တိုက်ပွဲ
-
Nov- 2022 -1 November
လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီ ၅ နေရာမှ လက်နက်ကြီးပစ်ခတ်နေသဖြင့် တောင်သူများ စပါးရိတ်သိမ်းချိန်ကျော်လွန်
တိုက်ပွဲပြင်းထန်သည့် မိုးမောက်မြို့ အရှေ့ဘက်ခြမ်း လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျာဘွမ်တောင်ခြေအနီးတဝိုက် လယ်ယာစိုက်ပျိုးသည့် ဒေသခံတောင်သူများ လယ်လုပ်ငန်း အချိန်မှီ မရိတ်သိမ်းနိုင်သည့် ပြဿနာကြုံတွေ့နေရသည်ဟု သိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ…
Read More » -
Oct- 2022 -31 October
ကန့်ဘလူတွင် ၁၀ ရက်တွင်း စစ်ကောင်စီတပ် ၃၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိကျေးရွာများတွင် လှုပ်ရှားသွားလာနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က ၄ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကန့်ဘလူဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့၆၀၀၆ စစ်ကြောင်းနှင့် ပျူစောထီး ၂၀၀ ဝန်းကျင်ဖြင့် ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းကို သွားလာနေစဉ် ယနေ့အထိ ၁၀ ရက်တာအတွင်း…
Read More » -
29 October
မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား
မိုးမောက်မြို့အရှေ့ဘက် လုံဂျာ ဘွမ်(တောင်ကုန်း) ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေဆဲ ၁ ပတ်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသည်ဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ မိုးမောက်မြို့အရှေ့ဘက် တောင်ကုန်းရှိ လုံဂျာဘွမ်ကို လေကြောင်း၊…
Read More » -
25 October
မုံးပေါ် ယနေ့ညတိုက်ပွဲတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးခန့် ထိခိုက်မှုရှိ
ရှမ်းမြောက် မူဆယ်မြို့နယ် မုံးပေါ်ဒေသအနီး မိုင်ဖန်ရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ တို့ကြား ယနေ့ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မုံးပေါ်ဒေသခံ ပြည်သူ ၄…
Read More » -
25 October
ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ
စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၉) နယ်မြေဘက်မှ ဒဏ်ရာရရှိသူများကို အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်က ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။…
Read More » -
24 October
ဖားကန့်တွင် ဒဏ်ရာပြင်းထန်ရရှိသူများ ကယ်ဆယ်ခွင့်ပိတ်ဆို့ခံထားရဆဲ၊ သေဆုံးသူ ရုပ်အလောင်းများ ၈၀ ကျော်အထိတွေ့ရှိ
ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။…
Read More » -
24 October
ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရပြည်သူ ၁၀၀ ကျော်ကို ဆေးကုခွင့်မရအောင် စစ်တပ်က တားမြစ်ထား
ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် ယမန်နေ့ည လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသော ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခွင့်မရအောင် Ginsi ကျေးရွာ အထွက်ဂိတ်တွင် စစ်ကောင်စီက တားမြစ်းထားကြောင်း သိရသည်။ အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် တံတားဦးဘက်မှ ဂျက်ဖိုက်တာ…
Read More » -
24 October
မိုးမောက်တွင် တပ်ရင်းမှုး မိုင်းနင်းမိသေဆုံးသဖြင့် ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ
မိုးမောက်မြို့ အရှေ့ဘက် လုံဂျာဘွမ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိပြီး တပ်ရင်းမှူးနှင့် စစ်သားအများအပြားသေဆုံးခဲ့သဖြင့် ထိုနေရာကို ၃ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည်ဟု ဒေသခံများ ပြောသည်။ အင်အား ၅၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၃ ကြောင်းခွဲ၍ အောက်တိုဘာ ၂၂…
Read More » -
24 October
KIO အထိမ်းအမှတ်နေ့ တေးဂီတပွဲပြုလုပ်နေစဉ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသဖြင့် ထိခိုက် သေဆုံးမှု များပြား
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်တွင် KIO အထိမ်းအမှတ်နေ့ ပွဲကျင်းပနေစဉ် စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပွဲသွားရောက်ပါဝင်သော အနုပညာရှင် နှင့် ပြည်သူ ၃၀ ကျော် ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။…
Read More » -
21 October
စစ်ကိုင်း-ကချင်နယ်စပ်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်လေယာဥ်သုံးပြီး ဗုံးကျဲတိုက်ခိုက်မူ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။ ယခင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း ယခုလမှစတင်ကာ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ဒီအင်းတော်နယ်မှာတော့…
Read More »









