သတင်း

ကချင်လူငယ်တွေကို တော်လှန်ရေးမှာပါဝင်ဖို့ လူအင်အားဖိတ်ခေါ်တဲ့ KIO ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကချင်လူငယ်တွေကို တော်လှန်ရေးမှာအတူ ပါဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ KIO ဗဟိုဌာနချုပ်ထုတ်ပြန်ချက် မဟုတ်ပေမယ့် KIO/KIA ကို စတင်တည်ထောင်ခဲ့တဲ့ဒေသလည်းဖြစ် လက်ရှိ ရှမ်းမြောက်အခြေစိုက် KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဖိတ်ခေါ်တဲ့စာ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်ကနေ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖြစ်စတင်ဖွဲ့စည်းပြီး တော်လှန်ရေးကာလ နှစ်ပေါင်း ၆၀ ကျော်မှာ တပ်သားသစ်စုဆောင်းရေးအတွက် နည်းမျိုးစုံသုံးခဲ့ရပြီး အခုလို ထုတ်ပြန်ချက်နဲ့ ဖိတ်ခေါ်တဲ့အပေါ် ကြိုဆိုနေကြပါတယ်။

ရှမ်းမြောက် ကချင်ဒေသခံလည်းဖြစ် KIA စစ်သင်တန်းဆင်းလည်းဖြစ်တဲ့ လူငယ်အမျိုးသမီး တစ်ဦးကအခုလိုခေါ်တာက ကောင်းတာပေါ့ ဘာလို့ဆိုအကုန်တိုက်နေတာဆိုတော့ အကုန်ပါဝင်သင့်ပြီ သူတို့လည်း ခေါ်သင့်နေပြီ ကျွန်မကတော့ သွားဖို့ဆုံးဖြတ်ထားပြီ သွားမှာဘဲ လို့ ပြောပါတယ်။

လက်ရှိ မြောက်ပိုင်းညီနောင်မဟာမိတ်က ၁၀၂၇ စစ်ဆင်ရေးစတင်နေချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ၎င်းလှုပ်ရှားနယ်မြေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

 ရှမ်းမြောက် ကချင်လူငယ်တစ်ဦးကလည်းတခြားတိုင်းရင်းသားတွေလို မြို့သိမ်းတိုက်ပွဲတွေဆင်နွဲဖို့ဆိုရင် အခုလိုကေအိုင်အေ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေဘဲ မဟုတ်ဘဲ ဗဟိုစစ်ဌာနချုပ်ကနေ ခေါင်းဆောင်တွေကိုယ်တိုင် ကချင်လူငယ်တွေ သေချာပါဝင်လာဖို့ ထုတ်ပြန်ချက်ထုတ်သင့်တယ်လို့ မြင်တယ်ဆိုပြီး သူ့အမြင်ကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ၊ ဒေသကာကွယ်ရေးတပ် LPDF တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီကို နေရာအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က အရေးနိမ့်နေတာလည်း ဖြစ်ပါတယ်။

 အာဏာသိမ်းခါစ ကချင်ပြည်နယ်က လူငယ်အများအပြား KIA ထံ စစ်သင်တန်းတက်ရောက်ပြီး တိုက်ပွဲအတွက် စိတ်ပြင်းထန်ခဲ့ပေမယ့် တိုက်ပွဲနည်းပါးတဲ့အတွက် နေရပ်ပြန်သွားတဲ့လူတွေလည်းရှိတယ် လူငယ်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

အားလုံးက အာဏာသိမ်းတော့ စစ်သင်တန်းသွားတက်ကြတယ် ဒါပေမယ့် စစ်ခေါ်မတိုက်တော့ ပြန်လာကြတယ်။ ဒါပေမယ့် ပေါ်တာဆွဲတာထက် အခုလို ထုတ်ပြန်ချက်သေချာ ထုတ်ပြီးခေါ်တော့ အခုရဲ့ အခြေနေအရဆို ပိုသွားချင်ကြမှာဘဲ။ ကျွန်မလို စစ်သင်တန်း မတက်ထားတဲ့သူတောင်သွားချင်တယ် လို့ ပြောပါတယ်။

ရှမ်းမြောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄၊ ၆ နဲ့ ၁၀ စတဲ့ တပ်မဟာ ၃ ခု နဲ့ လှုပ်ရှားနေတာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button