ကနွယ်တူ KIA တပ်စခန်း တိုက်ခိုက်ခံရ

    တနိုင်းလီဒိုလမ်းမ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ၊ ချောင်းဆုံမှော်အနီး ကနွယ်တူ KIA တပ်စခန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ KIA စစ်သား ၈ ယောက်လောက် နေထိုင်တဲ့ ကနွယ်တူတပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပြည်သူ့စစ်အဖွဲ့တွေလာတိုက်တာမှန်ပါတယ်။ အရမ်းကြီးထိခိုက်တာမျိုးတော့မရှိပါဘူး။ အဲ့မှာက နဂိုထဲကနေ စစ်သားအင်အားတွေလည်း…

    Read More »
  • 2 October

    အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်

    စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အရာတော်မြို့ ခြေတော်ရာဘုရားနားက ၅၀၀၄ တပ်ရင်း၊ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA က သတင်းထုတ်ပြန်ထားပါတယ်။ “စစ်ကောင်စီအဖွဲ့ နေ့စဥ် ဆပ်ကြေးကောက်နေတဲ့နေရာကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းက သွားရောက် ပစ်ခတ်ခဲ့တာပါ။ အူဇီသေနတ်နှစ်လက်၊…

    Read More »
Back to top button