ခင်ဦး

  • May- 2023 -
    22 May
    သတင်း

    သိန်းလေးရာ ကျော်တန်ဖိုးရှိ စစ်ကောင်စီထုတ်အရက်ဘီယာများ ဖမ်းဆီးဖျက်ဆီး

    ခင်ဦးမြို့နယ်ထဲသို့ သယ်ဆောင်လာသော စစ်ကောင်စီထုတ် အရက်ဘီယာ ကား ၃ စီးကို မြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့ ) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာသိမ်းဆည်းဖျက်ဆီးခဲ့သည်ဟု သိရသည်။  မေလ ၂၀ ရက်နေ့က ခင်ဦးမြို့နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ကားများအား အခွန်ကောက်ခြင်း၊ ပစ္စည်းများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့စဉ် စစ်ကောင်စီထုတ် အရက်ဘီယာများကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းဖျက်ဆီးရခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျနော်တို့က မြို့နယ်ထဲမှာ အခွန်ကောက်တာရှိတယ်။ အဲ့ဒီမှာ ကုန်တင်ကားတွေကို ဘာပစ္စည်းတွေပါလဲ စစ်ဆေးရတာမျိုးရှိပါတယ်။ အဲ့ဒီမှာ စစ်ကောင်စီထုတ်ပစ္စည်းတွေပါလို့ ဖျက်ဆီးရတာပါ။ ဖျက်ဆီးခဲ့တဲ့အရက်ဘီယာတွေကတော့ ကျနော်တို့ထုတ်ပြန်ထားချက်အရသိန်းလေးရာကျော်တန်ဖိုးရှိပါတယ်“ဟုဆိုသည်။ ထုတ်ပြန်ချက်အရ…

    Read More »
  • 11 May
    သတင်း

    ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီ တပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပစ်ခတ်မှုဖြင့် သေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အနောက်ခြမ်း ခင်ဦး–ရေဦးလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် မူးတိမ်ချောင်တံတားအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏…

    Read More »
  • 8 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ

    ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး‌နေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ…

    Read More »
  • 2 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာ‌နေကြောင်း သိရသည်။ နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး‌ နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ် “ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။ “သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့“ဟုဒေသခံတစ်ဦးကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

    Read More »
  • Apr- 2023 -
    20 April
    တိုက်ပွဲ

    ခင်ဦးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦး ကျဆုံး

    ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဘက်မှ ၅ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရေဦးမြို့နယ်ဆေးရုံတွင်တပ်စွဲထားသည့် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့်…

    Read More »
  • 19 April
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်း‌ရှောင်နေရ‌ ကြောင်းသိရသည်။ စစ်အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစကာ ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း…

    Read More »
  • Mar- 2023 -
    14 March
    သတင်း

    ခင်ဦးနယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သံဘိုကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းအဖွဲ့က မန်ကျီးတုံရွာမှ…

    Read More »
  • 6 March
    သတင်း

    ခင်ဦးတွင် ကလေးငယ်တစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲသေဆုံးမှုဖြစ်ပွားခဲ့

    ခင်ဦးမြို့နယ် အလယ်ရှိုးကျေးရွာအနီးတွင် ကလေးငယ်တစ်ဦး မပေါက်သေးသည့် ၄၀ မမ ဗုံးသီးတစ်လုံး ကောက်ယူဆော့ကစားနေရာမှ ပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကလေးငယ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသီးကို တောတွင်းတစ်နေရာက နွားကျောင်းသွားရာမှ ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။…

    Read More »
  • May- 2022 -
    17 May
    လူ့အခွင့်အရေးချိုးဖောက်မှု

    ခင်ဦးနယ်တွင် နေအိမ် ၂၃ လုံးကို စစ်ကောင်စီ မီရှို့ခဲ့ပြီး အမျိုးသားနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်

    စစ်ကိုင်းတိုင်း ဒေသကြီး ခင်းဦးမြို့နယ်ရှိ သိပ်တော်ကျေးရွာနှင့် အင်းပတ်ကျေးရွာမှ လူနေအိမ် ၂၃ လုံးကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့ ပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ခင်ဦး ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်အား…

    Read More »
  • 2 May
    သတင်း

    ခင်ဦး တွင် စစ်ကောင်စီတပ်မှ တစ်ရွာဝင်တစ်ရွာထွက် ကျေးရွာများကို မီးတင်ရှို့သွား

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အား အလုံးအရင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီစစ်သားနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ခန့်သည် ယနေ့ မေလ ၂ရက်နေ့တွင်…

    Read More »
Back to top button