သတင်း

ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီ တပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပစ်ခတ်မှုဖြင့် သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အနောက်ခြမ်း ခင်ဦးရေဦးလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် မူးတိမ်ချောင်တံတားအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ တပ်သား၂ဦး သည် ခင်ဦးရေဦးကားလမ်းပိုင်းသို့ ကင်းပတ်လာရာမှ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူတို့က မူးတိမ်ချောင်တံတားမှာ တပ်စွဲထားကြတာ အဲ့ဒီကနေကင်းဝပ်တယ်နဲ့တူပါတယ်။ အဲ့မှာကင်းဝပ်လာရင်း ထိတွေ့မူ ဖြစ်ခဲ့တာပါ။ သေနတ်၂ လက်လည်းသိမ်းဆည်းနိုင်ခဲ့တယ်။ သူတို့ ၂ဦးကိုလည်း ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပါတယ်ဟုခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိတွေ့ပစ်ခတ်မူ ၃ မိနစ်ခန့်သာကြာမြှင့်ခဲ့ပြီး MA 1 သေနတ်တစ်လက်၊ AK 47 သေနတ်တစ်လက်အပြင် 5.56 ကျည် ၁၅ တောင့်နှင့် ကျည်ဘောက်၃ခုတို့ကိုပါ တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မူးတိမ်ချောင်းတံတားအနီး တပ်စွဲအထိုင်ချထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကိုလည်း မကြာခဏစစ်ကြောင်းထိုး စီးနင်းလေ့ရှိသည့်အတွက် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးဘက်မှာက နေအိမ်တွေလည်း ပြောင်သလောက်ရှိလာပြီ တိုက်ပွဲကြောင့် စစ်ရှောင်လည်း ပိုများလာတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

ခင်ဦးနယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်း တပ်စွဲနေထိုင်မှုများလည်း ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button