စစ်ပြေးဒုက္ခသည်များ

  • Mar- 2024 -
    5 March

    ရွှေကူနယ်ဘက်က စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂ ခုက ဒေသခံတွေပိတ်မိနေ

    ရွှေကူ အခြေစိုက် ခလရ ၅၆ တပ် နဲ့ ခမရ ၆၀၂ တပ်ထဲရနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ လက်ရှိမြောက်ရွာနဲ့ တုန်းပုန်ကျေးရွာထဲဝင်ရောက်နေတာဖြစ်ပြီး ကျေးရွာတွင်းစစ်ကြောင်းဝင်ရောက်လာချိန် ထွက်ပြေးတိမ်းရှောင်ခွင့်မရလိုက်တဲ့ ဒေသခံအများအပြားလက်ရှိ ကျေးရွာထဲမှာပိတ်မိနေတယ်လို့ တုန်းပုန်ကျေးရွာအနီးမှာနေထိုင်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်

    Read More »
  • 5 March

    တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မိုးမောက် ပြည်သူများ ကြိုတင်တိမ်းရှောင်နေ

    ကချင်ပြည်နယ်  မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာနေပြည်သူတွေများဘေးလွတ်ရာကို ကြိုတင်ပြောင်းရွေ့တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက‌နေ သိရပါတယ်။ မိုးမောက်မြို့နယ်ထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေဖြေဆိုပြီးတာ နဲ့ ကချက်လွတ်လပ်ရေးတပ်မတော်  KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မိုးမောက်မြို့နဲ့နီးတဲ့ကျေးရွာအများစုက…

    Read More »
  • 4 March

    နမ့်မှော်ကျေးရွာ‌ပြည်သူတချို့ ရွာထဲပိတ်မိနေ

    ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ကျေးရွာနေပြည်သူတချို့ တိုက်ပွဲတိမ်းရှောင်လာကြ‌ပေမယ့် အများပိုင်း ရွာထဲပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ်လ ၄ ရက်နေ့ နေ့လည်း ၁ နာရီဝန်းကျင် ဖားကန့်–တာမခံသွားလမ်းမပေါ်ရှိ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းကနေ လက်နက်ကြီးပစ်ခတ်သံ‌ တွေကြားရပြီးနောက်…

    Read More »
  • Feb- 2024 -
    23 February

    မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ

    စစ်ကောင်စီတပ်ဟာ မံစီနယ်ထဲက စီးခမ်းကြီစခန်းကို လက်လွတ်လိုက်ရတဲ့နောက် ၊ မက်လင်၊ လော်ခိုင်ရွာ၊ ခါချဥ်ရွာစတဲ့ကျေးရွာတွေကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကထိ ရွာပတ်ပတ်လည် လေယာဥ်တွေပျံဝဲနေတာကြောင့် လက်ရှိ ကျေးရွာ ၈  ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စီးခမ်းကြီး ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။

    Read More »
  • 22 February

    မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ

    ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာ“လို့ပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ မြို့တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ခိုးဆိုးလုယက်သူတွေရဲ့ အန္တရာယ်ကလည်း ရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ “အခုကတော့ ထောက်ပံ့သူတွေရှိတော့ သူတို့လှူတာတွေနဲ့ပဲစားသောက်နေကြတာ ဒီဘက်ကတော့ အိမ်ကိုမပြန်ရဲကြသေးဘူးဘယ်သူမှ မြို့ကလည်း တော်တော်ကြေသွားပြီကို ကျမတို့ကတော့ပြန် မဝင်သေးဘူး ကြောက်လို့ပေါ့”လို့စစ်ဘေးရှောင်နေတဲ့မိုးမိတ်ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့ပေါ်က ရွှေဇာလီကျေးရွာ၊ အုန်းချောဟောင်း၊ အုန်းချောသစ်၊ ညောင်နီ၊ အာသံ၊ လည်ကြီး၊ သရက်တော စတဲ့ကျေးရွာတွေအပါအဝင် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက် ဘေးလွှတ်ရာဘုန်းကြီးကျောင်းတွေနဲ့ တစ်ခြားသောဘေးလွှတ်ရာမြို့ကြီး တွေဆီထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။  စစ်ကောင်စီတပ်တွေဟ မြို့ထဲဝင်တဲ့ဒေသခံအမျိုးသမီးတစ်ချို့ကို မုဒိန်းကျင့်တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာမြို့ထဲဝင်ရောက်ဖို့ ကြောက်ရွံ့နေကြတယ်လို့  မိုးမိတ်စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ By – အမိုး

    Read More »
  • 21 February

    စီခမ်းကြီးစစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    “ထွက်ပြေးလာတဲ့ တစ်ချို့ဆို ဖိနပ်တောင်မပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာ တဲ့သူ တွေများတယ်၊ သူတို့တွေ ဆန်၊ဆီ၊ဆားကအစ အိုးတွေကအစပေါ့ ပြီးရင် ခင်းစရာဖျာလေးတွေ၊ စောင်လေးတွေလည်း လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။

    Read More »
  • 19 February

    အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက အထိုင်တပ်စွဲလာတဲ့ အင်အား ၂၀ ကျော်ဝန်းကျင်သာရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ…

    Read More »
  • 17 February

    မုံးကိုးမြို့ထဲခိုလှုံနေတဲ့ စစ်ရှောင်များကို MNDAA ကအတင်းအဓ္မမောင်းထုတ်

    ရှမ်းမြောက် မုံးကိုးမြို့ထဲမှာ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က အတင်းအဓမ္မလာရောက်မောင်းထုတ်နေတယ်လို့ သိရပါတယ်။ မုံးကိုးမြို့ ရက်ကွက် ၄ ရှိ အဆောက်အအုံတစ်ခုမှာ ၃ နှစ်ကျော်ကြာစစ်ရှောင်ခိုလှုံနေကြတဲ့ ကောင်းလုံကျေးရွာဒေသခံ အိမ်ခြေ ၁၅ ကို…

    Read More »
  • 13 February

    ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ

    “အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။

    Read More »
  • 13 February

    အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ “ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။  တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။  လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့”ဟုသူကဆက်ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
Back to top button