ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ
,
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံရွာကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၃ရက် ယမန်နေ့ ဆားလင်းကြီး Salingyi GZ Local PDF မှ ရဲဘော်နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ဆားလင်းကြီး PDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နေ့လည် ၁၂နာရီဝန်းကျင်တွင် မုံရွာအနောက်ဖက်ကမ်းမှ တုံရွာဘက်သို့ ဝင်ရောက်လာချိန် ရွာသားများနှင့် ဆားလင်းကြီး PDF အဖွဲ့ဝင်တစ်ချို့တို့ ထွက်ပြေးခဲ့ရာတွင် ဆိုင်ကယ်တစ်စီးတွင် ဓာတ်ဆီပြတ်လပ်သွားသည့်အတွက် ရွာဘက်သို့ ဓါတ်ဆီပြန်လာယူချိန်တွင်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်(မြောက်) ရွာမှ မီးဘေးသင့် ပြည်သူ ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲနေသည့် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ ဝမ်ပေါင်ကုမ္ပဏီအနီး မိုးကြိုးပြင်(မြောက်) ရွာသို့ ဝင်ရောက်စီးနင်းကာ နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သဖြင့် လက်ရှိတွင် လူဦးရေ ၂၀၀၀
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် (မြောက်) ကျေးရွာမှ ယမန်နေ့ ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၂၀ ဦးထဲမှ ၂ ဦးအား စစ်ကောင်စီတပ်မှ ခေါင်းဖြတ်သတ်လိုက်ပြီဖြစ်ကြောင်း Salingyi Revolution Army (SRA) မှ သိရသည်။ ဇွန်လ ၂၁ ရက်နေ့ မိုးကြိုးပြင်ကျေးရွာသို့ လက်နက်ကြီးပစ်ကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာ နေအိမ်များ မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးသွားပြီးနောက်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပင်ရွာ(မြောက်)တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသသတင်းအရင်းအမြစ်မှ သိရသည်။ စစ်အင်အား ၁၀၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၁ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လက်နက်ကြီးများပစ်ခတ်ကာ ရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် လူနေအိမ်များ ၃ပုံ ၂ပုံခန့် မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ဒေသခံ ပြည်သူ ၂၀ ဦးခန့်လည်း
စစ်ကိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၂ရက်နေ့ ညနေပိုင်း ၆နာရီခန့်တွင် လူနေအိမ် ၇၀ ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားသည်ဟု Salingyi Special Task Force ရေနွေးခါး ထံမှသိရသည်။ "လင်းစာကျက်ရွာကို ဒီနေ့မနက်ကျနော်သွားတော့ အဲ့မှာ အိမ်ခြေ ၇၀လောက်က မီးထဲပါသွားတယ်။ ပြီးတော့ အလောင်းနှစ်လောင်းက အရိုးနဲ့အသည်း ဦးခေါင်းခွံလေးတွေလောက် ပဲကျန်နေတာတွေ့ခဲ့ရတယ်။ ပြီးရင် လမ်းမှာ သွေးကွက်တွေ၊
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာတွင် ရပ်ရွာကာကွယ်ရေး ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဆားလင်းကြီး ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ စစ်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းသည် ယမန်နေ့ည ၈ နာရီဝန်းကျင် ငွေသာကျေးရွာ ကို လက်နက်ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်တပ်စွဲခဲ့ရာ ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ "စစက