သတင်း

ဆိုင်းတောင်တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက် သတ်ဖြတ်ခံရ

ဖားကန့်မြို့ ဆိုင်းတောင်(ဆိပ်မူ)ရပ်ကွက်()တွင် တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတစ်ဦး လုယက်မှုဖြစ်ပြီး သတ်ဖြတ်ခံထားရသည်ဟု ဒေသခံများထံမှသိရသည်။

သတ်ဖြတ်ခံရသူသည် အသက် ၅၄ နှစ်အရွယ် သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် ဒေါ်သီတာ ဆိုသူဖြစ်ပြီး မေလ ၃၀ ရက်နေ့ညက ၎င်း၏ တည်းခိုခန်းအတွင်းမှာတင် သတ်ဖြတ်ခံမှုဖြစ်ပွားခဲ့သည်ဟု ဆိုင်းတောင် ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

အဲ့အမျိုးသမီးက ကုလားမဟုတ်တယ် ညကဘယ်ချိန်သတ်ခံလိုက်ရတာလည်းမသိဘူး အိမ်အပေါ်ထပ်မှာသတ်ခံရတာ။ မနက် ၆နာရီထိုးတော့ ကြမ်းပြင်ပေါ်မှာသေနေတာကို မနက်မှ အိမ်သားတွေ အလောင်းပဲတွေ့ကြတာဟုပြောသည်။

အဆိုပါ အမျိုးသမီ သတ်ဖြတ်ခံရမှုတွင် သူ၏ လည်ပင်နေရာတွင် ဓါးထိုးဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ၎င်း၏ ပိုင်ဆိုင်မှုဖြစ်သည့် လက်ကိုင်ဖုန်း၊ ငွေသားတစ်ချို့နှင့် ရွှေများ လုယူသွားကြောင်း သိရသည်။

မီးခံသေတ္တာကြီးကပွင့်နေတာအထဲက ဘာမှမကျန်ဘူး အကုန်ပါသွားတာပြီးတော့ သူရဲ့လက်ကိုင်ဖုန်းသုံးလုံးလည်းပါသွားတယ်ဟုသူက ဆက်ဆိုသည်။

ဆိုင်းတောင်ရပ်ကွက်တွင် မေလ ၂၈ ရက်နေ့တွင်လည်း ကျောက်စိမ်းရောင်းဝယ်လုပ်ကိုင်နေသည့် တရုတ်သဌေးအိမ်ကို လူငယ် ၆ ဦးခန့်က ဝင်ရောက်ဓါးပြတိုက်ခဲ့ပြီး ငွေသား ကျပ်သိန်းတစ်သောင်းကျော်နှင့် ကျောက်စိမ်းတစ်ချို့ကို လုယူသွားကြောင်း သိရသည်။

ဖားကန့် ဒေသတွင် ယခုနောက်ပိုင်း ဓါးပြတိုက် လုယက်မှုနှင့် သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိနေပြီး ယခု မေလအတွင်းမှာလည်း စပေါ့ကျေးရွာတွင် အမျိုးသားတစ်ဦး လုယက်မှုဖြင့် သတ်ဖြတ်ခံရမှုတစ်ကြိမ်၊ မဇွပ်ယန်ကျေးရွာအနီးရှိသော ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးသည်လည်း ဓါးထိုးလုယက်မှုဖြစ်ခဲ့သည်။

Show More

Related Articles

Back to top button