,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

စျေးမှပြန်လာသော ဝိုင်းမော်ဒေသခံတစ်ဦး စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ပစ်ခတ်ခံရ

ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းမှ သေနတ်ပစ်ခတ်မှုကြောင့် စျေးမှ ပြန်လာသော ဒေသခံအမျိုးသမီး ကျည်ထိမှန်ကာ လဲကျနေသည်ကို ယနေ့ညနေပိုင်းက တွေ့ရကြောင်း ဒေသခံများပြောသည်။

ဩဂုတ် ၁၃ ရက်နေ့ ယနေ့ည ၅နာရီဝန်းကျင်မှစကာ ခလရ (၅၈) တပ်ရင်းသည် လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်နေပြီး ဝိုင်းမော်ဘက်မှ ဆိုင်ကယ်ဖြင့်ပြန်လာသည့် အမျိုးသမီးငယ်တစ်ဦးကို သေနတ်ထိမှန်ကာ လဲကျနေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“အဲအမျိုးသမီးက ဈေးသည်လို့ပြောကြတယ်။ ဝိုင်းမော်ဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာတာ (၅၈) တပ်ရှေ့မှာကို ပစ်သတ် လိုက်တယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

သေနတ်ထိမှန်သည့် အမျိုးသမီးသည် ကလေးမိခင်တစ်ဦးဖြစ်ပြီး ဝူယန်ငေါ့ချန်းရပ်ကွက်မှ ‌ဒေါ်ဆောင်ပြုံး ဆိုသူဖြစ်ကြောင်း သိရသည်။

“ခုကျနော်တို့ရွာသားတွေ အလောင်းသွားကောက်မယ်ဆိုတော့ ကောက်ခွင့်မပေးဘူး။ အလောင်းကို ဇလုံအကြီးနဲ့အုပ်ထားပြီး လူနာတင်ကားစောင့်နေကြတယ်လို့ သိရတယ်” ဟု ဝူယန်ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံအချို့၏ပြောဆိုချက်အရ သေနတ်ထိမှန်သော အမျိုးသမီးသည် သေဆုံးသွာပြီဟုဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရသေးပါ။

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ညစဉ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ကာ သေဆုံးမှုများ ရှိနေသည်ကို တွေ့ရပါသည်။

Read Previous

ကာမိုင်း မအူပင်ကျေးရွာ စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ

Read Next

မိုင်းနား စစ်ရှောင်စခန်းတွင် covid-19 ပိုးတွေ့လူနာ ထပ်တိုး

Leave a Reply

Your email address will not be published. Required fields are marked *