ကျောက်စိမ်း

  • Sep- 2023 -
    12 September
    သတင်း

    ကျောက်စိမ်းတူးနေတဲ့ အမျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျပျောက်ဆုံးနေ

    ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ကထန်နဲ့– ဆန်ခါရွာကြားမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်နေရာမှာ လက်လုပ်ကျင်းတူးနေတဲ့အမျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျပြီး ရေနစ်မြုပ်ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ  စက်တင်ဘာလ ၁၂ ရက်နေ့ ဒီမနက် အစောပိုင်းမှာ အရင်တောက်ပကြယ်ကုမ္ပဏီကျင်းဟောင်း နေရာတစ်နေရာမှာ လက်လုပ်ကျင်းကျောက်စိမ်းတူးနေရာကနေ အောက်ခြေရှိ ရေကန်ထဲကို ပြုတ်ကျသွားတာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “အမြင့်ပေ တစ်ရာကျော်လောက်ရှိမယ်၊အဲ့ဒီကနေ ကျခဲ့တာ၊အခုထိ ရှာမတွေ့သေးဘူး”လို့ မြန်မာနိုင်ငံလူမှုကယ်‌ဆယ်ရေးအဖွဲ့ (Rescue) အဖွဲ့ တာဝန်ရှိသူက…

    Read More »
  • 8 September
    သတင်း

    စဗျစ်ခူးရွာကို ရွာလုံးကျွတ်ပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖို့ စီစဉ်နေ

    ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု စ‌ဗျစ်ခူးမှော်ကျေးရွာတစ်ရွာလုံးကိုပြောင်းရွှေ့ပြီး ကျောက်စိမ်းတူးဖော်ဖို့ စီစဉ်နေကြတယ်လို့ စဗျစ်ခူးကျေးရွာက ပြည်သူတွေ ပြောပါတယ်။ စက်တင်ဘာ လဆန်းကပိုင်းကစပြီး ကချင်လွတ်‌လပ်ရေးတပ်မတော် KIA  တပ်ရင်း ၆ ဦးဆောင်ပြီး အိမ်တန်ဖိုးအမျိုးအစားအလိုက် A,B,C ခွဲပြီး ညှိနှိုင်းနေဆဲဖြစ်တယ်လို့ စဗျစ်ခူးကျေရွာက…

    Read More »
  • Jul- 2023 -
    31 July
    သတင်း

    လုပ်ငန်းရှင်တွေ ပစ်မှတ်ထားဖိနှိပ်လာတဲ့ဖားကန့်

    “ဖမ်းသွားတဲ့ စက်တွေက သိန်း ၁၇၀၀၀ နဲ့ပြန်ရွေးလိုက်ရတယ် အခုတော့ဘာမလုပ်တော့ဘူးဗျ နားလိုက်ပြီ” ဒါကတော့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို ၆ နှစ်ကျော်လုပ်လာပြီးမှ စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် လုပ်ငန်းရပ်နား သွားတဲ့ လုပ်ငန်းရှင်တစ်ဦးပြောပြသွားတာပါ။ သူရဲ့အမည်နာမကိုတော့လုံခြုံရေးကြောင့်ဖော်ပြခွင့်မပေးထားပေမယ့် အမည်လွှဲကိုဌေးလို့သုံးခွင့် ပေးထား ပါတယ်။ကိုဌေးက ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ငန်းလုပ်လာတာ ၆နှစ်ကျော်ရှိလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေလ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီဝင်စီးခံရပြီးနောက် စက်ယန္တရားအသိမ်းခံလိုက်ရတာကြောင့်  လုပ်ငန်းနားထားတာ ၂လကျော်ပြီလို့သူကပြောပါတယ်။ ကမ္ဘာကျော်ကျောက်စိမ်းတွေထွက်တဲ့ ဖားကန့်ဒေသဟာ စစ်တပ်အာဏာမသိမ်းမှီတုန်းကတော့ အခြေခံလူတန်း စားတွေ၊ သူဌေးလောင်း၊ လောပန်းလောင်ဖြစ်ချင်တဲ့ လူငယ်…

    Read More »
  • May- 2023 -
    30 May
    သတင်း

    ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက်အတွင်း ပြည်သူ ၅၀ ကျော် ထပ်မံ ဖမ်းဆီးခံရ

    ဖားကန့်မြို့နယ် ဆန်ခါနှင့် မော်မောင်းလယာန် ကျေးရွာတစ်လျှောက်ရှိသော ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်နေရာများတွင် စစ်ကောင်စီတပ် အင်အားများဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် လုပ်ကွက်အတွင်းရှိသော ကျောက်စိမ်းတူဖော်နေသည့် အရပ်သားပြည်သူများ  ၅၀ ဦးထက်မနည်းကို ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ မေလ ၂၉ ရက်နေ့  ညနေပိုင်း…

