,
(၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့ အထိမ်းအမှတ်နေ့ ပြုလုပ်ရန် ပြင်ဆင်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်း (၈) နယ်မြေသို့ မြန်မာစစ်တပ် စစ်ကြောင်းများ တက်လာနေကြောင်း ဆိုပါသည်။ နှစ်ပတ်လည်နေ့ကို နမ္မတူမြို့နယ် Bang Gaw ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားရာ အောက်တိုဘာ (၂၄)ရက်နေ့က တပ်မတော် စစ်ကြောင်းများ တက်လာခြင်းကြောင့် နှစ်ဖက် စစ်ရေး တင်းမာလာနိုင်ကြောင်း KIA တပ်ရင်း(၈) သတင်းရပ်ကွက်က
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး တံတားအမှတ် (၂) ကို အသစ်တည်ဆောက်နိုင်ရန် စီမံချက် ရေးဆွဲနေပြီဖြစ်ကြောင်း ပြည်နယ် လမ်းတံတားဦးစီးဌာန တံတားဆောက်လုပ်ရေးအဖွဲ့ (၁) မှ သိရပါသည်။ ၂၀၁၉-၂၀၂၀ အတွင်း မြစ်ချောင်းတိုင်းတာခြင်း ၊ လမ်းဦးကြောင်းရှာခြင်း ၊ တံတား ဦးကြောင်းရှာခြင်း နှင့် မြေစမ်းသပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပြီးနောက် သတ်မှတ်ထားသည့် ဘတ်ဂျတ်နှစ်အတွင်း တံတားပုံစံထုတ်ခြင်းကို အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာ
‘ကချင်စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး’ ခေါင်းစဉ်သတ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မြန်မာစစ်တပ်နှင့် နှစ်ဖက်အပစ်ရပ် လက်မှတ်ထိုးရန် ကြိုးပမ်းနေသည်ဟု ဆိုသည့်သတင်းကို အကောင်းဘက်ကမြင်သော်လည်း စိုးရိမ်းမှုများရှိနေကြောင်း စစ်ရှောင်များကြား ပြောဆိုနေကြပါသည်။ အောက်တိုဘာလ (၂၅)ရက်၊ သောကြာနေ့ ကျရောက်သည့် (၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အထိမ်းအမှတ်နေ့ ထုတ်ပြန်သည့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen Nban La) မိန့်ခွန်းတွင် “ရန်သူနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့
ကချင်ပြည်နယ် မြို့ကြီးများအတွင်း ရပ်ကွက်အလိုက် အမှိုက်များလိုက်လံ သိမ်းဆည်းရန် ၀န်ထမ်း နှင့် စက်ယန္တရား မလုံလောက်မှုကြောင့် အခက်အခဲရှိနေကြောင်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောဆိုခဲ့သည်။ “မြစ်ကြီးနားမြို့မှာ ရပ်ကွက် ၂၈ ခု ရှိတယ်။ စည်ပင်ကားက ၁၆ စီးပဲရှိတယ်။ အဲဒီမှာ နည်းနည်း အားနည်း နေသေးတယ်။”ဟု ၄င်းက ဆိုသည်။ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပထမဆုံး
ကချင်ပြည်နယ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်မယ့် နန်ကျင်စီးပွားရေးဇုန်ကိစ္စကို သဘောတူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်နယ်အစိုးရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီနဲ့ တရုတ်ကုမ္ပဏီတို့ကြား ၂၀၁၈ မေလ ၈ ရက်နေ့က သဘောတူစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပေမဲ့ ဒေသခံတွေကတော့ ဒီအကြောင်းကို အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။ “ကျနော်တို့ ဒီကတောင်သူတွေကတော့ ဒီစီမံကိန်းကို ခဏဆိုင်းငံ့ထားစေချင်တယ်ဗျာ။ ကောင်းကျိုးရှိမှာဖြစ်ပေမဲ့ ကျနော်တို့ ဒေသခံတွေအတွက် ဆိုးကျိုးပိုဖြစ်လာမလား၊ ဘယ်သူ့ကို ပြောပြရမလဲ စဉ်းစားရခက်တယ်။ အစိုးရဘက်ကိုလည်း
