စစ်ကိုင်း
-
Feb- 2024 -19 Februaryသတင်း
အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက အထိုင်တပ်စွဲလာတဲ့ အင်အား ၂၀ ကျော်ဝန်းကျင်သာရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ…
Read More » -
15 Februaryသတင်း
ကသာမြို့အဝင်ဂိတ်မှာ အမျိုးသား ၆ ယောက်ဖမ်းဆီးခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ခဲ့ပြီး အရပ်သား ၆ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာပဲ ကသာမြို့အဝင်ဂိတ်ကိုဖြတ်တဲ့ အမျိုးသားတွေကို…
Read More » -
14 Februaryသတင်း
စစ်တပ်က စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် ကချင်နဲ့စစ်ကိုင်းအစပ်က တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်တဲ့ လူငယ်တွေများလာ
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းကြောင်းထုတ်ပြန်ပြီးတဲ့ရက်ပိုင်းမှာပဲ ကချင် နဲ့ စစ်ကိုင်းအစပ်က တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်လာတဲ့ လူငယ်တွေများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ စစ်ကောာင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ ကာကွယ်ရေးအင်အားလိုအပ်တယ်ဆိုပြီး ပြည်သူ့စစ်မှုဌာန်းဥပဒေကိုပြဌာန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုထုတ်ပြန်တဲ့နောက်မှာပဲ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်ကောင်စီတပ်ကို…
Read More » -
5 Februaryသတင်း
ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ
“ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာ”လို့ ပြောပါတယ်။
Read More » -
Jan- 2024 -16 Januaryသတင်း
ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲ
စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ကနေ…
Read More » -
16 Januaryသတင်း
ကသာမြို့အဝင်ဂိတ်ဖြတ်သန်းသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ငွေလုယက် တာတွေလုပ်နေ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်အဝင်ဂိတ်ကိုဖြတ်သန်းတဲ့ ကုန်ကားတွေအပါအဝင် ဖြတ်သန်းသူတွေအားလုံးကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေတဲ့အပြင် ကားသမားတွေဆီကငွေလုယက်တာတွေပါရှိတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ဆိုရင် ကသာမြို့အဝင်ဂိတ်ကို ဖြတ်လာတဲ့ ကျွဲ၊နွား ကုန်သည်တွေကို စစ်ကောင်စီတပ်ကစစ်ဆေးပြီး ပါလာတဲ့ငွေသိန်း ၇၀…
Read More » -
Dec- 2023 -28 Decemberသတင်း
ကသာမြို့နယ် ကျောက်ထုံးကြီးရွာကို စစ်တပ်ဗုံးကျဲတိုက်ခိုက်
စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာရော၊ Mi 35 အပါအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ဆီကသိရပါတယ်။ ဒီကနေ့ မွန်းလွှဲပိုင်း…
Read More » -
21 Decemberသတင်း
မိုးတားလေးတိုက်နယ် ပကဖရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် အသတ်ခံရ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ် မိုးတားလေးတိုက်နယ်မှာ မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း စစ်ဆင်ရေးသွားပြီး ပြန်လာတဲ့ မိုးတားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ဝင် ၃ ယောက် စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အသတ်ခံခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါ တယ်။…
Read More » -
18 Decemberသတင်း
ကသာမြို့နယ် ပကဖ အဖွဲ့ရဲ့ သတင်းတာဝန်ခံအပါအဝင် ၃ ယောက်သတ်ဖြတ်ခံရ
ကချင် စစ်ကိုင်းနယ်စပ်၊ ကသာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံတစ်ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကသာမြို့နဲ့ ၅ မိုင်အကွာလောက်က ပင်းမလွှတ်ကျေးရွာကို စစ်ကောင်စီ တပ်ဘက်က ဝင်ရောက်စီးနင်းတဲ့အချိန် သတ်ဖြတ်ခံခဲ့ရတာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…
Read More » -
8 Decemberသတင်း
ဗန်းမောက်မှာ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခု ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်း – ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ဗန်းမောက်မြို့နယ် နဲ့ ပင်လည်ဘူးမြို့နယ်အစပ်မှာရှိတဲ့ အဲ့ဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။…
Read More »









