သတင်း

KIO တိုက်နယ်ရုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးခံရပြီး ထိခိုက်သေဆုံးမှုရှိ

ဖားကန့်မြို့ ဆိုင်းတောင် ရပ်ကွက် () ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူရှိခဲ့ပြီး အဆောက်အဦးကိုလည်း မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုမှာ ထိခိုက် သေဆုံးသူ ၁၂ ဦး ခန့်ရှိခဲ့ပြီး အဲဒီထဲမှာ ၇ ဦးက ဒဏ်ရာပြင်းထန်ကာ ၃ ဦးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီမနက်မှ အဆောက်အဦးနေရာတွေကို မီးရှို့လိုက်တာ။ စစ်သားတွေဝင်စီးတဲ့အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ အဲ့ဒီရုံးအတွင်းမှာ ရှိတဲ့သူတွေနဲ့ အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေလည်း ထိခိုက် သေဆုံးမှုတွေရှိတယ်။ ဒီမနက်မှ လူမှုကူညီရေးအသင်းတွေက ထိခိုက်ထားတဲ့သူတွေကို လာသယ်သွားတာ” လို့ ဖားကန့်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

တိုက်နယ်ရုံးရှိ ရုံးစောင့်အပါအဝင် KIO က ဖမ်းဆီးထားတဲ့ အချုပ်သား ၂၀ ဦးခန့် အပြင် အနီးတစ်ဝိုက်ရှိ အရပ်သား ၃၀ ဝန်းကျင်ခန့်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သေဆုံး ဒဏ်ရာ ရရှိသူများ နှင့် ဖမ်းဆီးခံရသူများသည် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လက်ရှိအချိန်အထိ အသေးစိတ်မသိရသေးဘူးလို့ KIA နဲ့ နီးစပ်တဲ့ နောက်ထပ် အမျိုးသားတစ်ယောက်က ဆိုပါတယ်။

အဲ့မှာ တာဝန်ကျနေတဲ့သူတွေက ဖမ်းဆီးခံရတာမရှိဘူးလို့ ပြောတယ်။ ရုံးစောင့်တွေလောက်ပဲပါသွားတာတဲ့။ ပြီးရင် အဲ့မှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့သူတွေ ၂၀ ကျော်လောက်ရှိတယ် သူတို့ကိုလည်း ဖမ်းသွားတယ်။ ရုံးနဲ့ဆိုင်တဲ့ ရုံးနေရာက ၃ ခုလောက်ရှိတယ် အကုန်မီးရှို့သွားတယ်လို့ပြေတယ် လို့ ပြောပါတယ်။

ဖားကန့်မှာ အခုနှစ်ဆန်းပိုင်းက စတင်ပြီးတော့ KIO/KIA ဝန်ထမ်းများ၊ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ပုံမှန်ဖြစ်ပွားနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button