သတင်း
-
May- 2024 -20 May
ဝိုင်းမော် ခါနန်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များစာနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မုတ်ကျိတ်(Muk…
Read More » -
20 May
မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်နေပြီး ကားလမ်းပိတ်ထားပေမယ့် သစ်ကားကြီးတွေက ညတိုင်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တန်ဖရဲရွာကနေကျော်တက်သွားပြီး အခုတော့ ဟိုး..အထက်ဘက် ဆက်ထုတ်နေတယ်။ ဆွမ်ပရာဘွမ်လမ်းဘက် ထုတ်နေတယ်။ မရပ်မနား ဆက်တိုက်ပါပဲ။ ညပဲဖြတ်တယ်။ အဲဒီသစ်ကားကြီးတွေက အရှိန်နဲ့ အရမ်းမြန်မောင်းတယ်လေ။ သူတို့သစ်ကားဖြတ်ပြီဆို လူကိုလည်း တိုက်ပစ်လိုက်တယ်၊ ကျွဲ၊နွားတွေကိုလည်း တိုက်ပစ်လိုက်တယ်။ တစ်ညတည်းမှာ နွား ၂ ကောင်ကို ကားနဲ့တိုက်သွားတာရှိတယ်။ သူတို့ အဲလိုကားနဲ့တိုက်တာကြောင့် ရွာက နွားတွေတောင် တော်တော်သေတယ်။ ညပဲသွားတယ်။ နေ့ဆို လုံး၀ မတွေ့ဘူး။ ည ၁၀ နာရီဆိုတာနဲ့သွားပြီ။ တစ်ညမှာ ကားအစီး ၂၀ ကျော်လောက်ဖြတ်တယ်”လို့ တယန်ဇွပ်ဒေသခံတစ်ဦးက ပြောပါတယ်။…
Read More » -
20 May
ဖားကန့်မြို့နယ်ထဲက KIO/ KIA ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက KIO/ KIA ထိန်းချုပ်နယ်မြေအားလုံးမှာ အခြေခံပညာရေးကျောင်းဖွင့်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သက်ဆိုင်တဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။…
Read More » -
20 May
ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin…
Read More » -
18 May
ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA…
Read More » -
18 May
ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။…
Read More » -
17 May
-
17 May
ပူတာအိုမှာ တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့ စတင်ရောင်းချပေး
ကချင်ပြည််နယ် ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေထွန်ယက်မယ့်တောင်သူတွေအတွက် ဒီဇယ်ဆီခွဲတမ်းစနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ ပူတာအိုမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ မေလ ၁၆ရက်နေ့ မနက်ပိုင်းကနေစပြီး လယ်ယာမြေထွန်းယက်မယ့် ပူတာအိုမြို့ပေါ်ပြည်သူတွေနဲ့ မြို့နယ်အတွင်းကကျေးရွာနေပြည်သူတွေကို စစ်ကောင်စီတပ်က လယ်တစ်ဧက ဒီဇယ်တစ်ဂါလံနှုန်းနဲ့ စတင်ရောင်းချပေးနေတာလို့ ပူတာအိုခံအမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
16 May
NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေကို စက်သုံးဆီရောင်းချခွင့်ပိတ်ပင်ကြောင်း ဟုမ္မလင်း ပအဖထုတ်ပြန်
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့နယ်မြေတွေမှာ စက်သုံးဆီသယ်ယူရောင်းချခွင့်မပြုဘူးလို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မုံရွာ၊ ကျွန်းလှနဲ့ တစ်ခြားမြို့နယ်တွေကနေ ဟုမ္မလင်းမြို့နယ်ထဲကိုသယ်ဆောင်လာတဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်း NUG စိုးမိုးထားတဲ့နယ်မြေအတွင်းမှာပဲ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။…
Read More » -
16 May
နမ့်ဗျူ(Nambyu) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မေလ ၁၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ပြီး တပ်စခန်းတစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နမ့်ဗျူမှော် စစ်ကောင်စီတပ်စခန်းကို KIA တပ်က မေလ ၁၁ ရက်နေ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက်အကြာမှာ တပ်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ နမ့်ဗျူမှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုအတည်ပြုပြောပါတယ်။…
Read More »









