စစ်ပြေးဒုက္ခသည်များ

  • Oct- 2023 -
    12 October

    နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းမှာ မိုင်းနင်းမိသူ ၃ ဦးအထိရှိလာ

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းကို စစ်တပ်ဖြတ်တောက်ထားပြီး မိုင်းထောင်ထားတာကြောင့် မိုင်းနင်းမိတဲ့ ဒေသခံ ၃ ဦးထိရှိလာပြီဖြစ်တယ်လို့ နမ့်တောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ၂ နာရီလောက်မှာ ဖာဖစ်ကျေးရွာဒေသခံအမျိုးသားတစ်ဦး  နမ့်တောင်းကနေ ဖာဖစ်ရွာနေအိမ်ကို ခြေကျင်နဲ့ ပြန်လာချိန် စစ်တပ်ထောင်ထားတဲ့…

    Read More »
  • 9 October

    ပုလဲမှာ စစ်ကြောင်းထိုးလာလို့ ရွာပေါင်း ၁၀ ရွာက ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ဂန့်ဂေါလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားသောင်းနဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း‌ ရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ဒီကနေ့ အောက်တိုဘာ ၉ရက်နေ့ မနက်ပိုင်းကနေစပြီးတော့ ပုလဲ– ဂန့်ဂေါလမ်းမတစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်း နေတာဖြစ်တယ်လို့ ပုလဲမြို့နယ် လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က ရွာတွေကိုစစ်ကြောင်းဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကားပေါ်တင်ယူတယ်။ သူတို့က ယူချင်တာယူတယ် ဆန်ဆီတွေရော အဝတ်အစားတွေရော…

    Read More »
  • 2 October

    ကန့်ဘလူမှာ စစ်ဘေးရှောင် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းဝယ်ယူဖို့ခက်ခဲနေ

    စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအဘက်ဘက်က အခက်အခဲတွေ ကြုံတွေ့နေရပြီးတော့ အဲ့ဒီထဲက စစ်ဘေးရှောင် အမျိုးသမီးတွေ လစဥ်သုံးပစ္စည်းဝယ်ယူဖို့ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ကန့်ဘလူခရိုင် အတွင်းက စစ်ဘေးရှောင်တွေနဲ့ရွာတွေမှာနေထိုင်နေဆဲဖြစ်တဲ့ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေသွားပေးခဲ့ကြရာ စစ်ဘေးရှောင်တွေ အရင်နှစ်တွေထက်ပိုခက်ခဲလာတာကိုတွေ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။…

    Read More »
  • 2 October

    နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွေ့

    မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ် ၊ ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်များ အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ (၁) ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင်ရာ KBC အသင်းတော် ဇုံနယ်တာဝန်ရှိသူတွေကနေ ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ ကဇူးရွာခံတစ်ယောက်က ပြောပါတယ်။ “မနေ့ညနေကနေ စရွှေ့ပြီ အိမ်ထောင်…

    Read More »
  • Sep- 2023 -
    27 September

    ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

    မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇၊ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။…

    Read More »
  • 26 September

    ရွှေကူအနောက်ဘက် ရေလှဲ နဲ့ ဆင်တပ်ဒေသခံများ နေရပ်မပြန်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် ထွက်ပြေးနေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေမှာ ဆက်လက်တိမ်းရှောင် နေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရွှေကူအနောက်ခြမ်းဘက် ရေလှဲ နဲ့ ဆင်တပ်ကျေးရွာတွေကို စစ်ကောင်စီတပ်ဝင်ရောက်လာပြီးတော့ အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေက မနေ့ကထိ ရွှေကူအနောက်ဘက်ကျေးရွာတွေမှာ ရှိနေသေးတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရေလှဲနဲ့ ဆင်တပ်ကမပြန်နိုင်သေးဘူး စစ်သားတွေက ရွှေကူမြို့ပေါ်မှာ…

    Read More »
  • 20 September

    ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်များစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေ

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ နဲ့ ဟံသာဝတီကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ရှောင်ကူညီနေသူ ကိုသူရိန်ဇင်ဆီကသိရပါတယ်။ “ကလေးနယ်ထဲမှာ စစ်ဘေးရှောင်တွေက တော်တော်များတယ် တစ်ချို့တွေဆို ဆန်ပြုတ်ပဲသောက် နေရတာတွေရှိတယ် အခုအရေးပေါ်လိုအပ်တာကတော့…

    Read More »
  • 19 September

    ရွှေကူမှာ စက်လှေတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် စက်လှေပေါ်နေထိုင်တဲ့ လူပေါင်း ၆၀ ကျော်နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ စက်လှေတွေကို မနေ့ကမီးရှို့ဖျက်ဆီးလိုက်တဲ့နောက် စက်လှေပေါ်မှာ မှီခိုနေထိုင်နေတဲ့အရပ်သား ၆၀ ကျော် နေရာထိုင်ခင်း နဲ့ အစားအသောက်အခက်အခဲဖြစ်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၈နာရီခွဲမှာ…

    Read More »
  • 19 September

    ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုတွေလိုအပ်နေ

    မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်တစ်လျှောက်တိုက်ပွဲကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊အိမ်သာ လုံလောက်မှုမရှိတဲ့အပြင် စစ်ရှောင်အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင်မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကပြောပါတယ်။ ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ၂ လ ကျော်လောက်အကြာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေမှာ ရေချိုးခန်၊ အိမ်သာနဲ့…

    Read More »
  • 11 September

    စယ်လန်ရွာနီးမှာ စစ်တပ် နဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

    မူဆယ်မြို့နယ် စယ်လန်ကျေးရွာမှာ ဒေသခံတွေ စစ်ရှောင်နေရာကနေ နေရပ်ပြန်လာကြပေမယ့် ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့အတွက် စိုးရိမ်စိတ် နဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မူဆယ် နဲ့ နမ့်ခမ်းမြို့နယ်ကြား စယ်လန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်…

    Read More »
Back to top button