,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

အင်းတော် တောင်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာသဖြင့် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

စစ်ကောင်စီတပ်မှ ကသာနယ်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်းဖြစ်သည်

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် တောင်ပိုင်း အလယ်ဆိပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အလယ်ဆိပ်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေသည့်အပြင် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် မဲဇာကျေးရွာမှ အလယ်ဆိပ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို KIA  PDF တို့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သည်။ ထို့နောက် စစ်တပ်က အလယ်ဆိပ်ရွာကို လေယာဥ်ဖြင့်ဗုံးကျဲ ခြင်း၊ မြေပြင်တွင် မီးရှို့ခြင်းများကို ပြုလုပ်နေကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။.

တိုက်ပွဲဖြစ်ပြီးနောက်မှ လာတာလေယာဥ်က ၁၀ နာရီ ၂၇ မိနစ်လောက်မှာ မြစ်ကြီးနားဘက်ကနေ ဂျက်ဖိုက်တာ တစ်စီး တက်လာပြီးမှ လာကျဲသွားတာ အလယ်ဆိပ်ရွာကို အဲ့လေယာဥ်နဲ့ ဗုံးကျဲပြီးမှပဲ စစ်ကြောင်းကရွာကိုဝင်ပြီးမီးစရှိုတာဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလယ်ဆိပ်ကျေးရွာအနီး တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် နံနက် ၁၀ နာရီတွင် မဲဇာကျေးရွာတွင်းသို့ ခေတ္တဆုတ်ခွာ ခဲ့ပြီးနောက် လေယာဥ်ဖြင့် မိနစ် ၂၀ ခန့် ဗုံးကျဲခဲ့သည်။ ထို့နောက် အဆိုပါ စစ်ကြောင်းသည် အလယ်ဆိပ်ကျေးရွာ အတွင်းသို့ တဖန် ပြန်လည်ဝင်ရောက်ကာ နံနက်ပိုင်း ၁၁ နာရီအချိန်တွင် အဆယ်ဆိပ်ရွာကို စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

မဲဇာနဲ့အလယ်ဆိပ်က နီးနီးလေးဆိုတော့ သွားလိုက်ပြန်လိုက်လုပ်နေတာ အခုထိတော့စစ်ကြောင်းကရွာထဲမှာပဲဆိုတော့ နေအိမ်တွေဘယ်နလုံးလောက်မီးထဲပါသွားလဲမသိရသေးဘူး။ စစ်ကြောင်းထွက်ပြီး ရွာထဲပြန်ဝင်နိုင်မှတိကျသိရမှာဟု အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးနိုင်သည်ဟု PDF တာဝန်ခံများ သုံးသပ်သည်။ သို့သော်လည်း အသေးစိတ်အချက်အလက်နှင့် လေယာဥ် ဗုံးကျဲမှုကြောင့် အရပ်သားထိခိုက်မှုအခြေအနေကို KNG က စုံစမ်းနေဆဲ ဖြစ်သည်။

ယနေ့ နံနက်တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ယမန်နေ့ကလည်း မိုးလှိုင်းကုန်းကျေးရွာအနီးတွင် KIA နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကြာတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သောကြောင့် မိုးလှိုင်းကုန်းရွာမှ လူနေအိမ် ၁၆ လုံးတိတိကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၁၇၀ ပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကချင်ပြည်နယ် နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်သည်။

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၁၀၀ ကျော်အထိရှိလာပြီဟု ဒေသတွင်း သတင်းအရင်းမြစ် များထံမှ သိရသည်။

Read Previous

တန့်ဆည်နယ်တွင် ကျေးရွာ ၄ခုမှ နေအိမ် ၇ထောင်နီးပါးခန့် မီးရှို့ဖျက်ဆီးခံရ

Read Next

ဗန်းမော်တွင် မီတာကြေး မပေးသည့် နေအိမ်များကို စစ်တပ်က မီတာဘောက်များ လိုက်လံဖြုတ်သိမ်းနေ