,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

စစ်ကောင်စီက အရပ်သားတည်နေရာကို လက်နက်ကြီးဖြင့် ပစ်မှတ်ထား ပစ်ခတ်ခဲ့ဟု KIO ပြော

ဝိုင်းမော်တွင် လက်နက်ကြီးထိသော နေအိမ်

အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများနေထိုင်သော ရပ်ကွက်များသို့ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက ယနေ့ ပြောဆိုလိုက်ပါသည်။

“မနေ့ည လိုင်ဇာဘက်ကို လက်နက်ကြီး ၁၀ ကြိမ်လောက်ပစ်တယ်။ စစ်ကောင်စီဘက်က ပစ်ခတ်မှုမှာ ထူးခြားမှု တွေ့ရတယ်။ ဘာလဲဆိုတော့ KIA ရှိတဲ့ဘက်ကို ဦးတည်ပြီး ပစ်ခတ်တာမဟုတ်ဘဲ ပြည်သူရှိတဲ့ ရပ်ကွက်ဘက်ကို ဦးတည်ပြီး ပစ်နေတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောဆိုသည်။

ဩဂုတ်လ ၃ ရက် ယမန်နေ့ည လိုင်ဇာမြို့ဘက်သို့ အာဏာသိမ်းစစ်ကောင်စီက လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး အများစုမှာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူများရှိရာ ရပ်ကွက်ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြေင့် တရုတ်ပြည်ဘက်ခြမ်းသို့ လက်နက်ကြီး တစ်ချို့ ကျသည်ဟု ပြောဆိုနေသော်လည်း အတည်ပြုပြောဆိုလို့မရကြောင်း KIA ဘက်က ပြောဆိုသည်။

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှလည်း ဩဂုတ်လ ၂ရက်ည နှင့် ၃ ရက်ညများတွင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ဩဂုတ် ၃ ရက်ညနေ ၆ နာရီခန့်က မိုးကောင်းမြို့နယ် နမ္မတီးနှင့် ဒွန်ဘုံးကျေးရွာကြား စစ်ကောင်စီတပ်အင်အား ၃၀ ခန့်က လမ်းမတစ်လျှောက် သေနတ်ပစ်ဖောက်ကာ သွားလာခဲ့ကြောင်း ဒေသခံများ ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်များပစ်ခတ်ကာ သွားလာနေသည့်အတွက် ဒွန်ဘုံး ပြည်သူတစ်ချို့ တိုက်ပွဲဖြစ်ပွားသည်ဟု ထင်မှားကာ ထိတ်လန့် ထွက်ပြေးမှုရှိခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့နယ် ကံဆီးကျေးရွာ (Ginsi Mare) အခြေစိုက် အာဏာသိမ်းစစ်တပ်ကုန်းမှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပုံမှန်ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။

ဇူလိုင်လကုန်းပိုင်းမှစပြီး အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသောကြောင့် ပြည်သူများ၏ သေကြေမှုနှင့် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရပါသည်။

Read Previous

ဝိုင်းမော် ၅၈ တပ်ရင်းမှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း KIA ပြော

Read Next

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လူနေအိမ်များသို့ လက်နက်ကြီး ဆက်လက် ပစ်ခတ်

Leave a Reply

Your email address will not be published. Required fields are marked *