,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

မိုးကောင်းတွင် လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား

မိုးကောင်းမြို့

မိုးကောင်းမြို့အထွက် ဖားကန့်လမ်း အုပ်ကျင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်အဖွဲ့က လူငယ် ၂၀ ဦးခန့်ကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သြဂုတ်လ ၁၇ရက် ယနေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်ခန့်တွင် အုပ်ကျင်းကျေးရွာအဝင် လယ်တောတွင် စစ်သား ၃၀ ခန့်က လူငယ်တစ်ဖွဲ့ကို သေနတ်များဖြင့် ခြိမ်းခြောက်ပြောဆိုနေသည်ကိုမြင်တွေ့ခဲ့ရသည်ဟု မျက်မြင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ကားလမ်းကနေဖြတ်သွားတယ်။ လမ်းဘေးမှာ လူတွေအများကြီး တွေ့လိုက်ရတယ်။ သေချာကြည့်တော့ အားလုံးက လူငယ်လေးတွေဘဲ။ သူတို့တွေကို သေနတ်တွေနဲ့ချိန်ပြီး ခေါင်ပေါ်လက်တင်ခိုင်းတယ်။ ပြီးရင် ဝပ့်ခိုင်းထားတယ်။ ဘယ်က လူငယ်တွေမှန်းတော့မသိဘူး။ အုပ်ကျင်းကျေးရွာကတော့ မဟုတ်ဘူးထင်တယ်”ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခံရကာ ဖမ်းဆီးသွားသည့် လူငယ်များမှာ မည်သူများဖြစ်ကြောင်းကို လက်ရှိချိန်ထိ သေချာမသိရဘူးဟု သူက ဆက်ဆိုသည်။

အဆိုပါ လူငယ်အဖွဲ့ကို မိုးကောင်းတပ် ခလရ ၇၄ တပ်ရင်း နေရာဟောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။

Read Previous

မိုင်းနား စစ်ရှောင်စခန်းတွင် covid-19 ပိုးတွေ့လူနာ ထပ်တိုး

Read Next

ပစ်ခတ်ခံရသော စစ်ကောင်စီ သင်္ဘောတစ်စီး ရွှေကူမြို့သို့ ရောက်လာ

Leave a Reply

Your email address will not be published. Required fields are marked *