ဖားကန့်
-
Apr- 2024 -29 Aprilသတင်း
ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ မြေသယ်ကား ၇…
Read More » -
25 Aprilသတင်း
ဖားကန့်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတ်ခံရ
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် မှော်ဝမ်းရပ်ကွက်ဈေးနားမှာ အမည်မသိ လူ ၃ ဦးက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ…
Read More » -
24 Aprilသတင်း
ပန်းတင်တံတားမှာ လိုင်စင်မဲ့ကားတွေဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာလိုင်စင်မဲ့ကားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် ဖားကန့်ဘက်ပြန်ဆုတ်ခွာသွားတယ်လို့ ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ ဒီနေ့ ဧပြီ ၂၄ ရက်နေ့ မနက် ၆နာရီဝန်းကျင် ဖားကန့်တပ်မကုန်းကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာ လိုင်စင်မဲ့ကားတွေကိုစစ်ဆေးဖမ်းဆီးနေချိန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ် မနက်က ဒီကောင်တွေပန်းတင်တံတားမှာလပြီး Without ကားတွေကိုဖမ်းဆီးစစ်ဆေးနေတာ အဲ့တာကို ဒီဘက်က ကျနော်တို့ကလေးတွေ(ဖားကန့် pdf)တွေက ဒရုန်းနဲ့သွားပစ်ခတ်ခဲ့တာ။ သူတို့ချက်ချင်းပြန်ဆုတ် သွားပါတယ်”လို့ ပြောပါတယ်။ ဒီစစ်ကြောင်းဟာ ဖားကန့် ခမရ (၁၁၉) တပ်ကဖြစ်ပြီး အင်အား…
Read More » -
22 Aprilသတင်း
ဆယ်ဇင်းစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဖားကန့်မြို့နယ် ဆယ်ဇင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃ ရက်ကြာမြင့်လာပေမယ့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ဧပြီလ ၂၂ ရက် ဒီနေ့အထိ ၂ ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို…
Read More » -
18 Aprilသတင်း
နန့်ယားမှာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေပြန်လည်ဖြေလျော့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာမူးယစ်ဆေးဝါးရောင်းမှုကြောင့် ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကို ပြန်ဖြေလျော့လိုက်ပြီလို့ နန့်ယားရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေ နန့်ယားကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နန့်ယားကျေးရွာထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့နေအိမ်တွေကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။ ချိတ်ပိတ်ထားတဲ့နေအိမ်တွေကို ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းကနေစပြီးပြန်ဖြေလျော့ပေးလိုက်ပြီဖြစ်တယ်လို့ နန့်ယားကျေးရွာထဲကရပ်မိရပ်ဖတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့ဒီချိတ်ပိတ်တယ်ဆိုတဲ့ဟာက ပထမလတ်တလောမှာတော့ဟုတ်ပါတယ် ချိတ်ပိတ်လိုက်တယ်။ ဒါပေမယ့်လို့အခုအုပ်ချုပ်ရေးလိုင်းကနေပြီးမှပြန်ဝင်လာတဲ့အခါမှာတော့ ဒီမူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားတဲ့ဥစ္စာတွေကတော့ သူတို့ရဲ့မိဘတွေကလုပ်တယ်ဆိုရင် သားသမီးတွေက သူ့အိမ်လေးနဲ့သူလာနေပါစေ ယောင်္ကျားဖြစ်သူကလုပ်တယ်ဆိုရင် မိန်းမတွေကလာနေပါစေဆိုပြီး အကုန်လုံးကိုပြန်ဝင်ခွင့်ပေးထားပါတယ်”လို့ ပြောပါတယ်။ KIA အနေနဲ့ နန့်ယားကျေးရွာထဲမှာရှိတဲ့ နေအိမ်ဆယ်လုံးခန့်ကို မူးယစ်ဆေးဝါးရှောင်းဝယ်ဖောက်ကားမှုနဲ့ ချိတ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ချိတ်ပိတ်တာကိုဖြေလျော့လိုက်ပေမယ့်…
