တပ်စခန်း

  • May- 2025 -
    21 May
    သတင်း

    မုံး‌မော်ရှိ KIA တပ်စခန်းတွေဖယ်ပေးဖို့ TNLA က အင်အားသုံးဖိအားအားပေးနေ

    ရှမ်မြောက်၊ မန်တုံမြို့နယ် မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းတွေကို TNLA က အတင်းအဓမ္မ ဖယ်ရှားဖို့လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုမဖြစ်ဖို့ စခန်းငယ်တစ်ခုဆုတ်ပေးထားရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။ “TNLA…

    Read More »
  • Feb- 2025 -
    27 February
    သတင်း

    မန်တုံ-မိုးမိတ်ကြား KIA တပ်စခန်းကို TNLA အင်အားသုံးဖယ်ရှားမှုမှာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ

    ရှမ်းမြောက်၊ မန်တုံ – မိုးမိတ်မြို့ ကြားရှိ မန်မောက်ရွာက KIA တပ်စခန်းကို TNLA က အင်အား အလုံးအရင်းနဲ့ ဖယ်ရှားဖို့ ကြိုးစားရာမှာ ရိုက်နက်မှုဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာပြင်းထန်ကာ မန်တုံဆေးရုံမှာ ဆေးဝါး ကုသနေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည်…

    Read More »
  • 24 February
    သတင်းဆောင်းပါး

    စစ်ကိုင်း – ကချင်အစပ် က KIA နဲ့ PDF တပ်စခန်းတွေ လက်လွှတ်နေရတာ ဘာကြောင့်လဲ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း တစ်ခု နဲ့ ၂နှစ်ကျော်ကြာ အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို သုံးရက်အတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ အင်းတော်မြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ…

    Read More »
  • 18 February
    သတင်း

    ဗန်းမောက်မြို့နယ်ထဲက စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်က ပြန်သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ ဗန်းမောက်မြို့နယ်၊ ၅၇၁ ပွိုင့်အမည်ရှိတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်နှစ်ကျော် အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်…

    Read More »
  • Aug- 2024 -
    15 August
    သတင်း

    KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

    ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။ “တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တောမှော်စစ်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ ရှေ့တန်းလုံခြုံရေးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေဟာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တောမှော်တပ်စခန်းက ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိပြီး ကံဆီးကျေးရွာနဲ့လည်း နီးသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ နေရာကို အဓိက ထိန်းချုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။ “တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့ လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့ လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။ လမောင်စစ်ကုန်းနဲ့ တောမှော် စစ်တပ်စခန်းဟာ ၅ မိုင်လောက်အကွာမှာသာရှိပြီး တောမှော် တပ်စခန်းမှာ စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ KIA က တစ်ရက်ကျော်အကြာမှာပဲ ဖားကန့်မြို့တစ်ခုလုံးအပါ ဖားကန့် မြို့တွင်းမှာရှိတဲ့ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်း နဲ့ ကံဆီးတပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ ခုကို သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်း လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုမှာလည်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၂ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ အဲဒီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ တပ်စခန်း နှစ်ခုစလုံး သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု ၄ လခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • Apr- 2024 -
    5 April
    သတင်း

    ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် – မန္တလေးလမ်းမပေါ်ရှိ လမ်းလေးဆုံနေရာက ဟန်ထက်(Han Htet)စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်က ဧပြီလ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဟန်ထက်တပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ…

    Read More »
  • Mar- 2024 -
    21 March
    သတင်း

    နာဖော့ ပါဂျောင်ဘွမ့် (Nahpaw Pajau Bum) က စစ်တပ်စခန်း ၆ ခုကို KIA အပြီးသတ်သိမ်းပိုက်

    KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် (Nahpaw Pajau Bum) အနီတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းတွေကို မတ်လ ၁၇ ရက်နေ့စကပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၂၁ ရက်၊ ဒီကနေ့မှာ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီလို့ လိုင်ဇာဒေသ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “နာဖော့ပါဂျော်တဝိုက်မှာ တပ်စခန်း ၅ ခုလောက်ကိုတော့ KIA စခန်းတစ်ခုချင်းစီးကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တယ်။ နာဖော့ပါဂျောင် ဗျူဟာကုန်းနဲ့ အူဂရှန် (U Gashan) စခန်း ၂ ခုပဲကျန်ရှိနေတာ ဖြစ်တယ်။ အဲဒီစခန်း ၂ ခုကိုလည်း ဒီကနေ့မှာ အပြီးသိမ်းလိုက်ပါပြီ”လို့ ပြောပါတယ်။ နာဖော့ ပါဂျောင် ဘွမ့်တဝိုက်မှာ လီဆူပါဂျော်၊ ရင်ဆိုင်ကုန်း၊ ပွိုင့် ၆၆၇၊ အူဂရှန် နဲ့ အူလော့ကုန်း နဲ့ နာဖော့ဗျူဟာကုန်းရှိပြီး အဲ့ဒီတပ်စခန်းတွေထဲမှာ နာဖော့ဗျူဟာကုန်း နဲ့ အူဂရှန် တပ်စခန်းကို KIA တပ်က အပြီးသတ်…

