,

Breaking News :

ကပ်ဘေးနှစ်ခုကို အံတုရင်း ကြပ်တည်းလာသော လူနေမူဘဝ

မုံရွေးနှင့် ကြေးမုံရွာရှိ ဒေသခံများ ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ်တစ်ချို့ ဖမ်းရှို့ဖျက်ဆီးခံရ

ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ

နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို

ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့သဖြင့် ပြည်သူ ၅ ထောင်ကျော် ထွက်ပြေးနေရ

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့

ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်

သတင်းထောက် နောင်ရိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၁၂ ဦး လွတ်မြောက်လာ

ဝိုင်းမော် ခလရ ၅၈ တပ်ရင်း ပစ်ခတ်သည့် လက်နက်ကျည်အချို့  ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ

ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းမှ ဩဂုတ်လ ၁၈ရက်ည လက်နက်ကြီး ပစ်ခတ်မူကြောင့် တပ်ရင်းအနီးရှိ ခကွမ်ရွာတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော်တို့ ခကွမ့်လမ်းပေါ်မှာ‌တော့ မကွဲသေးတာ တစ်လုံးကျတယ်။ ပြီးတော့ ရွာထဲမှာ တစ်ချို့အိမ်တွေလည်း ထိတယ်လို့ကြားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခလရ (၅၈)တပ်သည် ယမန်နေ့ည ၈နာရီ ၄၀မိနစ်ခန့်မှစကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ‌ပြည်သူများရှိရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

“ကျမတို့ ရပ်ကွက်မှာလည်း လက်နက်ကြီးကျတယ်။ အဲလက်နက်ကြီး ကျည်စတွေက အိမ်ထဲ၊ မီးဖိုချောင်တွေထိ စင်လာတယ်” ဟု ဒေသခံတစ်ဦးက ထပ်ပြောသည်။

ဝိုင်းမော်မြို့ရှိ ခလရ (၅၈)တပ်သည် မကြာခနဆိုသလို ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်နေသည်။

“ကျနော်တို့ကတော့ နားကို မလည်နိုင်တော့ဘူး ကျနော်တို့ပြည်သူတွေက ဘာလုပ်စားပြီးနေရတော့မလဲ ညလည်းမအိပ်ရ ‌ရောဂါကတစ်မျိုး ပြောချင်တာက ခုအခြေနေဆို  ရွာဘက်ကိုပစ်မှတ်ထားပြီး လုပ်နေသလိုဘဲ” ဟု ‌အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အပတ်ကလည်း ခလရ (၅၈) တပ်၏ ပစ်ခတ်မူကြောင့် ဝူယန်ကျေးရွာမှ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး ဒေသခံများ၏ နေအိမ်များနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုများစွာ ဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ခလရ ၅၈ တပ်ရင်းအနေဖြင့် ခံစစ်ပြုလုပ်မည်ဖြစ်သောကြောင့် တပ်ရင်းအနီးတွင် နေထိုင်ခြင်းမပြုရန် ဩဂုတ်လ ၁၄ ရက်နေ့က လိုက်လံ ကြေညာခဲ့သဖြင့် တပ်ရင်းအနီး ဒေသခံများသည် စစ်ရှောင်အဖြစ် ထွက်ပြေးနေရချိန်ဖြစ်သည်။

အဆိုပါ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဇူလိုင် ၂၉ ရက်ညတွင် နောက်ဆုံးသွားရောက် တိုက်ခိုက်ခဲ့သည်။

Read Previous

တနိုင်းတွင် Covid-19 လက္ခာဖြင့် နေ့စဉ် သေဆုံးသူ ရှိနေ

Read Next

တာပိန်မြစ်ကြောင်းတစ်လျှောက် ကျေးရွာများ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန်

Leave a Reply

Your email address will not be published.