Read More » -
15 Aprilသတင်း
နန့်ယားတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ
မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန်ယားစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသခံပြည်သူအတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ နန့်ယားမှာ ဧပြီလ ၉ ရက်နေ့မှစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်တပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲ ၃ ရက်အတွင်း ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမှာ လက်နက်ကြီးကျည်ထိမှန်တာအပြင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၂၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ကူညီထောက်ပံ့တာတွေလိုအပ်နေတယ်လို့ နန့်ယားမှာနေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။ “ခုဒီမှာက တစ်ချို့ကဝင်တာတော့ဝင်နေကြပြီ အားလုံးတော့မဝင်သေးဘူး။ ဝင်လို့ရပေမယ့် တစ်ချို့အိမ်တွေလုံးဝယူလို့မရတော့တဲ့အခြေနေဆိုတော့ ဖြစ်နေကြတယ် ယာယီနေဖို့တဲလေးတွေဆောက်ဖို့လုပ်နေကြတာတော့ရှိတယ်”လို့ ပြောပါတယ်။ နန့်ယား ခလရ ၁၂၀ တပ်ကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၀ ရက်နေ့သိမ်းယူထားနိုင်ပြီး လက်ရှိချိန်မှာတော့ ဒေသခံပြည်သူတစ်ချို့ရွာထဲကို ပြန်ပြီးဝင်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။သို့ပေမယ့် နေအိမ်အများပိုင်းမှာ နေထိုင်လို့မရတော့တဲ့အခြေနေထိ မီးလောင်ပျက်စီးခဲ့တာကြောင့် နေထိုင်ဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် မီးလောင်ပျက်စီးသွားတဲ့ထဲမှာ ဘာသာရေးအဆောက်အဦးတစ်ချို့နဲ့ စာသင်ကျောင်းအပြင် စျေးဆိုင်တစ်ချို့လည်းပါဝင်ပြီး လက်ရှိကုန်စျေးနှုန်းမြင့်တက်နေတဲ့ကာလမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။ “ဘုရားကျောင်းတွေမှာထိမှန်ထားတာလည်းရှိတယ် ပြီးတော့ ကုန်စုံဆိုင်တွေလည်းထိထားတာရှိတယ် ခုချိန်ဖားကန့်မှာက ကုန်စျေးနှုန်းကြီးတာနဲ့ဆို ပြန်လည်ထူထောင်ရေးတော့လွယ်တော့မလွယ်လောက်သေးဘူး”လို့ နန့်ယားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နန့်ယားကျေးရွာဟာ မြစ်ကြီးနား– ဖားကန့်သွားလမ်းမပေါ်မှာရှိပြီး စစ်ဆေးရေးတင်းကြပ်ဆုံးဂိတ်ရှိတာကြောင့် နန့်ယားဒေသခံတွေအပါအဝင် ခရီးသွားပြည်သူတွေဟာ မကြာခနစစ်ဆေးဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။ ဒါပမေယ့် လက်ရှိစစ်တပ်ဂိတ်မရှိတော့တာကြောင့် ဒေသခံပြည်သူများသွားရေးလာရေးမှာအခက်ခဲမရှိတော့ဘူးလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာမြှောက်တပ်စခန်းနေရာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နန့်ယား၊ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ်မှော်စတဲ့ တပ်စခန်းတွေကို ၄ လအတွင်းမှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နေအိမ်ပေါင်း ၂၈၃,၇၄၆ လုံးမီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data for Myanmar ကမနေ့ကထုတ်ပြန်ထားပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနေ တဖြေးဖြေး ပြန်ပြီးမြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းထဲ ၁,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးအများဆုံးပါဝင်သလို ကချင်အပါအဝင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်းနေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ
