လူ့အခွင့်အရေးချိုးဖောက်မှု
-
May- 2021 -1 May
အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီး
မိုးမောက်မြို့နယ်အတွင်း ပြည်သူများနေထိုင်သောကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နွမ်းလန့်စသည့်ကျေးရွာတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေး KIA တို့…
Read More » -
1 May
‘ပိုသူလှု၊ လိုသူယူ’ အစီစဉ်ပြုလုပ်သော လူငယ် ၁၁ ဦးကို စစ်အင်အား ၃၀ ခန့်ဖြင့် လာရောက်ဖမ်းဆီး
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက် မနက်စျေးအနီးတွင် ‘ပိုသူလှု၊ လိုသူယူ’ အစီအစဥ်ပြုလုပ်သော လူငယ်များ ၁၁ဦထက်မနည်း မေလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း သိရှိရသည်။ စစ်အာဏာသိမ်းပြီးနောက် ခက်ခဲလာသောပြည်သူများအချင်းချင်းဖေးမကူညီသည့် အစီစဉ်ဖြစ်သည်။ အဆိုပါ လူငယ်များက ယနေ့…
Read More » -
Apr- 2021 -29 April
PSI စလောင်းများဖြုတ်သိမ်းရန် နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲများက လိုက်လံခြိမ်းခြောက်နေ
မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် PSI စလောင်းတပ်ဆင်ထားသူများ အမြန်ဖြုတ်သိမ်းရန်နှင့် လိုက်နာခြင်းမပြုပါက အရေးယူခြင်းခံရမည်ဟု အာဏာသိမ်းစစ်ကောင်စီက အော်လံဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း နမ္မတီးဒေသခံများ ပြောသည်။ ဧပြီလ ၂၇ ရက်ည ၉ နာရီခန့်က နမ္မတီး အုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့များက…
Read More » -
27 April
ရွှေကူ CDM ပညာရေးဝန်ထမ်းများ ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူး ဖိအားပေးခြိမ်းခြောက်နေ
ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် လူထုအာဏာဖီဆန်မှု CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးက ဖိအားပေး ခြိမ်းခြောက်ကာ ဝန်ခံကတိလက်မှတ်ထိုးခြင်းဖြင့် ရုံးတက်ရန်စေခိုင်းနေကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါလုပ်ရပ်ကို ဆန့်ကျင်သည့် ပညာရေးဝန်ထမ်း ၄၀၀ ကျော်က CDM လှုပ်ရှားမှုတွင်…
Read More » -
17 April
မိုင်းနင်းမိသည့် နွားပိုင်ရှင်များကို အာဏာသိမ်းစစ်တပ်က လျော်ကြေးတောင်း
မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ် (အမြောက်တပ်) အနီးထောင်ထားသော မိုင်းများကို နွား နင်းမိပေါက်ကွဲပါက နွားပိုင်ရှင်များကို မိုင်း ၁ လုံးအတွက် ကျပ် ၁ သိန်းစီ ပေးဆောင်ခိုင်းကြောင်း သိရသည်။ အဆိုပါ စစ်တပ်ကို ကျေးရွာအနီးတွင်…
Read More » -
15 April
ပူတာအိုဒေသခံများ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရ
ပူတာအို ခရိုင် ရှေ့တန်းစစ်မျက်နှာများတွင် အာဏာသိမ်းစစ်တပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုသည်။ ဧပြီလ ၁၃ရက်နေ့ ဆွမ်ပရာဘွမ် နှင့် ပူတာအိုမြို့နယ်ကြားရှိ အင်ဆိုင်းယာန်နဲ့ ဆွမ်ပီယာန်ကြား၊ ခင်ဒူယာန်နဲ့ ဖုန်ကျန်းကျေးရွာ စသော နေရာ…
Read More » -
10 April
ဖားကန့် အလွတ်တန်း သတင်းထောက်တစ်ဦးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲ
ကချင်ပြည်နယ် ဖားကန့်မြို့အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးသည် မတ်လ ၉ ရက်နေ့ ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောလူထုလှုပ်ရှားမှုသတင်းရယူရန် ဧပြီလ ၉ ရက်နေ့ လုံးခင်းမှ…
Read More » -
8 April
CDM များကိုကူညီသော ပူတာအိုမှ သွားဆရာဝန်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီး
ပူတာအိုမြို့ရှိ CDM တွင်ပါဝင်နေသော အစိုးရဝန်ထမ်းများကို အခမဲ့ဆေးကုသပေးနေသည့် သွားဆရာဝန် ဒေါက်တာဟိန်းသူရဇော်ကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသော သွားဆရာဝန်မှာ ပူတာအို လုံစွတ်ရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသူဖြစ်ပြီး CDM…
Read More » -
7 April
မိုးကောင်း နာရေးအိမ်တစ်ခုပစ်ခတ်ခံရပြီး ပြည်သူ ၁ ဦးထပ်မံ သေဆုံး
မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာ အသုဘနာရေးအိမ်တစ်ခုတွင်ရှိနေသော လူစုထဲသို့ သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဧပြီလ ၆ရက်နေ့ ည ၁၂နာရီအချိန်တွင် အဆိုပါ နာရေးအိမ်တွင် ရပ်ကွက်သားများကစုပြီး ဖဲဝိုင်းကစားနေစဉ် အိမ်အပြင်ဘက်မှ တူမီးသေနတ်ဟုယူဆရသည်ဖြင့်ပစ်ခတ်မှုကြောင့် ဦးပေါ်ကောက် ဆိုသူ၏…
Read More » -
6 April
ကချင် ခရစ်ယာန်ဘုရားကျောင်းဝင်းများကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ရှာဖွေ
မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဘုရာကျောင်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ရက်ည ၁၀ နာရီခန့်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်သားအပြည့် စစ်ကား ၂စီးဖြင့်ရောက်လာပြီး နာရီဝက်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်သွားသည်ဟု အသင်းတော် တာဝန်ရှိသူတစ်ဦးက…
Read More »









