ဆိုင်းတောင်
-
Jan- 2024 -22 Januaryသတင်း
ဆိုင်းတောင်မှာ စိတ်ဝေဒနာရှင်သူတစ်ဦးကို စစ်တပ်က ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန်အမျိုးသား ၂ဦးမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးစထိမှန်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက် နေ့က သိမ်းပိုက်ခံလိုက်ရတဲ့ ဝှေခါဗျူဟာကုန်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က ဆိုင်းတောင်အထွက်မှာ KIA၊ KPDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး တပ်ဆုတ်လာချိန် စစ်ကြောင်းနဲ့ တည့်တိုးသွားတဲ့ ဆိုင်းတောင်ရွာထဲက စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန် ၂ဦးလည်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးစထိမှန်လို့သေဆုံးခဲ့သွားတယ်လို့ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက်ကတော့စိတ်မနှံ့တဲ့ကောင်လေးကိုလမ်းမှာပစ်သွားတာလေး သူတို့က လမ်းမကြီးအတိုင်းဆုတ်လာတာလေး သူကလမ်းမှာလျှောက်သွားနေတာအရူးစိတ်မနှံ့ဘူး စာသင်ကျောင်းရှေ့မှာပစ်သတ်သွားတယ်”လို့ မျက်မြင်တွေ့ခဲ့တဲ့ အထက်ပါအမျိုးသားကပြောပါတယ်။ အလားတူ ဖားကန့်ဗျူဟာကုန်းကနေလည်း တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်နဲ့ကားလမ်းမတွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ဦးလည်း လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ “နှစ်ယောက်ကတော့တစ်ယောက်က ကုမ္ပဏီလုပ်သားသူကအပြင်ထွက်ကြည့်တဲ့ခါ လက် နက်ကြီးစထိပြီးသေသွားတာနောက်တစ်ယောက်ကတော့နမ့်မော်ရွာက ဆိုင်းတောင်ကနေ နမ့်မော်ရွာကိုပြန်ဖို့ထွက်တဲ့ချိန်ဖြစ်သွားတာ ၊ဒဏ်ရာရတာတွေလည်းရှိတယ်”လို့ ဆိုင်းတောင်ကျေးရွာနေအမျိူးသားတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့သူတွေဟာဦးခင်မော်ဇော် အသက် ၃၅နှစ် ၊ကိုကောင်ဆက် အသက် ၃၄နှစ် စိတ်ဝေဒနာရှင်တစ်ဦး တို့ဖြစ်ပါတယ်။ ဒါ့အပြင်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိုင်းတောင်ရွာထဲက နောက်ထပ်အရပ်သား ၆ ဦးထက်မနည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး ရွာထဲက AG ဘုးကျောင်းဆောင်နဲ့လူနေအိမ်တွေလည်း လက်နက်ကြီးစထိမှန်ပြီးပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်အတွက် အရေးပါတဲ့ဗျူဟာကုန်းဖြစ်တဲ့ဝှေခါဗျူဟာ ကုန်းကို KIA၊ KPDF တပ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့မနက်မစောပိုင်းမှာ တိုက်ခိုက်ခံသိမ်းပိုက်ခဲ့တာဖြစ်ပြီး မနေ့ကမွန်းလွဲပိုင်းအထိ ထိုးစစ်တွေရှိနေသလိုဒီကနေ့မနက်ပိုင်းအထိလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိနေသေးတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Dec- 2023 -26 Decemberသတင်း
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနားက တံတားတစ်စင်းမိုင်းခွဲခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအထွက်က ဘေလီတံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဘေလီတံတား(ဒေသအခေါ် ဘေလီတံတားသစ်) ကိုမနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၁၂နာရီအချိန်မှ အမည်မသိလူတစ်စုက မိုင်းထောင် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုင်းတောင်ကျေးရွာအမှတ် ၃ ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ််။ “ညကအုန်းခနဲ့ တစ်ချက်တော့ကြားလိုက်တယ် မနက်ကြမှတံတားခွဲခံရတယ်ဆိုတာ သိလိုက်တာအရမ်းကြီးတော်မပျက်စီးသွားဘူး။ လူတွေသွားလာ နေကြတယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဖောက်ခွဲခံလိုက်ရတဲ့တံတားဟာ ဆိုင်းတောင်ကနေဖားကန့်ဘက်ကိုသွားတဲ့ လမ်းပေါ်မှာရှိပြီး ကျောက်သွေးတောင်နဲ့ဆိုင်းတောင်ကြားမှာရှိတာဖြစ်ပါတယ်။ “ဘာကြောင့်ခွဲတာလည်းတော့မသိတတ်ဘူး ညက ခရစ္စမတ်ညဆိုတော့ လူသွားလူလာတော့များတယ်လေး လူတွေထူထပ်နေတော့ ခြောက်တဲ့သဘောနဲ့ခွဲတာလား မပြောတတ်ဘူး”လို့ နောက်ထပ်ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားရဲ့ကြမ်းခင်းအနည်းငယ်အက်ကွဲတာ၊ တံတားဘေးဘောင်ပွန်းပဲ့ တာတွေရှိပြီး အသွားအလာတော့ပုံမှန်အတိုင်းရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီတံတားဟာ ဒီနှစ်အစောပိုင်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်ပြီး ဖားကန့်–ဆိုင်းတောင်လမ်းပိုင်းအတွက်အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Oct- 2023 -4 Octoberသတင်း
