တိုက်ပွဲ
-
Oct- 2023 -19 October
ဝိန်းလားတောင် စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက် မုံးပေါ် နဲ့ မုံးကိုးတရုတ်နယ်စပ်ကြား အချက်အချာကျတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအရှင်ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ KIA ရှေ့တန်းရင်းမြစ်ကနေ သိရပါတယ်။ မူဆယ်မြို့နယ် မုံးပေါ် – ဝိန်းဆိုင်ကျေးရွာအထက် မုံးယားသွားလမ်းပေါ်က ဝိန်းလားတောင်ကုန်းမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်း တပ်မ…
Read More » -
19 October
ရွှေကူ စစ်ကောင်စီတပ် ဆက်သွယ်ရေးကုန်းအထိုင်စခန်း အလစ်ငိုက်တိုက်ခိုက်ခံရလို့ အထိနာခဲ့
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေ၊ ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာ ခမရ ၆၀၂ အထိုင်တပ်စခန်းကို KIA ၊ PDF တပ်ဖွဲ့တွေ အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိနာခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့အပြင် တပ်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အဲဒီဆက်သွယ်ရေးအထိုင်ဂိတ်စခန်းဟာ ရွှေကူမြို့ ငဘတ်ကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းအရှေ့ဘက်မှာ တည်ရှိပြီး ရွှေကူအခြေစိုက်…
Read More » -
19 October
ရှမ်းမြောက် မုံးပေါ် ဝိန်းလားတောင်တပ်စခန်းကို KIA သွားရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် မုံးပေါ် အနီး ဝိန်းလားတောင်(Wingla Bum)က စစ်ကောင်စီတပ်စခန်းကို KIA သွားရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်။ အောက်တိုဘာ ၁၉ ယနေ့နံနက် ၆ နာရီကစပြီး ဝိန်းလားတောင်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ…
Read More » -
18 October
ရွှေကူ ငဘတ်ကြီး စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ ၆၀၂ တပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။ ရွှေကူမြို့နဲ့ တစ်မိုင်ကျော်လောက် အကွာမှာရှိတဲ့ (ဒေသအခေါ်) ငဘတ်ကြီး စစ်တပ်ကုန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ…
Read More » -
17 October
ခင်ဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့ မနက်ပိုင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဆေးရုံကနေစစ်ကောင်စီတပ်သား တစ်ချို့ ရေဦး–…
Read More » -
17 October
KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA အထက်တန်းအရာရှိတစ်ချို့သေဆုံး
ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) နေရာတွေကို ဂျက်လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုမှာ KIA ထိပ်တန်းအရာရှိတစ်ချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲပိုင်း ၄ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က မြစ်ကြီးနားလေတပ်ကစခန်းကနေ KIA တပ်မဟာ ၉ နေရာဘက်ကို ဂျက်ဖိုက်တာ ၃…
Read More » -
14 October
ခလားနဲ့ ဒိန်ဂါကြားမှာ စစ်ရိက္ခာသယ်ယာဉ်တန်းကို လုံခြုံရေးယူတဲ့ စစ်ကြောင်း နဲ့ KIA တပ် တိုက်ပွဲဖြစ်
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီး ခလားနဲ့ ဒိန်ဂါ ကျေးရွာ ၂ ခုကြားမှာ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းထွက်ခွာဖို့ရန်အတွက် လုံခြုံရေးဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ မနက်ပိုင်း…
Read More » -
14 October
မအူပင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေ
ဖားကန့်သွားလမ်း ကားမိုင်းအထွက် မအူပင်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ မနက် ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ နန့်ယားစစ်တပ်ကုန်းကနေ ခြေလျင်နဲ့…
Read More » -
13 October
ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အင်အား ၁၆၀ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား…
Read More » -
11 October
အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်–ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော်(ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်တို့ဟာ အောက်တိုဘာ ၈ရက်နေ့ မနက်ပိုင်းကနေစပြီး မနေ့က အောက်တိုဘာ…
Read More »









