စစ်ပြေးဒုက္ခသည်များ
-
May- 2023 -3 May
ရွှေကူစစ်ရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြရသည့် ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ရှောင်ပြည်သူများ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင့် ဆေးဝါးကုသပေးမှု အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ ရွှေကူအရှေ့ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့မှုများရှိခဲ့သဖြင့် ရွာပေါင်း ၁၀ ရွာမှ လူနေအိမ်အများအပြား မီးလောင်ပြာကျသွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးရှိခဲ့သည့် အနက် ၇၀၀၀ နီးပါးသည် လက်ရှိတောတွင်းနေရာများတွင် စစ်ရှောင်နေသည်မှာ ၁လ ကျော်ရှိပြီဖြစ်သည်။ ထိုစစ်ရှောင်များအနက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အများစုမှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စီသောင်ကျေးရွာမှစစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “လိုတာကတော့ အများကြီးလိုတယ် အဓိကိုခြုံ ပြီးပြောရမယ်ဆိုရင်တော့အခု ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ငှက်ဖျားနဲ့ တုပ်ကွေးတွေအရမ်းဖြစ်နေကြတယ်။…
Read More » -
2 May
ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာနေကြောင်း သိရသည်။ နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ် “ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။ “သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့“ဟုဒေသခံတစ်ဦးကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။
Read More » -
Apr- 2023 -29 April
ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ
ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီတပ် မှော်ဘုံကျေးရွာမှ…
Read More » -
29 April
နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများ အတွက် နေအိမ်အကူအညီများလိုအပ်နေ
ရှမ်းပြည်နယ်အရှေ့ပိုင်း ကွတ်ခိုင်မြို့နယ် နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာနေထိုင်ရန် နေအိမ်အကူအညီများလိုအပ်နေ စစ်ရှောင်များထံမှ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့တွင် နေရပ်ပြန်ပြီဖြစ်သော်လည်း နေအိမ်မရှိသေးသည့်အတွက် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန်စစ်ရှောင်တစ်ဦးက…
Read More » -
29 April
ဗန်းမော်တွင် ကျေးရွာ ၃ ရွာမှ စစ်ရှောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၃ ခုမှ စစ်ကြောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ဧပြီလ ၂၆ ရက်နေ့မှစတင်ကာ တိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ခဲမနိုင်၊…
Read More » -
25 April
မလိဆွတ်ယန်စစ်ရှောင်များ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မလိဆွတ်ယန် စစ်ရှောင်များ ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဖြစ်ကြောင်းသိရသည်။ မြစ်ကြီးနား– ဆင်ဘိုလမ်းပေါ်ရှိ မလိဆွတ်ယန် ဒေသခံစစ်ရှောင် ၂၀၀ ကျော်သည် နေရပ်ပြန်ရန်အတွက် ကူညီထောက်ပံ့မှုမရှိသည့်အတွက် ပြန်လည်နေထိုင်ရန် နေအိမ်အခက်ခဲများရှိနေသော်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့်…
Read More » -
22 April
ထီးချိုင့်တောင်ဘက်ခြမ်းတွင် စစ်ကြောင်းဝင်ရောက်ထိုးနေသည့်အတွက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ ၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များထံမှသိရသည်။ စစ်အင်အား၁၂၀ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယမန် နေ့နေ့လည် ၁၂နာရီဝန်းကျင်မှစကာ ညောင်ပင်သာရွာတွင်းဝင်ရောက်ပြီး နေအိမ်၂လုံးမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ယနေ့နံနက်ပိုင်း ၈နာရီဝန်းကျင် ညောင်ပင်သာရွာအနောက်ဘက်…
Read More » -
21 April
နေရပ်ပြန် စစ်ရှောင်များအတွက် ဒေသခံဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု ဦးခက်ထိန်နန် ပြောဆိုခဲ့
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဝိုင်းမော်မြို့နယ်ရှိ နေရပ်ပြန်ကျေးရွာများကို ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု စစ်ကောင်စီ ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန် သွားရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ဦးခက်ထိန်နန်သည် နေရပ်ပြန် စစ်ရှောင်ကျေးရွာများဖြစ်ကြသော ဂါးရာယန်၊ ကဇူး၊ ဒဘတ် စသည့်ကျေးရွားများသို့ သွားရောက်ခဲ့ပြီး ယခုလို ပြောဆိုခဲ့ကြောင်း ကဇူးဒေသခံ တစ်ဦးက KNG ကိုပြောသည်။ “ကျွန်တော်တို့မှာ ကျောင်းတွေ…
Read More » -
20 April
ပဇီကြီးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာ
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားအစုပြုံလိုက်သေဆုံးခဲ့သည့် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စစ်အင်အား ၁၅၀ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် နေရာယူထားသည်ဟု သိရသည်။ စစ်အင်အား ၁၅၀ ခန့်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူနယ် မလည်ကျေးရွာတွင် ညအိပ်တပ်စွဲပြီး…
Read More » -
20 April
ကားမိုင်း ရှိ လိုင်နှောင်းခူး စစ်ရှောင်များကို ပြန်လည်နေရာချထားပေး
ကားမိုင်းမြို့ ထွယ်ဆန့်ယန် ရပ်ကွက်တွင် ၇ နှစ်ခန့်အကြာ စစ်ဘေးရှောင်နေရသော Lai Nawng Hku (မံဝယ်) စစ်ရှောင်ပြည်သူများသည် လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်တော့သဖြင့် ပြန်လည်နေရာချပေးသည့်နေရာတွင် နေထိုင်ရန် စီစဉ်ထားပြီဟု သိရသည်။ လိုင်နှောင်းခူးကျေးရွာမှ ထွက်ပြေးလာသော စစ်ရှောင်အိမ်ထောင်စု ၃၈ စုရှိသည့်အနက် ၂၆ စုသည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် KBC ဖြစ်ပြီး ၁၂ စုသည် ကတ်သလစ်အသင်းတော်မှ…
Read More »