,

Breaking News :

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက် ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရွှေကူတွင် PDF မသင်္ကာသူများကို အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ

ရွှေကူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ဟု မသင်္ကာသူများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အိမ်ထောင်စု စာရင်းနှင့်တကွ လိုက်လံ ရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

ဇွန်လ ၁၃ရက်နေ့ကလည်း ရွှေကူ PDF နှင့်ဆက်စပ်သည်ဟု ယူဆရသူများ၏ အိမ်ထောင်စု စာရင်းများကိုင်ဆောင်ကာ လိုက်လံဖမ်းဆီးနေသောကြောင့် ပြည်သူ ၁၀ ယောက်ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

“သူတို့က သတင်းရထားပြီးတော့ အဆက်အစပ်ရှိတဲ့ လူနေအိမ်တွေပဲ လိုက်စစ်နေတယ်။ တစ်ချို့အိမ်တွေဆို အိမ်ထောင်စုစာရင်းတွေ ပြခိုင်းတယ်။ မနေ့ကနဲ့ဒီနေ့ဆို ဖမ်းဆီးခံရတဲ့ သူတွေက ၂၀ ဝန်းကျင်လောက်တော့ရှိသွားပြီ။ ဘာကြောင့်လဲဆိုတော့ တစ်အိမ်မှာ တစ်ယောက်ထဲဖမ်းတာမဟုတ်ဘူး။ သူတို့က ဆက်စပ်တဲ့ မိသားစုအလိုက် အားလုံးကို ခေါ်သွားတာဟုတ်” ဟု ပြောဆိုသည်။

ရွှေကူမြို့မ ရဲစခန်းနှင့် စစ်တပ်၏ ရိက္ခာသယ်သင်္ဘောများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရသောကြောင့် ယခုလို မသင်္ကာမှုဖြင့် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူတစ်ချို့ကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး တစ်ချို့ကို စစ်တပ်ထဲတွင် ဖမ်းဆီးထားကြောင်းသူက ဆက်ဆိုသည်။

ဇွန်လ ၁၃ရက်နေ့ နေအိမ်တစ်ခုကို ဝင်ရောက်စစ်ဆေးရာတွင် ၁၀ဦးထက်မနည်းဖမ်းဆီးခံရပြီး၊ ယနေ့ ဇွန်လ ၁၄ ရက်တွင်လည်း နောက်ထပ် ၁၀ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ရွှေကူမြို့မ ရဲစခန်းသည် ပြီးခဲ့သော ဇွန်လ ၄ ရက်နှင့် ၉ရက်နေ့များတွင် တိုက်ခိုက်ခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ် သင်္ဘောလည်း ၅ကြိမ်ထက်မနည်း  ပစ်ခတ်ခံခဲ့ရသည်။

ထိုသို့ ဇွန်လ ၄ ရက်နေ့ည မြို့မ ရဲစခန်းကို တိုက်ခိုက်မှုမှာ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် SPDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SPDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Read Previous

တနိုင်းတွင် ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် အရေးယူရန် ရဲစခန်းသို့ အပ်

Read Next

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကလေးများစာသင်ကြားနိုင်ရန် အကူညီအများအပြားလိုအပ်နေ

Leave a Reply

Your email address will not be published.