တိုက်ပွဲ

  • Aug- 2023 -
    17 August

    ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ

    ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၁၇ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ ခုလည်း ပစ်နေကြတုန်း။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။”  လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခိုင်တံတား စစ်တပ်ဂိတ်နား စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အားထက်ဝက်လောက်က ၀ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ်ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက်က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေအနေပေါ့” ဟု ၎င်းကဆက်ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၂၀၀ လောက်နဲ့ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းအပါအဝင် ကုန်ကား ၁၂ ဘီးကားတွေမှာလည်းတစ်ချို့လိုက်ပါစီးနင်း ပြီး  ချီတက်နေတယ်လို့…

    Read More »
  • 16 August

    စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီး ရွှေကူကနေထွက်ခွာပြီး နာရီဝက်အကြာ ရွှေကူရဲစခန်း ဒရုန်းနဲ့ပစ်ခံရ စခန်းမှူးနဲ့ရဲမေတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်

    ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကဒ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ ဗန်းမော်ဘက်ကို ဆန်တက်သွားပြီးနောက် နာရီအကြာမှာ ရွှေကူမြို့မရဲစခန်းကို KIA,PDF တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ရဲစခန်းမှူးတစ်ဦးနဲ့ ရဲမေတစ် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့သင်္ဘော ၉ စီးဟာ ဩဂုတ်လ ၁၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီလောက်မှာ ဆန်တက်နေချိန် တစ်ဆက်တည်းမှာဘဲ ရွှေကူမြို့မရဲစခန်း ဒရုန်းနဲ့ ၂ ကြိမ် ဗုံး ၄ လုံးပစ်ခံရပြီး ရဲစခန်းမှူးတစ်ဦး ဝမ်းဗိုက်ထိမှန်ထားတဲ့အပြင် ရဲမေ တစ်ဦးလည်း ခြေထောက်ထိမှန်သွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံတစ်ဦးက KNG ကိုပြောပါတယ် “သင်္ဘောထွက်ပြီး မကြာဘူး ဒီဘက်ရဲစခန်းလာပစ်ကြပြီ ဒရုန်းနဲ့ ၄ ကြိမ်လာပစ်တယ်။ဒရုန်းနဲ့က ၂ ကြိမ် တစ်ကြိမ်ပစ်ရင် ၂ လုံးလာချတာ ပထမတစ်ကြိမ်တော့ ရဲစခန်းရုံးထဲကျတာ နောက်တစ်ကြိမ်က ရဲစခန်းဝင်းမှာဘဲ ပျူတွေနဲ့စစ်သားတွေနေတဲ့ချိန်ချတာဟုတ်တယ်။ ခုအတွင်းသတင်းအရ စခန်းမှူးဗိုက်ထိထားတယ် ပြောတယ် ရဲမေက ခြေထောက်တဲ့ ဟိုဘက် ပျူတွေနေတဲ့ဘက်ထိခိုက်မှုအခြေနေတော့ စုံစမ်းတုန်း”လို့ပြောပါတယ်။ ရွှေကူမြို့မရဲစခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခနပစ်ခတ်ခံနေရတာကြောင့် ရဲဝန်ထမ်းမိသားစုတွေဟာ ညဘက်တွေမှာ တပ်စခန်းထဲပြောင်းအိပ်နေပြီး ရုံးတက်ချိန်သာ လာရောက်ရုံးတက်နေတာဖြစ်တဲ့အတွက် ရွှေကူရဲစခန်းမှာတော့ ပျူစောထီးတွေနဲ့စစ်သားတွေ ညအိပ်စောင့်ပေးကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲ့စခန်းဝင်းထဲမှာ ညအိပ်စောင့်ပေးတဲ့ စစ်သားတွေနဲ့ ပျူအဖွဲ့လည်းရှိနေတာကို သိရှိထားတဲ့ ကာကွယ်ရေးတပ်တွေဟာ ရဲစခန်းဝင်းထဲမှာဘဲ ၂ နေရာလာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အလားတူ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ရွှေကူကနေ ထွက်ခွာချိန် ရွှေကူထဲမှာ ခုရက်ပိုင်းဖမ်းဆီးထားတဲ့အရပ်သားတွေနဲ့အတူ အရင်ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ကျဉ်းသားအပါအဝင် စုစုပေါင်းအရပ်သား ၃၀ ကျော်ကိုလည်း စစ်သင်္ဘောထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်လို့လည်း မျက်မြင်တွေ့တဲ့ရွှေကူ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဟိုအရင်ကတည်းက ဖမ်းထားတဲ့ ရွှေကူမြို့ထဲက စိုးနိုင်ကြွယ်ကုန်စုံဆိုင်ပိုင်ရှင်လည်းပါတယ် ဖမ်းခေါ်သွားတဲ့ထဲမှာ သင်္ဘောပေါ်တက်တဲ့ချိန် လက်နောက်ပြန်ကြိုးချည်ပြီး ခေါ်သွားကြတာ အယောက် ၃၀ ကျော်တော့ ရှိမယ် ခုရက်ပိုင်း ပြန်ဖမ်းထားတဲ့ဟာတွေရောဆို”လို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ခံသွားရသူတွေဟာ နိုင်ကျဉ်းသားတစ်ချို့အပါအဝင်ဩဂုတ်လ ၈ ရက်နေ့ ဧရာဝတီမြစ်ကမ်းနံဘေးက ရွှေကူလေး၊ရွှေဘုံသာ၊ငပေါက်ဝရွာက လိုက်လံဖမ်းဆီးထားတဲ့ ဒေသခံအများဆုံးပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် အဲဒီသင်္ဘော ၉ စီးဟာ ဝဲမရွာနဲ့ ဇင်းဘုံရွာကြားမှာ KIA တပ်ရင်း ၅ နဲ့ ၁၂ အဖွဲ့နဲ့ ရွှေကူ ကာကွယ်ရေးတပ်တွေက ၁၀၇ မမ ၁၀ ချက်ထက်မနည်း လက်နက်ကြီးတွေနဲ့ကြားဖြတ် ပစ်ခတ်တိုက်ခိုက်တာခံလိုက်ရပြီး သင်္ဘောတစ်စီးထိမှန်သွားတယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက အတည်ပြုပြော ဆိုပါတယ်။ “သင်္ဘောတွေ ၉ စီးလုံးတက်လာပြီလေ အဲတာကို မနက် ၁၁ နာရီလောက်မှာ ဒီဘက်က KIA,PDF ပူးပေါင်းတပ်တွေက ဇင်းဘုံနားမှာ လက်နက်ကြီးနဲ့လှမ်းထုတာ သင်္ဘောတစ်စီးပျက်သွားတယ်။ အဲဒီသင်္ဘောကို ကြိုးနဲ့တွဲပြီး တက်သွားနေပြီ”လို့ ရွှေကူ ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၉ စီးဆက်လက်ဆန်တက်နေပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းကနေပါ ဂျက်ဖိုက်တာ တစ်စီး စစ်ရဟတ်ယဉ်တစ်စီးနဲ့ မကြာခနကင်းထောက်ပေးနေတယ်လို့လည်း သိရပါတယ်။ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်တွေရဲ့ သင်္ဘောပစ်ခတ်ခံနေရသလို ရွှေကူမမြို့မရဲစခန်းလည်း ဒရုန်းနဲ့ဗုံးကြဲခံရတာကြောင့် လက်ရှိရွှေကူမြို့နယ် ရဲစခန်းဘက်လမ်းတွေမှာ လမ်းတွေပိတ်ထားပြီး စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့လာရောက်ကင်းထောက်နေကြောင်း ရွှေကူကာကွယ်ရေးတပ်နဲ့နီးစပ်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရဲစခန်းကိုလာတိုက်တာ KIA နဲ့မြို့လှ PDF အဖွဲ့ ပြီးတော့ သင်္ဘောကြားဖြတ်ပစ်တာက KIAနဲ့ ရွှေကူ PDF တွေဟုတ်တယ် ဒီနေ့အဖို့တော့ ရဲစခန်းမှာလည်းတိတ်နေတာဘဲ”လို့ ပြောပါတယ်။ ဗန်းမော်ဘက်ကို  ဆက်လက်ဆန်တက်နေတဲ့စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီးမှာ စစ်လက်နက်ရိက္ခာတင်တဲ့သင်္ဘော ၇ စီးပါဝင်ပြီး စစ်အင်အား တင်ဆောင်ထားတဲ့သင်္ဘော ၂ စီးဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအထက်ပိုင်းကို စစ်အင်အား၊စစ်လက်နက်ရိက္ခာတွေပို့ဆောင်ရာမှာ ကုန်းကြောင်းကနေတိုက်ခိုက်ခံရမှုမှာအထိနာနေတဲ့အတွက် ရေကြောင်းကို သွင်သွင်ကျယ်ကျယ်အသုံးပြုနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် သင်္ဘောဆန်တက်ချိန်တိုင်း မြစ်ကမ်းဘေးတစ်လျှောက်မှာနေထိုင်နေတဲ့ အရပ်သားပြည်သူတွေဟာ စစ်တပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့်ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိစစ်ကောင်စီတပ်ရဲ့သင်္ဘောဆန်တက်နေတဲ့အတွက် ရွှေကူနယ်တစ်ဝိုက်မှာတော့ ရွာပေါင်း ၁၀ ရွာက ပြည်သူ ရာနဲ့ချီထွက်ပြေးနေရဆဲလည်းဖြစ်ပါတယ်။