ဆိုင်းတောင်မှာ လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲမှာ မနေ့ညက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၃ ရရက် မနေ့ည၆ နာရီအချိန်မှာ ဘွမ်ပရာကုန်းရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိတဲ့ ကိုအောင်ဇင်ဖြိုးဆိုသူဟာ အိမ်စီးကားနဲ့ ဖားကန့်ဘက်အလာ…
Read More » -
Sep- 2023 -11 Septemberသတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေ
ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ နဲ့ ဘဇံချောက်ကျေးရွာအကြား လမ်းမပေါ် ရှိ ဒေသအခေါ် (သရက်ခြံ)မှာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း အမျိုးသားတစ်ဦး လက်တွေခုတ်ဖြတ်ခံထားရတဲ့အပြင် တစ်ကိုယ်လုံးဓါးခုတ်ဒါဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ဓါးနဲ့ မသေမချင်းခုတ်သတ်ထားပုံရတယ်၊တကိုယ်လုံး ဓါးဒဏ်ရာတွေ အပြည့်ပဲ၊လက်တွေ ပြတ်နေတာတွေ့ခဲ့ရတယ်“လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။ သေဆုံးသူဟာ အသက် ၃၄နှစ်အရွယ်ရှိ ကိုဖိုးချိုဆိုသူဖြစ်ပြီး ဘယ်သူဘယ်ဝါ…
Read More » -
Aug- 2023 -17 Augustသတင်း
ကသိုဏ်းတောင်တပ်စခန်း စစ်တပ်ကပြန်လည်တပ်စွဲနေထိုင်နေပြီဟုဆို
ဖားကန့် ကသိုဏ်းတောင်တပ်စခန်းမှာ စစ်တပ်ပြန်လည်တပ်စွဲထားတဲ့အပြင် တာမခန်-ဆိုင်းတောင်သွားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လဆန်း ၇ ရက်နေ့ တာမခန်နဲ့ နမ့်မှော်ကြားက ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ၂ ရက်အကြာ ဩဂုတ်လ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ပြန်လည်တပ်ချနေပြီဖြစ်တဲ့အပြင် လက်ရှိမှာတော့ တာမခန်နဲ့ ဆိုင်းတောင်သွားလမ်း ၂ နေရာမှာ ဖြတ်တောက်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ “စစ်တပ်ကတော့…
Read More » -
1 Augustသတင်း
ဖားကန့်မှာ ပုပ်ပွနေတဲ့ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအနီးမှာ ပုပ်ပွနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဆိပ်မူ(ဆိုင်းတောင်ရွာဟောင်း)ဘက်သွားတဲ့ လမ်းမကြီးဘေး တောထဲမှာ အမည်မသိတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဒေသခံတွေကတွေ့ရှိခဲ့တယ်လို့ ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယူဆရသလောက်ကြိုးဆွဲချသေတာလို့တော့ပြောလို့ရမယ်အသေအချာတော့မသိရဘူး သူ့လည်ပင်မှာက နွယ်ကြိုးနဲ့ စွပ်ထားတာ သေနေတာ…
Read More » -
Jun- 2023 -26 Juneသတင်း
ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း သိရသည်။ ဆိုင်းတောင်ကျေးရွာ၊ ဘုရားကုန်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ် ဦးချစ်ကို ဆိုသူကို…
Read More » -
21 Juneသတင်း
KIO တိုက်နယ်ရုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးခံရပြီး ထိခိုက်သေဆုံးမှုရှိ
ဖားကန့်မြို့ ဆိုင်းတောင် ရပ်ကွက် (၃) ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူရှိခဲ့ပြီး အဆောက်အဦးကိုလည်း မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရမှုမှာ ထိခိုက် သေဆုံးသူ ၁၂ ဦး ခန့်ရှိခဲ့ပြီး အဲဒီထဲမှာ ၇ ဦးက ဒဏ်ရာပြင်းထန်ကာ…
Read More » -
7 Juneသတင်း
ရိုက်နက် သတ်ဖြတ်ခံရသည့် အလောင်း ၂လောင်းတွေ့ရှိ၊ တစ်လောင်းတွင် ဓားပြဟုချိတ်ဆွဲထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာဘက်တွင် ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိပြီး တစ်ဦး၏ အလောင်းပေါ်တွင် ဓားပြဟု စာသားချိတ်ထားကြောင်း သိရသည်။ အသက် ၃၀ ဝန်းကျင်ရှိပြီး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား…
Read More » -
May- 2023 -31 Mayသတင်း
ဆိုင်းတောင်တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက် သတ်ဖြတ်ခံရ
ဖားကန့်မြို့ ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်(၁)တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက်မှုဖြစ်ပြီး သတ်ဖြတ်ခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ သတ်ဖြတ်ခံရသူသည် အသက် ၅၄ နှစ်အရွယ် သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် ဒေါ်သီတာ ဆိုသူဖြစ်ပြီး မေလ ၃၀ ရက်နေ့ညက ၎င်း၏ တည်းခိုခန်းအတွင်းမှာတင်…
Read More »









