Fact Checkသတင်း

NUG ယာယီသမ္မတဒူဝါလရှီးလ နေအိမ်မှာ အသတ်ခံရ” ဟူသော သတင်းအမှား ထပ်ဖြန့်

‘NUG ယာယီသမ္မတဒူဝါလရှီးလ နေအိမ်တွင် အသတ်ခံရ ဆိုပြီး သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ဖြန့်ဝေလာသည်ကို တွေ့ရသည်။

အဆိုပါ သတင်းအမှားကို Subscriber 166K ရှိသော “Random Burma News” အမည်ရှိသည့် Youtube Channel တွင် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲအချိန်မှာ စတင်ဖြန့်ဝေလာခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သုံးထောင့်ခုနှစ်ရာကျော်အထိ ရှိလာနေပြီ ဖြစ်သည်။

သတင်းဆန်းစစ်ချက်အရာ “NUG ယာယီသမ္မတဒူဝါလရှီးလ နေအိမ်မှာ အသတ်ခံရ” ဆိုသည့် သတင်းကို အမျိုးသားညီညွတ်ရေးအစိုးရဖေ့စ်ဘုတ်စာမျက်နှာနှင့် ပြည်တွင်းပြည်ပသတင်းမီဒီယာစာမျက်နှာများတွင်မျှ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။

ထို့အပြင် သတင်းခေါင်းစဥ်နှင့် ဗီဒီယိုထဲပါဝင်သော အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရသည်။

ဗီဒီယိုထဲတွင် ဖော်ပြထားသောအကြောင်းအရာမှာ “NUG ယာယီသမ္မတနေအိမ်အတွင်း အသတ်ခံရဆိုသည့် သတင်းအကြောင်းအရာမဟုတ်ပဲရန်ကုန်မြို့လယ်ခေါင် ပန်းပဲတန်းမြို့နယ်တွင် မဟာသိန်တော်ကြီးအနီးတွင် ပစ်ခတ်မှုဖြင့် စစ်တပ်၊ ရဲနှင့် ဆေးရုံ ကားများရောက်လာပြီး ဆူးလေအထိ မဟာဗန္ဒုလလမ်းမကြီးကို စစ်တပ်ကလမ်းပိတ်စို့ ဆိုသည့် အကြောင်းရာသာ ဖြစ်နေသည်ကို တွေ့ရပါသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ နေအိမ်မှာ အသတ်ခံရတယ် ဆိုသော အကြောင်းအရာသည် ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ယခုလို ကြည်ရှုသူများစိတ်ဝင်စားအောင် သတင်းခေါင်းစဉ်အမှားများဖြင့် သတင်းဗီဒီယိုများပြုလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းမှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာဖြစ်သည်။

သို့ဖြစ်ပါ၍ ဒီလို သတင်းခေါင်းစဥ်အမှားများဖြင့် Youtube ဗီဒီယိုများဖန်တီးဖြန့်ဝေနေကြသော Youtube Channel များကို သတိထားရမည်ဖြစ်ပြီး ကြည်ရှုသူတွေအနေနဲ့ နေ့စဥ်သတင်းများကို ဖတ်ရှုသောအခါ ဒေသတွင်း သတင်းမီဒီယာများမှ ဖော်ပြသော သတင်းများကိုသာ ယုံကြည်သင့်ပါသည်။

Show More

Related Articles

Back to top button