    Read More »
  • 29 May
    သတင်း

    ဆိုင်းတောင်တွင် တရုတ်သူဌေးအိမ် ဓားပြတိုက်ခံရပြီး ကျောက်စိမ်းနှင့်ငွေသား သိန်းတစ်သောင်းကျော်လုယူသွား

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် မေလ ၂၈ ရက်နေ့ တရုတ်သူဌေး အိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ငွေသားနှင့် ကျောက်စိမ်းတုံးများပါသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၈ ရက်နေ့ ည ၉ နာရီအခွဲအချိန်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သည့်…

    Read More »
  • 29 May
    သတင်း

    ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်း ဖမ်းဆီးခံရသည့် ရေမဆေးသမား ၂၀ ကျော်ပြန်မလွတ်သေး

    ဖားကန့်မြို့နယ် မော်မောင်းလယာန် နှင့် မော်ဝမ်းကြီး ကျေးရွာကြားရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရေမဆေးသမား ၂၀ ကျော်ဖမ်းဆီးသွားရာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၇ ရက်နေ့ ည ၉ နာရီအချိန် …

    Read More »
  • Apr- 2023 -
    4 April
    သတင်းဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်နေရာမြင်ကွင်း

    ကျောက်စိမ်းလုပ်ကွက်အတွင်း စစ်ကြောင်းဝင်ရောက်ပြီး ဘက်ဟိုးယာဉ်အချို့ဖမ်းဆီးခံရ

    ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်များတွင် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး ဘတ်ဖိုးယာဥ်အချို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။ ဧပြီလ ၃ ရက်ညပိုင်း အင်အား ၄၀ ခန့် စစ်ကောင်စီ တပ်သားများသည် အရပ်ဝတ်၊ အိမ်စီးကားများဖြင့် မှော်စီရွာကျေးရွာသို့ ဝင်ရောက်လာပြီးနောက် ကျောက်စိမ်းကုမ္ပဏီလုပ်ကွပ်များရှိ ကားနှင့် ဘတ်ဖိုးယာဥ်များကို ဖမ်းဆီးထားကြောင်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကို…

    Read More »
  • Feb- 2023 -
    21 February
    သတင်း

    ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲများ ရွှေ့ပြောင်းရန် ဖိအားပေးနေ

    ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်အတွက် နေအိမ် တဲ ၁၅၀ ခန့်ကို ယခုသီတင်းပတ်အတွင်း ရွှေ့ပြောင်းပေးကြရန် ဖိအားပေးခံနေသည်ဟု သိရသည်။ “ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ကျလာခဲ့လို့ ရွှေ့ပြောင်းခိုင်းတယ်လို့ ပြောပါတယ်၊ အခုရက်ပိုင်းအတွင်း ရွှေ့ရမယ်လို့ ပြောလာခဲ့ပါတယ်“ဟု ယင်းနေရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။ နေအိမ်တဲများအား ရွှေ့ပြောင်းရန်…

    Read More »
  • Dec- 2022 -
    8 December
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ် အနီး ဝှေခါကျေးရွာနှင့် မှော်ကလုံ ကျေးရွာဧရိယာတွင် ကျောက်စိမ်းတူးဖော်မှုကြောင့် လမ်းထိခိုက်ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။ အောက်တိုဘာ လဆန်းပိုင်းကတည်းက အဆိုပါဒေသတွင် စက်ယန္တာရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်လာသည့်အတွက် အင်းတော်ကြီး –ဖားကန့် လမ်းပိုင်းပျက်စီးလာပြီး အသွားအလာ ခက်ခဲသွားမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။ “အဲ့ဘက်ဝှေခါဘက်မှာက အခုမှစလုပ်လာတာ မိုးတွင်းဆိုအဲ့ဘက်ကလုပ်လို့မရဘူး။ အခုပွင့်လင်း ရာသီဝင်လာလို့ သူတို့တွေစလုပ်လာနေကြတာ တကယ်ဆို အဲ့မှာကလုပ်ကိုမလုပ်သင့်ဘူးဗျ ဘာလို့ ဆိုရင်…

    Read More »
  • Nov- 2022 -
    24 November
    သတင်းဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်နေရာမြင်ကွင်း

    ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

    ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော်ဖမ်း ဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ တစ်နိုင်တစ်ပိုင် ကျောက်တူးပြီးပြန်လာသည့် ကျောက်တူးသမား ၃၀ ကျော် နိုဝင်ဘာ ၂၃ ရက်နေ့ ည ၅နာရီ ခွဲ…

    Read More »
Back to top button