တိုက်ပွဲ
-
Jul- 2023 -13 July
ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား
စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြားမနေ့ကဇူလိုင်လ၁၂ရက်နေ့ နေ့လည်ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့၅ရက် လောက်တည်း ကဦးတည်လှုပ်ရှားနေတာ မနေ့ကကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့…
Read More » -
13 July
ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား ဒီကနေ့မနက်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကနေ ဇူလိုင်လ ၄ ရက်နေ့ကစပြီး နမ်ဆန်ယန်ဘက်ကို တောက်လျှောက် စစ်ကြောင်းထိုးနေတဲ့အတွက် KIA ဘက်က စောင့်ကြိုတိုက်ခိုက်ရာကနေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတာယ်။ “ ဒီနေ့ဖြစ်တဲ့အဖွဲ့က အောင်ဂျာမှာအင်အားထပ်ဖြည့်ဖို့တက်လာတာ အောင်ဂျာကနေဆို ဒီဘက်သိပ်မဝေးတော့ဘူးလေ…
Read More » -
12 July
ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး
ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး ကားမိုင်း၊လဝါးလမ်း အင်ဘရော့် လမ်းဆုံမှာ စစ်တပ်နဲ့ KIA ကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားနေချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ကားမိုင်းဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက် ၁ နာရီလောက်ကြာတယ် အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ အဲ့တာနဲ့ ကားမိုင်းက ပြည်သူတစ်ယောက်ဆိုင်ကယ်လာတာ တိုက်ပွဲဖြစ်နေစဉ်ဖြတ်လာလို့ လက်နက် ထိပြီးသေသွားတယ်”လို့ ပြောပါတယ်။…
Read More » -
12 July
ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ
ရှမ်းမြောက်၊ ကွတ်ခိုက်မြို့အနီး စစ်ကောင်စီယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကွတ်ခိုင်ကနေ မူဆယ်ဘက်သို့ ဦးတည်လာတဲ့ စစ်ကောင်စီအင်အား ၈၀ လောက်နဲ့ စစ်ရိက္ခာလက်နက်ပစ္စည်းတွေတင်ထားတဲ့ ကား ၃ စီး ဇူလိုင် ၁၁ မနေ့ညနေ ၂ နာရီခွဲခန့် နမ်ဖတ်ကာအနီး ဖာခစ်ကျေးရွာ( Hpahkik) နားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် တပ်မဟာ ၄ တပ်ရင်း ၆ ကြားဖြတ်ခိုက်ခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ “သေဆုံးမှုရှိမရှိတော့မသိဘူး။ ကားတစ်စီးတော့ထိသွားတာ လူနာတင်ကားရောက်လာပြီး ကွတ်ခိုင်ဆေးရုံကို တင်သွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွတ်ခိုင်ကနေ…
Read More » -
12 July
ဂျာပူရွာနားမှာ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ
နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဂတ်မိုင်ယန်(Gat Mai Yang) နဲ့ ဂျာပူကျေးရွာကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ရွှေညောင်ပင်စစ်တပ်ဂိတ်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၈ နာရီလောက်မှာ ဂျာပူကျေးရွာအနီးမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေပြောပါတယ်။ “ပြီးခဲ့တဲ့ရက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကနေ စစ်ကြောင်း ရွှေညောင်ပင်ထိရောက်ထားတယ်။ စစ်အင်အားဘယ်လောက်လဲတော့မသိဘူး။ အဲ့ကနေဆက်ချီတက်လာပုံရတယ်။ အခုဂျာပူနဲ့ ဂတ်မိုင်ယန်ကြားမှာ အတကုန်ပစ်နေကြတယ်။ ဒီမနက် ၈ နာရီကနေ စကြားပြီ။ ခုထိ လက်နက်ကြီးတွေနဲ့…
Read More » -
12 July
ဗန်းမောက်ဘက်သို့တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အင်းတော် PDF ကစောင့်ကြိုတိုက်ခိုက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မော်တိတ်ဒေသအနီးမှာ အင်းတော် PDF စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကြောင်းဟာ မော်တိတ်ဒေသထဲ ဇူလိုင်လ…
Read More » -
11 July
အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ ဇူလိုင် ၁၀ရက်နေ့ မနေ့ကမနက်ပိုင်း၄နာရီလောက်မှာ မြင်းမူကနေအင်အား၁၀၀ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နယ်ထဲကကျေးရွာတွေကိုဝင်ရောက်တပ်စွဲခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ Danger Force LPDFမှတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “မြင်းမူနဲ့အရာတော်နဲ့အစပ်မှာဖြစ်နေတာ မနေ့ကမနက်ခင်းအစောကြီးရောက်တာ မနေ့ကတော့ထိတွေ့ မူ၄ကြိမ်ဖြစ်တယ်။ သူတို့ကရွာ ၃ရွာမှာဖြန့်ပြီးအထိုင်ချထားတာတိုက်ပွဲကဒီနေ့လည်းဖြစ်နေတာ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်အခြေနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး”လို့ပြောပါတယ်။…
Read More » -
10 July
ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုအရင်း ရှဒူးဇွပ် တိုက်ပွဲမှာ သေဆုံး
တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာ တိုက်ပွဲမှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်ရဲ့ အစ်ကိုယ်အရင်း ဖြစ်သူ လက်နက်ကြီးထိမှန်ပြီးတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူကတော့ အသက် ၄၀ နှစ်အရွယ် ကိုအငယ်လေးဆိုသူဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအဝင် တံတားအကျော် ကုန်းထိပ်နေရာမှာ တပ်ချထားတဲ့ ပြည်သူ့စစ် ဂိတ်စခန်းရဲ့ တာဝန်ခံတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ “မင်းဇေသန့်ရဲ့ အစ်ကိုယ်ဖြစ်သူ အငယ်လေးက တံတားထိပ်က…
Read More » -
8 July
ရှဒူးဇွပ်တိုက်ပွဲတွင် KIA ဘက်မှ ၃ ဦး ၊ ပြည်သူ့စစ်ဘက်မှ ၅ ဦး၊ ပြည်သူ ၁ ဦး သေဆုံး
တနိုင်းသွားလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်ဇေသန့် ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြား ယနေ့ နံနက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ယနေ့ နံနက် နာရီမှ ၈ နာရီကျော်အထိ စုစုပေါင်း ၅ နာရီကြာဖြစ်ပွားခဲ့သောတိုက်ပွဲတွင် KIA ဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ရှဒူးဇွပ်ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “အခုသိရသလောက်က KIA ဘက်က…
Read More » -
6 July
ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်ရေယာဉ်ပစ်ခတ်ခံရ၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်လိုက်အတွက်ပြည်သူ ၂ဦးကျည်ထိမှန်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ ဘိုကုန်းနဲ့ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေကရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာ…
Read More »









