လူ့အခွင့်အရေးချိုးဖောက်မှု
-
May- 2021 -24 May
စစ်တပ်ကားဝင်တိုက်မှုကြောင့် ပူတာအို လူငယ်တစ်ဦးသေဆုံး
ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်လိုက်သော လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ မေလ ၂၂ ရက်နေ့ ပူတာအို မူလာရှီးဒီး ကြိုးတံတားဘက်မှ စစ်တပ်အရာရှိစစ်ဗိုလ် ၃ဦး စီးလာသည့်ကားသည် လမ်းမကြီးပေါ်တွင် မောင်းနင်နေသော ဆိုင်ကယ်တစ်စီးကို ဝင်တိုက်လိုက်သဖြင့် လူငယ်တစ်ဦး…
Read More » -
22 May
KIA ဖျက်ဆီးခဲ့သည့် ယုဇနကုမ္ပဏီဝင်းတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ဦး ဖမ်းဆီးခံရ
လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယအကြိမ် မီးရှို့ဖျက်စီးခဲ့ပြီးနောက် ထိုနေရာတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။ မေလ ၁၉ရက်ည…
Read More » -
22 May
အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၅ လုံး မီးလောင်
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ် ကုန်းလော ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပြီး ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ မေလ ၂၁ ရက်နေ့ ည…
Read More » -
21 May
ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ၂ ဦး အကြမ်းဖက် ဖမ်းဆီးခံရ
ကချင်လူငယ်အရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသော လွမ်းဇောင်းနှင့် ဆိုင်းနူးပန်တို့ ၂ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ဖောက်ကာ ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဆိုင်းနူးပန်၏အဖိုး နာရေးအစီစဉ်မှအပြန်လမ်းတွင် စစ်တပ်က ကားသုံးစီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း…
Read More » -
19 May
နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ်လုပ်ရမည်ဆိုသောသတင်းကြောင့် ချီဖွေစစ်ရှောင်များ စိုးရိမ်နေ
ချီဖွေမြို့ရှိ စစ်ရှောင်များသည် နေရပ်ပြန်ရန် စီစဉ်နေသော်လည်း နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ် လုပ်ရမည်ဆိုသည့်အချက်ကြောင့် စိုးရိမ်ပူပန်မှုရှိနေကြသည်။ ချီဖွေမြို့မှ ၈မိုင်ခန့်ဝေးသည့် ဂျိတ်လွယ်၊ ရစ်ဂျော်နှင့် နဘုတ် စသောကျေးရွာများမှ ပြည်သူများသည် လက်ရှိ ချီဖွေမြို့ပေါ်တွင် စစ်ရှောင်နေကြရပြီး ၎င်းတို့နေရပ်ပြန်ရန်အတွက် နေအိမ်များ…
Read More » -
19 May
ရွှေကူတွင် ဧည့်စာရင်းခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေ
ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းခေါင်းစဉ်ဖြင့် လူနေအိမ်များကို ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ မေလ ၁၈ရက် ည ၁၀ နာရီခန့်က အာဏာသိမ်းစစ်တပ်က မသင်္ကာသူများ၏ အမည်စာရင်း ကိုင်ဆောင်ကာ ညအချိန်လိုက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်ကိုလည်း…
Read More » -
19 May
မချမ်းဘော့တွင်ဖမ်းဆီးခံရသော လူငယ် ၂ ဦးလွတ်မြောက်သော်လည်း တစ်ပတ်တစ်ကြိမ် စစ်တပ်ထံအကြောင်းကြားရမည်ဟုဆို
မချမ်းဘော့ မူလာရှီဒီး ဂိတ်တွင် မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသော လူငယ် ၂ဦးစစ်တပ်ကလွတ်ပေးလိုက်သော်လည်း ခရီးမထွက်ဘဲ ကျေးရွာအတွင်းသာ နေထိုင်ရမည်ဟု ဝန်ခံကတိလက်မှတ်ထိုးခိုင်းကာ မေလ ၁၈ရက်နေ့ ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။ မေလ ၁၅ ရက်နေ့…
Read More » -
18 May
နောင်မွန်မြို့နယ်တွင် PSI စလောင်းအသုံးပြုပါက အရေးယူခံရမည်ဟု ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ခြိမ်းခြောက်
ဆက်သွယ်ရေးခက်ခဲသော ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် လက်ရှိသတင်းရယူနေသော PSI စလောင်းများကို အသုံးမပြုကြရန် အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ကာ ဖြုတ်ခိုင်းနေသည်ဟု ဒေသခံများ ပြောဆိုချက်မှ သိရသည်။ ယခုအပတ်မှစ၍ ဌာနေပြည်သူ့စစ် နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ပူပေါင်းပြီး နောင်မွန်မြို့နယ်တွင် တရားမဝင် PSI…
Read More » -
18 May
ရွှေကူ မြို့တွင်းဖြတ်လာသည့် စစ်ယာဉ်တန်းကို ဓါတ်ပုံရိုက်သော ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းမှ စစ်အင်အားအပြည့်ဖြင့် မြို့တွင်းဖြတ်လာသည့် စစ်ယာဉ်တန်းကို ဓါတ်ပုံရိုက်လိုက်သော ပြည်သူ ၂ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးရိုက်နက်ခေါ်ဆောင်သွားသည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။ မေလ ၁၈ရက် ယနေ့မနက် ဗန်းမော်မြို့မှ ရွေကူသို့ဆင်းလာသော ပင်လုံသင်္ဘောတစ်စီးသည် ရွှေကူသင်္ဘောဆိပ်ကမ်းတွင်ဆိုက်ရောက်လာခဲ့ပြီး…
Read More » -
16 May
ခရီးမှပြန်လာသော မချမ်းဘော့ လူငယ် ၂ ဦး မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ
ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ့်ဘူယန်ကျေးရွာသို့ပြန်လာသော ဒေသခံ လူငယ် ၂ဦးကို မူလာရှီးဒီး စစ်ဆေးရေးဂိတ်တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် စိတ်ပူနေကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဆွမ်ပရာဘွမ့်မြို့နယ်ရွှေမှော်တစ်ခုမှပြန်လာသော…
Read More »








