စစ်ပြေးဒုက္ခသည်များသတင်း

စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင့် ရွှေကူ ရွာပေါင်း ၆ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးမှာရှိတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာ တွေထဲမနေရဲပဲ ရွာပေါင်း ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ  ၂၂ ရက်ကစပြီး စစ်ကောင်စီစစ်သင်္ဘောတွေ ဗန်းမော်ကနေ မန္တလေး ကိုစုန်သွားတဲ့နောက်ပိုင်းကနေစပြီး ရွှေကူမြို့တွင်းတပ်ကစစ်သားတွေနဲ့ ရွှေကူမြို့အထက်ဘက် စင်းခန်းနဲ့ မီးသွေးချောင်းဘက်မှာ တပ်စွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွှေကူမြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲ၊ဆင်တပ်စတဲ့ကျေးရွာတွေဘက်ကို ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာထဲမနေရဲပဲ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့လာရင် ရေမော်တော်နှစ်စီး၊သုံးစီးလောက်နဲ့လာတယ် ရေမော်တော်တွေကိုကမ်းကပ်ပြီးတစ်ချို့ ကရေမော်တော်ထဲကျန်ခဲ့တာတချို့ကတော့ တက်လာတယ်ရွာတွေမှာလည်းဝင်တယ် တစ်ခါတလေ‌ တော့မဝင်ဘူး ပြန်သွားတယ် ရွာသားတွေကတော့သူတို့နဲ့တိုးမိမှာကြောက်တော့ပြေးရတာပေါ့ မထင် ရင်မထင်သလိုရောက်ရောက်လာတာလေးသူတို့က” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ ရွှေကူတစ်ဖက်ကမ်းကကျေးရွာတွေဘက် တစ်ရက်တစ်ကြိမ် (သို့မဟုတ် ရက်တစ်ကြိမ်ပုံမှန်စစ်ရေးလုပ်ရှားလာတာမျိုးရှိနေပြီး မနေ့ကလည်း တစ်ကြိမ်ရောက်လာသလို ဒီကနေ့ မနက်ပိုင်းမှာလည်း အင်အား ၅၀ ပါဝင်တဲ့ မော်ယာဉ် ၂စီး ရွှေကူအထက်ဘက်ကနေ ရေလှဲ ၊ ဆင်တပ်ဘက် စုန်လာတယ်လို့ သိရပါတယ်။

ရွာသားတွေအများစုကတော့နေ့ခင်းပြန်ပြီးညဆိုတောထဲဝင်အိပ်ပါ့ သူတို့နဲ့တိုးလို့မရဘူး အဲ့စကစ တွေနဲ့တိုးလို့ကတော့ သတ်ပစ်ရင်သတ်ပစ်တာမဟုတ်ရင် ဖမ်းပဲ အဲ့ဒါကြောင့်ရွာသားတွေက သူတို့နဲ့မတိုးအောင် ပြေးနေရတာ” လို့ ရွှေကူတစ်ဖက်ကမ်းက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်း တွေစစ်ရေးလှုပ်ရှားနေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ ရေလှဲ၊ ဆင်တပ်၊ မိုးစစ်၊ ကျောက်က်ကြီး၊ သာယာကုန်း၊ ကျောက်တစ်လုံးနဲ့ အနီးဝန်းကျင်ကျေးရွာတွေအပါ စုစုပေါင်း ရွာပေါင်း ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတာ လို့သိရပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မန္တလေး ကနေ ဗန်းမော်ဘက်ကိုဆန်တက်လာတဲ့ စစ်သဘော် ၆စီးကို ကုန်းကြောင်းကနေ လုံခြုံရေးပေးဖို့ ရေလှဲ၊မိုးစစ်ကျေးရွာတွေဘက် ဝင်လာ တဲ့စစ်ကောင်စီစစ်သားတွေကို ရေလှဲနှင့် မိုးစစ်ထဲက လူနေအိမ် ၃၀ ကျော်ကိုမီးရှို့ခဲ့တဲ့အပြင် အရပ်သား ၄ဦးအထိ သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၀ ကျော်ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းမှာ စစ်ဘေးဒုက္ခသည်တစ်သောင်းလောက် ထပ်တိုးလာတယ်လို့ ရန်ကုန်အခြေစိုက် UNOCHA က စက်တင်ဘာလ ၈ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button