Read More » -
13 Aprilသတင်း
ဖားကန့် မမုံမှာအရပ်သား ၂ ဦးသတ်ဖြတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မမုံကျေးရွာအနီးမှာ အရပ်သား ၂ ဦးသတ်ဖြတ်ခံထားရပြီး ပါလာတဲ့လက်ဝတ်ရတနာတွေလည်းလုယက်သွားတယ်လို့သိရပါတယ်။ ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်း မမုံကျေးရွာ ပန်းခြံကုန်းထဲမှာ အသက် ၂၀ ကျော်လူငယ် ၂ ဦး လက်နောက်ပြန်ကြိုးသုတ်ထားပြီး ဓားထိုးသတ်ခံထားရတဲ့…
Read More » -
12 Aprilသတင်း
ဆယ်ဇင်းပြည်သူတွေကို KIA အရေးပေါ်ပြောင်းရွေ့ခိုင်း
ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဆယ်ဇင်းဒေသခံပြည်သူတွေကို KIA ဘက်ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာတပ်ထိုင်ထားတဲ့ စစ်တပ်နဲ့SAN ပူးပေါင်းတပ်စခန်းကို KIA၊KPDF မဟာမိတ်ပူးပေါင်းတပ်တွေ ဧပြီလ ၉ ရက်နေ့မနက်ကနေ ထိုးဆင်နွဲတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိတိုက်ပွဲပိုပြီးပြင်းထန်လာနေတဲ့အတွက် အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့ ဆယ်ဇင်းစစ်ရှောင်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်မတို့ မနေ့ညကတည်းက အားလုံးတိမ်းရှောင်နေကြပြီ ဒီဘက်KIA ဘက်ကနေဧပြီ ၁၁ရက်နေ့ည ၃ နာရီနောက်ဆုံးထားပြီး အားလုံးရွေ့ရမယ်ဆိုလို့အားလုံးရွေ့လာကြပြီ။ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အန္တာရယ်ပြုမှာစိုးရိမ်လို့ရွေ့ခိုင်းထားတာ”လို့ အထက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆယ်ဇင်းကျေးရွာထဲမှာတိုက်ပွဲစဖြစ်တဲ့ ဧပြီလ ၉ ရက်နေ့မှာ တပ်စခန်းနဲ့နီးတဲ့ရပ်ကွက် ၃ ခုသာတိမ်းရှောင်ခဲ့ကြရပြီး ညပိုင်းမှာတော့တစ်ရွာလုံးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်မတို့က ရွာအတွင်းပိုင်းမှာကျတော့ အစပိုင်းတော့မရှောင်ဘူးမနေ့ကတစ်ရွာလုံးရှောင်ရမယ်ပြောလို့အခုရှောင်လာတာ အများစုကတော့ ဘကြီးကွင်းထဲကိုရှောင်လာတာများတယ် အခုလယ်တောတွေမှာလူတွေအပြည့်ပဲ နေရာတောင်မရှိဘူး”လို့ အခြားစစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဆယ်ဇင်းကျေးရွာထဲမှာ အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိတာဖြစ်ပြီး လက်ရှိ ဒေသအခေါ် (ဘကြီးကွင်း )ဘက်နဲ့ဆယ်ဇင်း၊ ဟောင်ပါးဘက်ခြမ်းကတောတောင်တွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းကုန်းကို ဧပြီလ ၉ ရက်နေ့မနက် အစောပိုင်းမှာ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်နေပြီး ရဲစခန်းကိုတော့ စဝင်တိုက်တဲ့ မနက်အစောပိုင်းမှာပဲရဲတွေလက်နက်ချသွားတာကြောင့် သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ အလားတူ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေအနေနဲ့လည်းလက်နက်ချအညံ့ခံဖို့ သတိပေးထားပေမယ့် လက်နက်မချတာကြောင့် ဧပြီလ ၁၀ ရက်နေ့မနက်စတည်းစတင်တိုက်ခိုက်ခဲ့ရာဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။ လက်ရှိတိုက်ခိုက်သိမ်းပိုက်နေတဲ့ ဆယ်ဇင်းစစ်တပ်ကုန်းမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်လောက်ပဲရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ၊နန့်ယား စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။ By – Zaw Zaw