    Read More »
  • 19 March
    သတင်း

    နမ့်ကောန့်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် တပ်စခန်းတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာမှုရှိနေသေး

    တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု နမ်ကောန့်(Namkawn) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် တပ်စခန်း ၃ နေရာထက်ကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာတာတွေရှိနေသေးတယ်လို့သိရပါတယ်။ နမ်ကောန့်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက မတ်လ ၁၈ ရက်နေ့ မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ညနေပိုင်းမှသာ အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှန်တော့ စစ်တပ်စခန်းကို မနက်ပိုင်း ၁၁ နာရီလောက်ကနေ အကုန်သိမ်းပြီးပြီ။ ဒါပေမယ့် စစ်တပ်အဆက်မပြတ် လေယာဉ်နဲ့ ဗုံးကြဲတော့ ခဏပြန်ဆုတ်ထားတာ။ ပြန်တိုက်လိုက်နဲ့ ပြန်နားလိုက်နဲ့ ညပိုင်းမှာပဲ သိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က သေဆုံးတာများတယ်လို့ပြောတယ်”လို့ပြောပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပေမယ့် KNG သတင်းဌာနက အချက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ်ကောန့်ကျေးရွာထဲက စျေးတန်းနေရာမှာ လက်နက်ကြီး ၂ လုံးအထက် ကျကွဲခဲ့ပြီး လူနေအိမ်တစ်ချို့နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နမ့်ကောန့်အပါ တစ်ဆက်တည်းရှိတဲ့ အင်ဂါးဂါး(N-Ga Ga) စစ်ကောင်စီတပ်ဖွဲ့တွေကို ပြီးခဲ့တစ်လေလောက်ကနေ လက်နက်ချတပ်ဆုတ်ပေးဖို့ KIA တပ်မဟာ (၂) ၊ တပ်ရင်း ၁၄ အဖွဲ့တွေကစာပို့ထားတယ်လို့လည်းသိရပါတယ်။ စာပို့ထားတဲ့ တစ်လအတွင်း စစ်တပ်ဘက်နေ ဆုတ်ခွာသွားတာမရှိတာကြောင့် KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ တပ်စခန်းနေရာမှာ တိုက်ပွဲထပ်မံဖြစ်လာနိုင်တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “စစ်တပ်စခန်းက ၂ နေရာ ၊ ၃ နေရာလောက်တောင်ကျန်သေးတယ်။ ပြီးရင် အင်ဂါးဂါးကိုကျတော့ ဆုတ်ပေးဖို့ စာပေးထားတာတစ်လလောက်တောင်ကြာနေပြီ။ အခုက ပြန်ငြိမ်သွားပြီဆိုပေမယ့် စစ်ရေးတင်းမာတာတွေက ရှိနေသေးတယ်။ တစ်ခုပြီးတစ်ခုသိမ်းလာမယ့်အနေအထားမှာရှိနေတယ်”လို့ပြောပါတယ်။ လက်ရှိ နမ်ကောန့် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပေမယ့် နမ့်ကောန့်မှော်ရဲ့အထက် မှာ ပရင်းတောင်တပ်စခန်းတစ်ခုနဲ့ အောက်ဖက်မှာ လပူခ၊ အင်ဂါးဂါး တပ်စခန်း စတဲ့ အရေးကြီးတဲ့ တပ်စခန်း ၃ နေရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ နမ့်ကောန့်၊ ပရင်းတောင်နဲ့ ၊ အင်ဂါးဂါးနဲ့ လပူမှော်ဒေသတွေဟာ အရင်က KIA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသတစ်ခုလုံးကို စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် KIA က တပ်ဆုတ်ထားတဲ့ တပ်စခန်းနေရာတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ နမ့်ကောန့်ရွာနဲ့ ၂ မိုင်လောက်အကွာမှာသာ ရှိနေပြီး နောက်ထပ် KIA ပူးပေါင်းတပ်တွေက ဆက်လက် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လာနိုင်ပြီး စစ်ရေးတင်းမာမှုရှိနေသေးတယ်လို့ ဆိုပါတယ်။ မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက နမ်ကောန့် တပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ရွှေမှော်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လပူခနဲ့ အင်ဂါးဂါး မှော်သူ မှော်သားတစ်ချို့က တနိုင်းဘက်ကို ထွက်ခွာတဲ့လုပ်ငန်းရှင်လည်းရှိနေတယ်လို့ သိရပါတယ်။ နမ်ကောန့် ရွှေမှော်ပြည်သူတွေက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့နေ့မှာတင် မိုင်းခွန်နဲ့ အခြားတိုက်ပွဲမဖြစ်တဲ့နေရာတွေမှာ ယာယီတိမ်းရှောင်နေကြပြီး တစ်ချိုလုပ်ငန်းရှင်တွေက တနိုင်းဘက်ကို ထွက်လာကြတယ်လို့လည်း ဆက်သိရပါတယ်။ နမ်ကောန့်တိုက်ပွဲဟာ ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး KIA ဘက်ကနေ စခန်းသိမ်းပိုက်နိုင်တာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်ပြီးတော့ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတည်ရှိရာ  KIO လိုင်ဇာဌာချုပ်အနီးတဝိုက်နဲ့ ဝိုင်းမော်၊ ဆွမ့်ပရာဘွမ့်၊ ဖားကန့် စတဲ့ နေရာတွေမှာ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 15 March
    သတင်း

