ခင်ဦး

  • သတင်း

    ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ထွက်ပြေးရင်း အမျိုးသားတစ်ယောက် အမောဖောက်သေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ခင်ဦးနယ် အရှေ့တောင်ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီအဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “စစ်ကြောင်းလာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ် တွေနဲ့ရမ်းသမ်းပစ်တာပေါ့ အဲ့ချိန် ကလေးတွေရော သွေးနုသားနုမိခင်တွေရော ထွက်ပြေးကြရတာပေါ့…

    Read More »
  • သတင်း

    ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းနဲ့ ရွာတွေကိုဝင်ရောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦးလက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။ “ခင်ဦးနယ်အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မကဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ဦးလည်းပါတယ်”လို့…

    Read More »
  • သတင်းဓာတ်ပုံ-ဇူလိုင်၂၀ ဒီကနေ့ မနက်ပိုင်းထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ(ခင်ဦး သတင်းမှန်ပြန်ကြားရေး)

    ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၈နာရီဝန်းကျင်မှာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးနယ် မူးသာရွာက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတဲ့ အတွက် ၅ရက်အတွင်း သေဆုံးသူ၄ဦးအထိရှိလာတာဖြစ်ပါတယ်။ “သူတို့ကရေဦးနဲ့အစပ် ခင်ဦးဘက်ကရွာတွေကို လက်နက်ကြီးနဲ့ရမ်း သမ်းပစ်ခတ်နေတာ…

    Read More »
  • သတင်းဓာတ်ပုံ-ဇူလိုင်၁၆ရက်နေ့ ခင်ဦးမှ စစ်ဘေးရှောင်မျာ

    ခင်ဦးမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထားပါတယ်။ ဇူလိုင်၁၆ရက်နေ့ မနေ့က နေ့လည် ၁နာရီလောက်မှာ အင်းပတ် ကွေ့ဈေးတန်းကအထိုင်ချစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကသူတို့စခန်းနဲ့မီတာ ၃၀၀လောက်အကွာမှာရှိတဲ့ အင်းပတ်ရွာကို ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ အင်းပတ်ကပေါ့ စစ်ဘေးရှောင်နှစ်ဦး လက်နက်ကြီးထိတာပေါ့တစ်ဦးကတော့ပွဲချင်းပြီးဆုံးသွားတယ် တစ်ဦးကတော့ ဆေးကုသမူခံယူနေရဆဲပါ”လို့ပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသူဟာ…

    Read More »
  • သတင်းphoto-ဇူလိုင်လ၇ရက်နေ့နဲ့၈ရက်နေ့ ထွက်ပြေးနေရတဲ့ ခင်ဦးကစစ်ဘေးရှောင်များ

    ခင်ဦးမှာ ကလေးနဲ့ သက်ကြီးရွယ်အို ၃၀၀ ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင် စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ပေါင်းပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်သက်ကြီးရွယ်အိုနဲ့ကလေးငယ် ၃၀၀ကျော်အပါအဝင် ဒေသခံ ၃ထောင် ကျော်ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေထံကနေ သိရပါတယ်။ အင်းပတ်ကွေ့အထိုင်စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးပူးပေါင်းအဖွဲ့အင်အား၂၀ကျော်က ဇူလိုင်လ ၇ရက်နေ့ကစပြီး ကျေးရွာတစ်ချို့မှာ ဝင်ရောက်စီးနင်းခဲ့ကြတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ နှစ်ရက်ရှိပြီ သူတို့အထိုင်စခန်းတွေနဲ့အနီးနားကရွာတွေကိုအကြမ်းဖက် ဝင်ရောက်ပြီးဒုက္ခပေးနေတာ ပြေးနေရတဲ့ဒေသခံတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ကလေးပေါင်းကို ၃၀၀ကျော် ၄၀၀ ဝန်းကျင်ရှိတယ် ဒေသခံ အားလုံးပေါင်းကို ၃၀၀၀ကျော်ရှိတယ်ဗျ” လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က…

    Read More »
  • လူ့အခွင့်အရေးချိုးဖောက်မှု

    ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကျေးရွာ ၇၅ ရွာမီးရှို့ခံရ

    ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၅ ရွာအထိ ရှိလာပြီး မီးဘေးသင့်ပြည်သူ ၃ သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ၂၀၂၃ ဖေဖော်ဝါရီလမှစပြီး…

    Read More »
  • စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အဘွားအိုတစ်ဦး အမောဖောက်သေဆုံး

    ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဝင်လာပြီး ကျေးရွာမီးရှို့မှုများကြောင့် စစ်ဘေးရှောင် ထွက်ပြေးရင်း အဘွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ရသည်ဟု သိရသည်။ ဖြစ်စဉ်သည် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အမောဖောက်သေဆုံးသွားသော အဖွားအိုမှာ မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြဝင်းဆိုသူဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိ သူတစ်ဦးကဆိုသည်။ “မနေ့ကမနက်ပိုင်းမှာဖြစ်သွားတာပါ…

    Read More »
  • သတင်း

    သိန်းလေးရာ ကျော်တန်ဖိုးရှိ စစ်ကောင်စီထုတ်အရက်ဘီယာများ ဖမ်းဆီးဖျက်ဆီး

    ခင်ဦးမြို့နယ်ထဲသို့ သယ်ဆောင်လာသော စစ်ကောင်စီထုတ် အရက်ဘီယာ ကား ၃ စီးကို မြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာသိမ်းဆည်းဖျက်ဆီးခဲ့သည်ဟု သိရသည်။  မေလ ၂၀ ရက်နေ့က ခင်ဦးမြို့နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများအား အခွန်ကောက်ခြင်း၊ ပစ္စည်းများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့စဉ် စစ်ကောင်စီထုတ် အရက်ဘီယာများကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းဖျက်ဆီးရခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျနော်တို့က မြို့နယ်ထဲမှာ အခွန်ကောက်တာရှိတယ်။ အဲ့ဒီမှာ ကုန်တင်ကားတွေကို ဘာပစ္စည်းတွေပါလဲ စစ်ဆေးရတာမျိုးရှိပါတယ်။ အဲ့ဒီမှာ စစ်ကောင်စီထုတ်ပစ္စည်းတွေပါလို့ ဖျက်ဆီးရတာပါ။ ဖျက်ဆီးခဲ့တဲ့အရက်ဘီယာတွေကတော့ ကျနော်တို့ထုတ်ပြန်ထားချက်အရသိန်းလေးရာကျော်တန်ဖိုးရှိပါတယ်“ဟုဆိုသည်။ ထုတ်ပြန်ချက်အရ…

    Read More »
  • သတင်း

    ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီ တပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပစ်ခတ်မှုဖြင့် သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အနောက်ခြမ်း ခင်ဦး–ရေဦးလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် မူးတိမ်ချောင်တံတားအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏…

    Read More »
  • စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ

    ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး‌နေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ…

    Read More »
Back to top button