သတင်း

  • Nov- 2024 -
    1 November

    နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်

    ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။…

    Read More »
  • 1 November

    ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။…

    Read More »
  • 1 November

    ကွတ်ခိုင်မြို့ Asia World တိုးဂိတ်အနီး စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲ ပြည်သူတစ်ဦးသေဆုံး

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်းထပ်ပြီးဗုံးကြဲလို့ အရပ်သားပြည်သူတစ်ဦးသေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ ဒီမနက် ၃ နာရီခွဲဝန်းကျင် ကွတ်ခိုင်ကနေ မူဆယ်ဘက်သွားတဲ့လမ်း Asia…

    Read More »
  • Oct- 2024 -
    31 October

    အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။…

    Read More »
  • 31 October

    မိုးမောက်အပါ နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ထိုးဖောက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံး KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တဲ့ စစ်ကောင်စီတပ်သားတွေက မိုးမောက်မရောက်မှီ ၆ မိုင်၊ ၇ မိုင် အောင်မြေကျေးရွာအနီးတဝိုက်မှာရှိနေပြီး KIA တပ်တွေနဲ့ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။…

    Read More »
  • 31 October
    photo- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်

    ကချင်အထူးဒေသ (၁)…

    Read More »
  • 30 October

    ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး  ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ  ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။…

    Read More »
  • 30 October

    ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားသာဝင်ထွက်ခွင့်ပြုနေ 

    ကချင်အထူးဒေသ (၁) ဖီမော်မြို့နယ် နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေတော့ အဝင်အထွက်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက် မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေအကြား ပန်ဝါမြို့ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်မှာတော့ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အတော်များများကိုပိတ်လိုက်တာဖြစ်ပါတယ်။…

    Read More »
  • 30 October

    မီတာယူနစ်မဖတ်ဘဲ မီးကြေးကောက်ခံနေ

    မြစ်ကြီးနားမြို့မှာ မီတာယူနစ်မဖတ်ဘဲ မီတာကြေးကောက်နေတယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ပြည်သူတွေပြောပါတယ်။ ပြိီးခဲ့တဲ့ ဇူလိုင်လ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ရေကြီး၊ရေလျှံမှုတွေဖြစ်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့ ရမ်ပူ၊ကြက်ပေါင်ခြံ၊မြို့သစ်ကြီး၊ ကွက်ကစ်ရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့ရေနစ်မြုပ်ပြီး မီတာဘောက်အများပိုင်းပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။…

    Read More »
  • 29 October

    ဆိုင်းတောင်ပြည်သူတစ်ချို့နေရပ်ပြန်နေထိုင်ခွင့်ရ၊ 

    ဖားကန့် မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတစ်ချို့နေရပ်ပြန်လာနေထိုင်ခွင့်ရပြီဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ တစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ကာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။…

    Read More »
Back to top button