    လိုင်ဇာမြို့ကို ခြိမ်းခြောက်တဲ့ ဘွမ့်ရေဘွမ့်တပ်ခန်ကို  KIA ထပ်မံ သိမ်းပိုက်

    KIO လိုင်ဇာ ဗဟိုဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ဘွမ့်ရေဘွမ့် (Bumre Bum) တပ်စခန်းအကြီးကို မတ်လ ၁၅ ရက်နေ့ ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ တိုက်ပွဲစတင်ပြီး တစ်ပတ်ကျော်အကြာမှာ ဘွမ့်ရေဘွမ့် (Bumre Bum) စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြု ပြောဆိုပါတယ်။ “၁ နာရီနဲ့ ၂…

    Read More »
  • Feb- 2024 -
    23 February
    သတင်း

    မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနေ့ နေ့လည်ပိုင်းလောက်ကစလို့ တပ်ပြန်ဆုတ်ဖို့အတွက် ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကပါ လုံခြုံရေးယူပေးပြီး ရေကြောင်းရော၊ ကုန်းကြောင်းပါ အသုံးပြုပြီး ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။ “လောလောဆယ်ကတော့ စခန်းစွန့်လာတဲ့အခြေနေကတော့ဟုတ်တယ် သူတို့အဝေးကြီးမရောက် သေးဘူး“ လို့မြို့လှကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်စခန်းမှာ ခမရ ၃၈၇ နဲ့ ခလရ ၁၀ တို့အပါအဝင် ဗျူဟာမှူးပါအထိုင်ချထားတဲ့ တပ်စခန်းဖြစ်ပြီး အင်အား ၂၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဘက်ကခန့်မှန်းပါ တယ်။ ဒါ့အပြင် လက်ရှိ မြို့လှမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စခန်းစွန့်ခွာပြောင်းရွှေ့နေတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကအခုလိုပြောပါတယ်။ “မနေ့ကတည်းက ရွှေကူက အင်အား ၈၀ လောက်က ထွက်ကြိုတယ် ဒီနေ့ပဲ မော်တော်တွေ၊ ကားတွေနဲ့ အဲ့ဒီအထိုင် တပ်က အကုန်လုံးတပ်ဆုတ်တာပေါ့ မြို့လှမြို့ပေါ်မှာပဲတပ်စွဲထားကြတာ သူတို့တပ်စွဲထားတာ ၃ နှစ်လောက်ရှိတော့မှာပေါ့“လို့ကသာမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ လက်ရှိ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ မြို့လှမြို့ထဲက အုတ်ချည်ရွာမှာရောက်ရှိနေပြီလို့သူက ဆက်ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီတပ်စခန်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့တပ်မဟာ ၈ နယ်မြေထဲမှာ တည်ရှိတာဖြစ်ပြီး စခန်းသိမ်းခံရမှာစိုးရိမ်လို့ဖြစ်နိုင်သလို ရွှေကူမြို့ကိုသိမ်းပိုက်လာမှာစိုးရိမ်လို့ လည်း တပ်ပြောင်းရွှေ့ဆုတ်ခွာတာ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဘက်က သုံးသပ်ပါတယ်။ “ဘာ့ကြောင့်ဆုတ်တာလဲဆိုတော့ ဆင်ဘိုကိုလည်းကျနော်တို့က တိုက်နေတယ်လေ အဲ့တာဆိုတော့ သူတို့ရဲ့အဓိကနေရာတွေကို ခွဲပြီး စစ်ဆင်ရေးတွေလုပ်လာတာဆိုတော့ မနေရဲတော့တာလို့ ထင်တယ် အဓိကကတော့ရွှေကူကိုစိုးရိမ်တာဖြစ်နိုင်တယ်”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကသုံးသပ်ပါတယ်။ မြို့လှမြို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထပ်မှာပဲ မြို့အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပြီးတော့ ဗန်းမော်ခရိုင် ရွှေကူမြို့ရဲ့ မြို့နယ်ခွဲ့အဆင့်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အဲ့ဒီဗျူဟာကုန်းတပ်စခန်းဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းက ထိုင်ထားတဲ့တပ်စခန်းဖြစ်ပြီး အာဏာသိမ်းစမှာ စခန်းပြန်စွန့်သွားခဲ့ရာကနေ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေက  လေကြောင်းရောမြေပြင်ပါအသုံးပြုစစ်ကြောင်းထိုးပြီးပြန်ထိုင်ထားကြတာဖြစ်တယ်လို့ သိရပါ တယ်။ မြို့လှမြို့နယ်ခွဲဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိတာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းပြီးတဲ့နောက် မြို့လှ KPDF ကာကွယ်ရေးတပ်တွေအားကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။ By – အမိုး

    Read More »
Back to top button