စစ်ပြေးဒုက္ခသည်များ
-
Sep- 2023 -4 September
ကန့်ဘလူမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက်ကခြမ်းကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၅နာရီလောက်မှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတာလို့ထန်းကုန်းတိုက်နယ်တာဝန်ခံတစ်ယောက်ကပြောပါတယ်။ “သူတို့ကတော့ နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဥ်နဲ့…
Read More » -
Aug- 2023 -23 August
ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ထွက်ပြေးရင်း အမျိုးသားတစ်ယောက် အမောဖောက်သေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ခင်ဦးနယ် အရှေ့တောင်ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီအဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “စစ်ကြောင်းလာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ် တွေနဲ့ရမ်းသမ်းပစ်တာပေါ့ အဲ့ချိန် ကလေးတွေရော သွေးနုသားနုမိခင်တွေရော ထွက်ပြေးကြရတာပေါ့…
Read More » -
23 August
နန့်ယားမှာရောက်နေတဲ့ စစ်ကြောင်းကြောင့် ရွာပေါင်း ၇ ရွာကပြည်သူတွေကြိုတင် ထွက်ပြေးတိမ်းရှောင်နေရ
ဖားကန့်သွားလမ်းပေါ်မှာရှိတဲ့ နန့်ယားဂိတ်မှာ စစ်ကောင်စီစစ်ကြောင်းတွေရောက်ရှိနေလို့ နန့်ယားအထက်မှာရှိတဲ့ ရွာပေါင်း ၇ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်တယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့ကတည်း ကားမိုင်းကနေ စစ်အင်အား ၁၀၀ လောက်နဲ့ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့…
Read More » -
16 August
ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ၂ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အတွက် တောထဲထွက်ပြေးတိမ်းရှောင်နေရာကနေ ရာသတီဥတုဆိုးဝါးမှုအပြင် နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ရာသတီတုပ်ကွေးအဖြစ်များလာနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ခြမ်းက…
Read More » -
15 August
ကဇူးရွာမှာတိမ်းရှောင်နေတဲ့စစ်ရှောင်ပြည်သူတစ်ချို့ မြစ်ကြီးနားဘက်ကို ထပ်ပြီးတိမ်းရှောင်ဖို့ပြင်ဆင်နေ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြစ်ကြီးနား –ဗန်းမော်လမ်းမတစ်လျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်ထိုးနေတဲ့အတွက် ကဇူးရွာက စစ်ရှောင်ပြည်သူများ မြစ်ကြီးနားမြို့ဘက်ကို ဆက်ပြီးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေ တိုက်ပွဲစတင်ပြင်းထန်လာတဲ့ နမ်ဆန်ယန်ရွာက ပြည်သူ တစ်ချို့ဟာ မြစ်ကြီးနား၊ဝိုင်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သူရှိသလိုနမ်ဆန်ယန်ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကဇူးကျေးရွာမှာတင် တိမ်းရှောင်ခဲ့သူတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ကဇူး၊ ဒဘတ်၊ ကျေးရွာတစ်ဝိုက်…
Read More » -
15 August
ဒေါ့ဖုန်းယန်ကျေးရွာ တိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူတွေ သွားလာရေးကန့်သတ်ခံထားရပြီး စစ်ရှောင်အကူအညီလိုအပ်နေ
မြစ်ကြီးနား – ဗန်းမော်လမ်မကြီးတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေခဲ့တာကြောင့် ဒေါ့ဖုန်းယန်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ချင်ပေမယ့် သွားလာရေးကန့်သတ်ခံရထားရတယ်လို့သိရပါတယ်။ ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ ဒင်ဂါ၊ နောင်ဝမ့်၊ ခလားနဲ့ တိန်ဂျန် စတဲ့ ကျေးရွာနေ စစ်ရှောင်ပြည်သူများက နေရပ်စွန့်ခွာထားတဲ့…
