စစ်ပြေးဒုက္ခသည်များ
-
May- 2023 -24 May
လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီ တပ်စွဲထားဆဲဖြစ်သောကြောင့် ဒေသခံတောင်သူများ အခက်တွေ့နေ
ဗန်းမော်ခရိုင် မိုးမောက်မြို့ လုံဂျာဘွမ်(Lung Ja Bum) တောင်ခြေတွင် စစ်ကောင်စီတပ်စခန်းတိုးချဲ့ တပ်စွဲလိုက်သောကြောင့် အနီးတဝိုက်ရှိသော ဒေသခံပြည်သူများ တောင်ယာစိုက်ခင်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် အခက်ခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။ လုံဂျာဘွမ်(Lungja bum) တောင်ခြေရှိ ၀ဝမ်ကျေးရွာမှ…
Read More » -
23 May
ဗန်းမောက် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ် နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံ ၅ ထောင်ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Banmauk Revolution – BR အဖွဲ့ထံမှ သိရသည်။ အဆိုပါ ဒေသခံများသည် ဗန်းမောက်အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ကြောင်လည်၊…
Read More » -
18 May
နေရပ်ပြန်မည့် ရွှေကူစစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် စစ်ရှောင်များတောင်းဆို
ကချင်ပြည်နယ် ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ခုမှ နေရပ်ကြပြန်မည့် စစ်ရှောင်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် အကူအညီများလိုအပ်နေကြောင်း ဒေသခံများမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာပေါင်း ၁၂ ရွာမှ…
Read More » -
9 May
မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်များ နေအိမ်မရှိသေးဖြင့် ကူညီမှုများ လိုအပ်နေ
မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန် နေရပ်ပြန် စစ်ရှောင်ပြည်သူများအတွက် နေအိမ်မရှိသေးသောကြောင့် မိုးကာတဲတွင် ခိုလှုံနေရဆဲ ဖြစ်ပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ မလိဇွပ်ယန် ဒေသခံ အိမ်ထောင်စု ၃၈ စုသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထ…
Read More » -
8 May
ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ
ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုးနေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ…
Read More » -
4 May
ဂျာပူ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေ
ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ်ရှိ ဂျာပူဒေသခံများသည် စစ်ရှောင်စခန်းမှ နေရပ်ပြန်လည် နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ဂျာပူစစ်ဘေးရှောင်ပြည်သူများသည် မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လူဦးရေ ၅၀၀ ဝန်းကျင်ဖြင့် ကျေးရွာအတွင်းသန့်ရှင်းရေးနှင့် ဆုတောင်းခွန်အားယူခြင်းအစီစဉ်များ ပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်တစ်ဦးက KNG ကိုပြောသည်။ “ကျွန်တော်တို့က ကိုယ်ထူကိုယ်ထနဲ့ကြိုးစားနေကြတာဟုတ်တယ်၊ ကျွန်တော်တို့က ကျွန်တော်တို့ ဒေသကို ထားခဲ့ရတာ ကြာပြီဖြစ်တဲ့အတွက် ကိုယ့်ဒေသကို လာရောက်သန့်ရှင်းရေးလုပ်တယ်။ ကိုယ့်ဒေသမှာ…
Read More » -
3 May
ရွှေကူစစ်ရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြရသည့် ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ရှောင်ပြည်သူများ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင့် ဆေးဝါးကုသပေးမှု အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ ရွှေကူအရှေ့ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့မှုများရှိခဲ့သဖြင့် ရွာပေါင်း ၁၀ ရွာမှ လူနေအိမ်အများအပြား မီးလောင်ပြာကျသွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးရှိခဲ့သည့် အနက် ၇၀၀၀ နီးပါးသည် လက်ရှိတောတွင်းနေရာများတွင် စစ်ရှောင်နေသည်မှာ ၁လ ကျော်ရှိပြီဖြစ်သည်။ ထိုစစ်ရှောင်များအနက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အများစုမှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စီသောင်ကျေးရွာမှစစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “လိုတာကတော့ အများကြီးလိုတယ် အဓိကိုခြုံ ပြီးပြောရမယ်ဆိုရင်တော့အခု ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ငှက်ဖျားနဲ့ တုပ်ကွေးတွေအရမ်းဖြစ်နေကြတယ်။…
Read More » -
2 May
ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာနေကြောင်း သိရသည်။ နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ် “ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။ “သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့“ဟုဒေသခံတစ်ဦးကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။
Read More » -
Apr- 2023 -29 April
ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ
ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီတပ် မှော်ဘုံကျေးရွာမှ…
Read More » -
29 April
နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများ အတွက် နေအိမ်အကူအညီများလိုအပ်နေ
ရှမ်းပြည်နယ်အရှေ့ပိုင်း ကွတ်ခိုင်မြို့နယ် နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာနေထိုင်ရန် နေအိမ်အကူအညီများလိုအပ်နေ စစ်ရှောင်များထံမှ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့တွင် နေရပ်ပြန်ပြီဖြစ်သော်လည်း နေအိမ်မရှိသေးသည့်အတွက် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန်စစ်ရှောင်တစ်ဦးက…
Read More »