    Read More »
  • 15 August

    အင်းတော်မြို့တွင်း စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး ၂ ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးဟာ ကသာဘက်ကို မွေးနေ့ပွဲသွားပြီးအပြန်  အင်းတော်အထွက်သံလမ်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အသက် ၂၀ ကျော်အရွယ်ကောင်မလေးတွေပဲဟုတ်တယ်သူတို့က ကသာကို မွေးနေ့ပွဲသွားတာကသာကနေအပြန်အင်းတော်မြို့ထဲက ပညာရေးမှူးရုံးရှေ့မှာဖမ်းခံလိုက်ရတာ”လို့ သူကပြောပါတယ်။…

    Read More »
  • 14 August

    စစ်ကောင်စီအရာရှိတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ယာဥ်တန်း အင်းတော်နယ်မှာတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကနေ အင်းတော်မြို့ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး အင်းတော်နယ်အဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလိုစစ်ကောင်စီတပ်ဘက်က အထိအခိုက်လည်းများတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ အဲဒီစစ်ကား ၂ စီးမှာ စစ်ကောင်စီတပ်အရာရှိအချို့နှင့် လက်နက် ခဲယမ်းတွေတင်လာတာဖြစ်ပြီး မနေ့ည ၁၀…

    Read More »
  • 11 August

    ရွှေကူ အရှေ့ဘက်ခြမ်း မီးသွေးချောင်းအနီးမှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့တိုက်ပွဲဖြစ်

    ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း မီးသွေးချောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား ယနေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ် တပ်မ ၇၇ နှင့် ခလရ ၁၀ ပူးပေါင်းစစ်အင်အား ၁၀၀ ကျော်ဟာ…

    Read More »
  • 11 August

    ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

    ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရဲ့ အရှေ့တောင်ခြမ်းဘက်မှာရှိတဲ့ ပန်ရှီ (Pang Shi) စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ထပ်မံသွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတပ်စခန်းဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အားအများအပြား တစ်စွဲနေထိုင်ထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက် ဩဂုတ်လ ၁၀…

    Read More »
  • 8 August

    ယင်းမာပင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ စစ်တပ်ဘက်က ၅ ဦးသေဆုံ

    စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်ကတော့ ၂ ဦးကျဆုံးခဲ့တယ်လို့ အာဠာဝကဒေသကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့မနက်ပိုင်းမှာ အကျိုးကုန်းလို့ခေါ်တဲ့ရွှေတောင်ဦးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပြင်နယ် ပတိန်ပြင်ရွာအနားမှာရှိတဲ့ ပတိန်ပြင်သစ်ကွင်းက သစ်တွေကို လာသယ်ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာဖြစ်တယ်လို့ အာဠာဝကတပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ပြောပါတယ်။ “နေ့လည် ၁နာရီ လောက်မှာဖြစ်တာ ကျနော်တို့ထမင်းစားစားပြီးချင်း…

    Read More »
  • 8 August

    ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စအရ ၉၀၉နဲ့ ခမရ ၇၀၄တပ်က အင်အား ၈၀ကျော်နဲ့ ကာကွယ်ရေးတပ်တို့ ကျေးနင်း နဲ့…

    Read More »
  • 7 August

    ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

    ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။ KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်”လို့ပြောပါတယ်။ ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း ၆ နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

    Read More »
  • 7 August

    ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ…

    Read More »
Back to top button