စစ်ပြေးဒုက္ခသည်များသတင်း

အင်းတော်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ၅၀၀ တုပ်ကွေးနဲ့ငှက်ဖျားဖြစ်နေ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ် ဒေသဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ လောက်ဟာ ခုရက်ပိုင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားဖြစ်တာတွေများနေပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မော်တိတ်ဒေသထဲက တုံ့တော်၊ အင်ပင်၊ အောင်းကုန်း၊ နန်းသာနဲ့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှာင်ပြည်သူ ၇၀၀၀ ကျော်ထဲမှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားအပြင်အခြားရောဂါနဲ့ဖျားနာနေသူ လူပေါင်း ၅၀၀ ထက်မနည်းရှိလာနေပြီး အဲဲ့ဒီစစ်ဘေးရှောင်လူနာတွေကိုထိထိရောက်ရောက်ကုသပေးဖို့ ဆေးဝါးမလုံလောက်တာတွေ ဖြစ်နေတယ်လို့ မော်တိတ်ဒေသက စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။

ကလေးတွေကော အသက် ၄၀ ၊၅၀ အရွယ်တွေကော ဖျားနေကြတယ် အခုကရာသီအကူး အပြောင်းလည်းဖြစ်တော့တုပ်ကွေးကော ရိုးရိုးဖျားတာတွေကောပါ့ဖျားနေကြတာ အခုဒီမှာက ပါရာတို့အကိုက်အခဲဖျောက်ဆေးတို့လောက်တော့ပေးတယ် တာပေမယ့် အရမ်းဖျားတဲ့လူခြေနေဆိုးတဲ့လူကတော့ဒီမှာမနိုင်ဘူး ဆေးမရှိဘူးလို့ သူကပြောပါတယ်။

လက်ရှိဖျားနာနေတဲ့စစ်ဘေးရှောင်ပြည်သူတွေကို NUGနဲ့ လူသားစာနာအဖွဲ့က ထောက်ပံ့ပေးသလောက်နဲ့ စားဆေးနဲ့ထိုးဆေးတွေပေးနေပေမယ့်လူနာများလာတဲ့အတွက်ဆေးဝါးမလုံလောက်တာတွေကြုံတွေ့နေရပြီး အချို့ ကိုမိုးညင်း၊ကသာဘက်ကိုပို့ပြီးဆေးကူနေရတယ်လို့ အထက်ဖော်ပြပါအမျိုးသားဆက်ပြောပါတယ်။

ဒီမှာ စေတနာ့ဝန်ထမ်းတွေနဲ့သက်ဆိုင်ရာနဲ့ပေါင်းပြီး ဆေးခန်းလေးတွေတော့ဖွင့်ထားတယ် တာပေမယ့်ဆေးဝါးအလုံအလောက်မရှိတော့ အဖျားကြီးတဲ့လူနာတွေကိုဆိုရင်တော့ မိုးညင်းဆေးရုံ၊ ကသာဆေးရုံဘက်ကိုတွေကိုခက်ခက်ခဲခဲနဲ့ဝေးဝေးလံလံပို့နေရတာတွေရှိတာပေါ့လို့သူကပြောပါတယ်။

လက်ရှိအဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် ရာသီတုပ်ကွေးနဲ့ဆိုင်နဲ့ဆေးဝါး၊ ငှက်ဖျားဆေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် အကြောဆေး၊အားဆေးတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုဆေးကုပေးနဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက KNGကိုအခုလိုပြောပါတယ်။

အခုလိုအပ်နေတာက ပါရာကအစလိုနေတယ်ပြီးတော့ စီဗစ်(Cevit) အမောက်စလင်(Amoxicillin)တို့ပေါ့အခုသက်ကြီးပိုင်းတွေလည်းကောက်ရိတ်ချိန်ရောက်လာပြီဆိုတော့အကြောဆေးတွေလာသွင်းတာများနေတယ် သက်ကြီးပိုင်းတွေအတွက်အကြောဆေးတ်ို့အားဆေးတို့ဆို အရမ်းကိုလိုနေတယ်လို့ ပြောပါတယ်။

အင်းတော်စစ်ရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးနဲ့ငှက်ဖျားတွေ စဖြစ်လာတာ အောက်တိုဘာလ လဆန်းပိုင်းလောက်ကတည်းက တစ်ကျော့ပြန်ဖျားနာလာနေပြီး အရွယ်စုံဖျားနာနေကြတာလို့ဒေသခံတွေကဆိုပါတယ်။

အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက နန့်သာကျေးရွာမှာစစ်ကောင်စီတပ်တွေ ဒီနှစ် မတ်လကတည်းကဝင်ရောက်တပ်စွဲလာကတည်းက မော်တိတ်ကျေးရွာအုပ်စုဝင်ရွာတွေအပါအဝင် နန့်သာ၊အောင်းကုန်း၊မော်တိတ်၊အင်ပင်၊ဘေပင်၊ တုံ့တော်၊ ကျွန်းတောနဲ့အနီးဝန်းကျင်တွေထဲက ရွာပေါင်း ၁၂ ရွာထက်မနည်း ဟာ ဒီနှစ်မတ်လကတည်းက တောတောင်တွေထဲစစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button