Read More » -
11 Aprilသတင်း
လုံးခင်းမှာ အမှိုက်ပုံမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အများပြည်သူစွန့်ပစ်နေတဲ့ အမှိုက်ပုံမီးရှိူ့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကနေ သိရပါတယ်။ လုံးခင်းကျေးရွာအရှေ့ဘက် လုံးခင်းနဲ့လယ်ပြင်ကျေးရွာကြားမှာ နေထိုင်တဲ့ပြည်သူတွေစွန့်ပစ်နေတဲ့အမှိုက်ပုံကို ဧပြီ ၁၀ ရက်နေ့ညမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေရာအကျယ်အဝန်းပေပေါင်း ၃၀၀၀ ကျော်မီးလောင်သွားတယ်လို့ လုံးခင်းကျေးရွာအနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။ “စရှို့တာက ည ၃ နာရီဝန်းကျင်လောက်ဟုတ်တယ် နေတော့နည်းနည်းကျသွားပြီအဲ့ချိန်ရှို့တာ ဒါပေမယ့်အမှိုက်ပုံကပြန့်ကျဲနေတော့သူ့နားမှာလည်းကိုင်းတောကြီးရှိတယ် အဲ့ကိုင်းတောကိုမီးကူးစက်သွားတာ တောကျယ်တယ် ပေ ၃၀၀၀ ၊၄၀၀၀ လောက်ထိကိုမီးလောင်သွားတယ်”လို့ အသက် ၃၀ ကျော်အရွယ်အမျိူးသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီအမှိုက်ပုံဟာ လုံးခင်းစည်ပင်သာယာကအမှိုက်စွန့်ပစ်တဲ့နေရာဖြစ်သလို ဒေသခံတွေ၊ ကုမ္ပဏီတွေကလည်း အမှိုက်စွန့်ပစ်လေ့ရှိတယ်လို့သိရပါတယ်။ တောမီးလောင်ရာကနေ လုံးခင်းကျေးရွာထဲကလူနေအိမ်တွေနဲ့နီးကပ်လာတာကြောင့် ဒေသခံတွေ၊ ကူမှုကူညီရေးအသင်းတွေက အရေးပေါ်စုပေါင်းမီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ “ပထမတော့ဒီတိုင်းရပ်ကြည့်နေတာခြေနေမဆိုးလောက်ဘူးပေါ့ဘယ်ဟုတ်မလဲခနနေတော့ မီးကဖြေးဖြေးများများလာပြီးအိမ်တွေဘက်ကိုကပ်လာတော့ အနီးနားက လူတွေကောအဲ့နားကုမ္မဏီကားတွေနဲ့တော့ လူမှုကူညီရေးအသင်းက ကားတွေနဲ့ကော ရေတွေသယ်ပြီး ငြိမ်းလိုက်ရတာ မနည်းကိုမီးငြိမ်းခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လုံးခင်းကျေးရွာဟာ ရပ်ကွက်ပေါင်း ၅ ခုရှိတာဖြစ်ပြီး ရပ်ကွက်အားလုံးကိုစည်ပင်အမှိုက်သိမ်းကားတစ်စီးနဲ့သာအမှိုက်သိမ်းပေးတာကြောင့် ဒေသခံအများစုဟာစွန့်ပစ်အမှိုက်တွေကို ဥရုချောင်းဘေးနဲ့ နီးစပ်ရာတောစပ်တွေမှာလည်းစွန့်ပစ်နေတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းကာအခက်တွေ့ကြတယ်လို့သိရပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်ဒေသရဲ့အထင်ကရ ကျေးရွာကြီးအဖြစ်တဲ့ လုံးခင်းမှာလူဦးရေထူထပ်သိပ်သည်းပြီး အိမ်ထောင်စု ၃၅၀၀ ကျော်၊ လူဦးရေနှစ်သောင်းကျော်နေထိုင်ကြတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
11 Aprilသတင်း
နန့်ယားစခန်းသိမ်းတိုက်ပွဲ အရာရှိတစ်ချို့နဲ့အင်အား ၃၀ ခန့်အလံဖြူထောင်လက်နက်ချ
ဖားကန့်မြို့နယ် နန့်ယား(Namya) စခန်းသိမ်းတိုက်ပွဲ ၃ ရက်နေ့မြောက်မှာ စစ်တပ်ဘက်ကအလံဖြူထောင်လက်နက်ချခဲ့ပြီး အရာရှိတစ်ချို့ပါအဝင် အင်အား ၃၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၉ ရက်နေ့ မနက်ပိုင်းစတင်ဝင်ရောက်တိုက်ခိုက်ခဲ့နေတဲ့ နန့်ယားစစ်တပ်စခန်းက စစ်တပ်သားတွေဟာ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အလံဖြူထောင်လက်နက်ချခဲ့တာကြောင့် KIA ကအပြီးသတ်သိမ်းပိုက်ထားပြီလို့ KIA နဲ့ နီးစပ်တဲ့ နန့်ယားဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဒီမနက် ၇ နာရီလောက်မှာ စစ်သားအယောက် ၃၀ လောက်က အလံဖြူထောင်ပြီးထွက်လာကြတယ် အားလုံးကို KIA ခေါ်သွားပြီ။ တပ်ထဲကိုပြန်ဖို့လည်း မပြန်ရဲဘူးလို့ပြောတယ်တဲ့။ KIA ကအမြန်ထွက်လာဖို့ တပ်ဆုတ်ပေးဖို့ ပြောနေတဲ့ကြားက သူတို့က အထက်အမိန့်နဲ့ ပစ်ရမယ်လို့ပြောလို့ ပစ်ကြတယ်လို့ကြားတယ်”လို့ပြောပါတယ်။ နန့်ယားစစ်ကောင်စီတပ်သားတွေ အလံဖြူထောင်လက်နက်ချအပြီးမှာပဲ KIA က တပ်တွင်းရှိ စစ်လက်နက်၊ ခဲယမ်းတွေကို ကားနဲ့သယ်ယူနေကြပြီလို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ နန့်ယားတပ်စခန်းမှာ ပြည်သူ့စစ်အပါစစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့တပ်စခန်းဖြစ်ပြီး တပ်စခန်းထဲက ယမ်းဂိုဒေါင်ဖောက်ခွဲခံရချိန်ပြည်သူ့စစ်ဘက်ကသေဆုံးမှုများတယ်လို့ ဆိုပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ထဲကနေအရာခံဗိုလ်၊ တပ်ကြပ်ကြီးအပါ တပ်သား စုစုပေါင်း ၃၀ လောက်က KIA ဆီ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပြီး တစ်ချို့က ထွက်ပြေးလွတ်မြောက်သွားသလို တိုက်ပွဲမှာသေဆုံးသွားတာရှိတယ်လို့လည်း သိရပါတယ်။ နန့်ယားစခန်းသိမ်းတိုက်ပွဲမှာ KIA ဘက်က ၇ ယောက်ခန့်ကျဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းပါတယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ KIA တပ်တွေဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်း နန့်ယားတပ်စခန်းထဲအထိဝင်ရောက်နေရာယူနိုင်ခဲ့ပေမယ့် ကုန်းထစ်ပေါ်မှာရှိတဲ့စခန်းထဲမှာရှိသူတွေဟာ လက်နက်မချဘဲကျန်ရှိနေသေးတာကြောင့် မနေ့ညအထိ ၂ ဖက်တပ်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နန့်ယားတပ်စခန်းဟာ မြစ်ကြီးနား၊ မိုးကောင်းဘက်ကနေဝင်ပြီး ဖားကန့်ကိုသွားတဲ့လမ်းမပေါ်မှာတည်ရှိပြီး ဖားကန့်ကိုတက်တဲ့ ခရီးသည်၊ ကုန်တင်ကား တစ်ခုချင်းစီစစ်ဆေးတာတွေ၊ ၁၀ စုနှစ်တစ်ခုအကြာ မူးယစ်ဆေးဝါးတွေရောင်ချပေးပြီး ငွေကြေးရှာပေးနေတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ နန့်ယားဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။ “ဒီဖားကန့် လမ်းပေါ်မှာက နန့်ယားနဲ့ နမ်တိန့်က အရမ်းအရေးကြီးတဲ့ စစ်တပ်စခန်းတွေဖြစ်တယ်။ ပြောရရင်ပိုက်ဆံရှာပေးနေတဲ့ နေရာပေါ့။ အဲဒီနန့်ယားတပ်စခန်းကပဲ ‘ယာမ၊ ဖိုး’တွေရောင်းချပေးတာဖြစ်တယ်။ အခုအဲဒါတွေလည်းမရှိတော့ဘူး။ နောက်ပြီးရင် အဲဒီတပ်စခန်းမှာပဲ ဒေသခံတွေသွားလာရင်း သတ်ဖြတ်ခံရတာ ၅ ယောက်လောက်ရှိပြီ။ ဒါကြောင့်လဲ KIA ကအမြန်ရှင်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။ ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရ နန့်ယားတပ်စခန်းဟာ ‘ဘိန်းဖြူ၊ ရာမ’မူးယစ်ဆေးဝါးတွေကိုထားရှိပြီး ဖားကန့်ဒေသတဝိုက်ကို အဓိက ဖြန့်ဖြူးရောင်းချပေးနေတဲ့နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ နန့်ယားတပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ခုနှစ်လောက်မှာ နန့်ယားဒေသခံတစ်ချိုကို ပြည်သူ့စစ်ဖွဲ့စည်းပေးလိုက်ပြီး နန့်ယားပြည်သူ့စစ်အဖြစ်တည်ရှိနေရာကနေ စစ်တပ်စခန်းအဖြစ်တပ်ချနေထိုင်ထားတဲ့ တပ်စခန်းအကြီးလည်းဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ရက်အတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ နန့်ယားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်…
Read More »









