ဖားကန့်
-
Aug- 2023 -31 Augustသတင်း
ဖားကန့်မှာ ဒီနေ့တစ်ရက်အတွင်း ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက်သေဆုံး
ဖားကန့်မြို့ရှိ မရှီကထောင်ရပ်ကွက်နဲ့လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ရွာမှာ ဒီနေ့တစ်ရက်အတွင်းမှာဘဲ ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ဖြစ်စဥ်မှာ လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ကျေးရွာ (ဒေသအခေါ် လေးအိမ်စု)မှာ ဒီနေ့ည ၇ နာရီခွဲလောက်မှာ အမျိုးသား ၂ ယောက်…
Read More » -
29 Augustသတင်း
ဖားကန့်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ
ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက နမ့်တိန်ကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ KIA နဲ့ နီးစပ်သူတွေကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၇ ရက်နေ့ နန့်ယားကျေးရွာက အရပ်သားပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး ထွက်ခွာသွားကြတဲ့ စစ်ကြောင်းဖြစ်ပြီး ဩဂုတ် ၂၈…
Read More » -
28 Augustသတင်း
၅ ရက်ကြာပိတ်ခံထားတဲ့ ဖားကန့်လမ်းဖွင့်ပေးပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်တာမရှိသေး
စစ်ရေးတင်းမာခဲ့တဲ့ ကားမိုင်း- ဖားကန့်လမ်းကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့အကြား ၅ ရက်အကြာ သွားလာခွင့်ပိတ်ဆို့ထားရာကနေ ဒီမနက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖားကန့်သွားလမ်းမကြီးကို ဩဂုတ်လ၂၂ ရက်နေ့ ကားမိုင်းကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာနားမှာ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ နေ့ကတည်းကပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်…
Read More » -
27 Augustသတင်း
ဖားကန့်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်နေပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၁ သောင်းခွဲထိ ပေးဝယ်နေရ
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကားမိုင်း– ဖားကန့်လမ်းပိုင်း ပိတ်ထားတာကြာမြင့်လာတဲ့အတွက် ဖားကန့်မှာတော့ ခုရက်ပိုင်းအခြေခံစားသောက်ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာနေကြောင်း လုံးခင်းဒေသခံတွေဆီက သိရပါတယ်။ အဲဒီလမ်းပိုင်းကို ဩဂုတ်လ ၂၂ ကားမိုင်းကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က နန့်ယား မရောက်ခင်…
Read More » -
25 Augustသတင်း
ဖားကန့်မှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဖမ်းဆီးရမိ
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို ဖမ်းဆီးရမိထားပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဆီကနေ သိရပါတယ်။ အဲဒီ ပျူခေါင်းဆောင် ဗိုလ်စောမောင်ကို ဒီလ ပထမအပတ်မှာ ဆိုင်းတောင်ရပ်ကွက် နေအိမ်တစ်အိမ်မှာငွေတောင်းခံနေချိန် ရပ်ရွာပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာဖြစ်တယ်လို့ KPDF အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြပါတယ်။…
Read More » -
22 Augustသတင်း
ကားမိုင်းကျေးရွာဒေသခံ ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား
ဖားကန့်မြို့နယ် ကားမိုင်းမြို့က ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်အထိ ဝင်ရောက်ဖမ်းဆီးသွားပြီး…
Read More » -
17 Augustသတင်း
ဖားကန်ကျောက်စိမ်းတောင် ရေကန်ကြီး ယိုစိမ့်မှုဖြစ်ပေါ်နေတာကြောင့် ပေါက်ထွက်မှာကို ဒေသခံများစိုးရိမ်နေ
ဖားကန့် မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီး ကျေးရွာ ၂ခုကြားမှာရှိတဲ့ ယခင်ကျောက်စိမ်လုပ်ကွက်ဟောင်းနေရာလည်းဖြစ် ကျောက်စိမ်းတောင်ရေကန်(ဒေသအခေါ်)နေရာမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တစ်ချို့က ရေကန်ထဲကို စွန့်ပစ်မြေစာတွေ သွန်ထည့်နေတာကြောင့် ရေစိမ့်ယိုမှုဖြစ်ပေါ်နေပြီးတော့ ရေကန်ပေါက်ထွက်လာမယ့် အခြေအနေမှာ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဧက ၃၀ ဝန်းကျင်လောက်ကျယ်ဝန်းတဲ့ ကျောက်စိမ်းတောင်ရေကန်ကြီးထဲကို နေ့စဉ်…
Read More » -
14 Augustသတင်း
တာမခံရွာမှာ အခြေခံစားသောက်ကုန်စျေးအဆမတန်မြင့်တက်နေ
ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ တာမခံရွာအဝင်၊ အထွက်ကို ပိတ်ထားတဲ့အတွက် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ တာမခံဒေသခံတွေက ပြောပါတယ်။ လက်ရှိ တာမခံ၊ ဟောင်ပါးဘက်မှ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိပေးဝယ်နေရတဲ့အပြင် ကုန်ပစ္စည်းအဝင်မရှိတော့တဲ့အတွက် ကုန်စုံဆိုင်အများပိုင်း ကုန်ပစ္စည်းတွေ ပြတ်လပ်စပြုနေပြီလို့လည်း…
Read More » -
7 Augustသတင်း
ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ…
Read More » -
1 Augustသတင်း
ဖားကန့်၊မဇွပ်ယန် အချုပ်ထောင်မှ အကျဉ်းသား/သူ ၁၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရ
စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ ဖားကန့်မြို့ မဇွပ်ယန်အချုပ်ထောင်မှ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၁၇ ဦးလွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ “အမျိုးသမီး ရှစ်ဦး၊အမျိုးသား ကိုးဦး ဒီနေ့ လွတ်မြောက်ပါတယ်“ဟု မဇွပ်ယန်အချုပ်ထောင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယနေ့လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ကျဉ်းသား ၁၁ ဦး၊တစ်ခြားသော ပုဒ်မတွေနဲ့ထောင်ကျခံသူ ၆ ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။ ဖားကန့်မှာ အာဏာသိမ်းပြီးနောက်…
Read More »