ကချင်စစ်ဘေး ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်တာကြောင့် ထောင်ချခံခဲ့ရတဲ့ လူငယ်ခေါင်းဆောင် ၂ ဦးရဲ့ အယူခံတင်ပြမှုကို ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်ပါတယ်။ မဆိုင်းနူးပန်နဲ့ ကိုပေါလု တို့ ၂ ဦး အပြစ်မရှိကြောင်း အယူခံကို အောက်တိုဘာလ ၁၇ ရက်နေ့တင်ပြခဲ့ရာ အဲဒီနေ့မှာပဲ ပြည်နယ်တရားရုံးက ပယ်ချခဲ့တာပါ။ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့တုန်းကလည်း ခရိုင်တရားရုံးမှာ အယူခံပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ “ကချင်ပြည်နယ်တရားစီရင်ရေးက ယုံကြည်စရာမရှိတော့ဘူးဆိုတဲ့ အဖြေတစ်ခုတော့
လူငယ်နှင့် နိုင်ငံရေး အသိပညာပေး ဟောပြောပွဲအစီအစဉ်ကို ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP လူငယ် ဌာန ဦးစီးပြီး အောက်တိုဘာလ ၁၁ ရက်နေ့ မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ လူငယ်များအနေဖြင့် လွပ်လပ်စွာပြောဆိုခွင့်နှင့် ဥပဒေအရ မိမိကိုယ်ကို ကာကွယ်နိုင်မှုရစေရန် အသိပညာပေးသည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု KSPP လူငယ်ဌာန ခေါင်းဆောင် ကို ဂျန်ခုန် က ပြောပါသည်။ “လူငယ်တွေ နိုင်ငံရေးဘက်မှာ ပိုပြီး
လုံခြုံစိတ်ချပြီဟု ယူဆသောစစ်ရှောင်ကျေးရွာများကို နေရပ်ပြန်ပို့ရန် အစိုးရဘက်မှ ကြိုးစားလုပ်ဆောင်နေသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ လုံခြုံရေး အာမခံချက်တစ်စုံတစ်ရာ မရှိသေးသောကြောင့် နေရပ်ပြန်ရန် အချိန်မတန်သေးကြောင်း စစ်ရှောင်ပြည်သူအချို့က ပြောဆိုပါသည်။ လွန်ခဲ့သည့် စက်တင်ဘာလအတွင်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံမှ စစ်ရှောင်စန်းများသို့ ညွန်းကြားစာ တစ်ခုပေးပို့ခဲ့ပြီး ထိုအထဲတွင် ကချင်ပြည်သူများသည်၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ စစ်ရှောင်အဖြစ် တိမ်းရှောင်နေသည်မှာ နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ယခုချိန် နယ်မြေ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီ ဖြစ်သဖြင့် မိမိတို့မူရင်းဒေသသို့ ပြန်လည်
မြစ်ကြီးနားမြို့ရှိ အခြားစစ်ရှောင်စခန်းများ ကဲ့သို့ ကူညီထောက်ပံ့မှုမရရှိသော ပမ္မတီးနယ်မြေ ၅ ရှိ စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာနှင့်အတူ ကလေးများ၏ ကျန်းမာရေး နှင့် ပညာရေးထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။ “ဒီ Camp ကို တရားဝင်အသိမှတ်မပြုတဲ့ သဘောသက်ရောက်တဲ့ အတွက်ကြောင့် တစ်ချို့အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေ ခက်ခဲတယ်တဲ့လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကရော လိုအပ်တဲ့ဟာတွေကို တင်ပြတယ်။ အဲဒါကို ကျနော်တို့ လူမှုရေးဝန်ကြီး ကိုယ်တိုင်လည်း ဘာဖြစ်လို့ ကြန့်ကြာလဲရသလဲဆိုတာမေးတယ်။”