Read More » -
14 August
ဒီပဲယင်းက စစ်ဘေးရှောင် ၅၀၀အတွက် အကူအညီများလိုအပ်နေ
ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ နဲ့ အဖက်ဘက်က အကူညီတွေလိုအပ်နေပြီးတော့ ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေလည်းရှိတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။ အဲ့ဒီစစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ဟာ စစ်ဘေးရှောင်တဲစခန်းသီးသန့်လုပ် ထားတာမျိုးမဟုတ်မရှိတဲ့အတွက်နီးစပ်ရာဘုန်းကြီးကျောင်း၊စာသင်ကျောင်းအဟောင်းနဲ့ယာယီတဲတွေထိုးပြီး စုဖွဲ့နေထိုင် ကြတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးနီးပါးမိသားစု၁၀၀နီးပါးလောက် စခန်းသီးသန့်ပုံစံနေတာမျိုးတွေ့ရတယ် စားဝတ်နေရေးအတွက် ဒေသမှာရှိတဲ့ ပဲနုတ်တာ၊ပေါင်းနုတ်တာ၊ကောက်စိုက်၊ပျိုးနုတ်…
Read More » -
9 August
ရွှေကူမှာ ရွာပေါင်း ၈ ရွာက ပြည်သူရာချီစစ်ရှောင်နေရ
ကချင်ပြည်နယ် ရွှေကူမြို့အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဝင်ရောက်ထိုးဝင်လာတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။ လက်ရှိမှာ နောင်မိုရွာထဲကို မနေ့က ရေကြောင်းနဲ့ဝင်လာတဲ့ အင်အား ၇၀ ကျော်စစ်ကြောင်း နဲ့ ဒီနေ့မနက် ဝင်းမာရွာကိုကုန်းကြောင်းနဲ့ ဝင်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်တစ်ဖက်က ဇင်းဘုံ၊ ရေလှဲ၊ ဆင်တပ်၊ နောင်မို၊ သဘော်အင်းစတဲ့ကျေးရွာတွေ တိမ်းရှောင်နေရပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာတော့…
Read More » -
7 August
ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် နမ့်မော်ရွာက အရပ်သားပြည်သူရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ
ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်မော်နဲ့ ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို ဒီနေ့မနက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အတွက် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှော်ရှန်ကျေးရွာဒေသခံ တွေဆီကနေ သိရပါတယ်။ အဲဒီ နမ့်မော်ဘက်က အရပ်သားပြည်သူတွေဟာ လက်ရှိဆိုင်းတောင်ကျေးရွာအုပ်စု၊မှော်ရှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်လာကြတယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုခုလို ပြောပါတယ်။ “စိမ်မြသုခကျောင်းမှာ နှစ်ဆယ်လောက်ရောက်ခဲ့တယ်၊မှော်ရှန်ကျောင်းမှာတော့…
Read More » -
Jul- 2023 -25 July
စစ်ကိုင်းတိုင်းဟာ လူသားချင်းစာနာထောက်ပံ့မှုအကူညီ လုံးဝမရရှိသေးဘူးဟုဆို
မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းကအကူညီလိုအပ်ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က နိုင်ငံတကာမြန်မာ့ သတင်းအဖွဲ့ BNIက အွန်လိုင်းကနေ မိတ်ဆက်လိုက်တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။ အဲ့ဒီစာတမ်းထဲမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ်မေလ ၁၆ ရက်နေ့အထိစစ်ကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ဒဿမ ၅၆ သန်းကျော်ရှိပြီး အဲ့ဒီထဲမှာစစ်ကိုင်းတိုင်းက ခြောက်သိန်းခြောက်သောင်းကျော်နဲ့အများဆုံးဖြစ်တယ်လို့ BNI ရဲ့စာတမ်းမှာပါရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာမူအကူအညီအလိုအပ်ဆုံးဒေသဟာစစ်ကိုင်းနဲ့မကွေးက အလိုအပ်ဆုံးဒေသဖြစ်တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့BNI ရဲ့စီမံခန့်ခွဲမူဒါရိုက်တာ ဒေါ်တင်တင်ညို က…
Read More »









