ဖားကန့်
-
Apr- 2023 -12 Aprilသတင်း
ဖားကန့်မြို့တွင် စစ်ကောင်စီက အရပ်ဝတ်များဖြင့် အစစ်အဆေး တင်းကြပ်နေ
ဖားကန့်မြို့တွင် စစ်ကောင်စီ စစ်သား နှင့် ရဲများက အရပ်ဝတ်များ ဝတ်ဆင်ကာ မြို့တွင်းလူသွားလူလာများသည့် နေရာများတွင် အစစ်ရေးပြန်လည် တင်းကြပ်နေကြောင်း သိရသည်။ ဧပြီ ၁၁ ရက်နေ့ နံနက်ည ၉ နာရီမှစ၍ ဖားကန့်မြို့တွင်းရှိ အဓိက ကျသည့်နေရာများတွင် အရပ်ဝတ်များဖြင့် လူစုခွဲကာ…
Read More » -
10 Aprilသတင်း
ဖားကန့်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ရှိ ”ယွမ်း” လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မှော်ဝမ်းရပ်ကွက်ရှိ ယွမ်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမင်းအောင် အသက် ၅၀ ဝန်းကျင် ကို…
Read More » -
5 Aprilသတင်း
ရှရော်ခကျေးရွာရှိ ရွှေ့ပြောင်းပြည်သူများကို ထပ်မံရွှေ့ပြောင်းစေရန်အတွက် ခြံစည်းရိုးကာရန်ခြင်းများ လုပ်ဆောင်နေ
ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ ရွှေ့ပြောင်းပြည်သူများ နေထိုင်သော တဲအိမ်များအား ရွှေ့ပြောင်းပေးစေရန်အတွက် ခြံစည်းရိုး (ဝါးထရံ) ကာခြင်း၊ အဆောက်အဦး ဆောက်လုပ်ရန်အတွက် သစ်များ လာရောက်စုပုံ နေရာချထားကြသည်ဟု ထိုနေရာတွင် နေထိုင်သူများကပြောသည်။ “အခု ဘယ်သူတွေက ဒီကိစ္စတွေ လာလုပ်ခိုင်းလဲ မေးရင် မသိဘူးပဲဖြေတယ်၊ သစ်ကားတွေကတော့…
Read More » -
Mar- 2023 -31 Marchလူ့အခွင့်အရေးချိုးဖောက်မှု
ကားမိုင်းတွင် ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့အဝင် ယခင် စစ်တပ်ဂိတ်ရှိသည့်နေရာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်သားများက ဖားကန့်တက်လာသည့် ကုန်ကားသမားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သိရသည်။ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်…
Read More » -
27 Marchသတင်း
ဖားကန့် တွင် ဒုရဲအုပ်တစ်ဦးနှင့် PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာတွင် မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အဖွဲ့ဝင်တစ်ဦး သေဆုံးမှုရှိခဲ့ကြောင်းသိရသည်။ ဆိုင်းတောင်ရပ်ကွက် ၄ ဘဇံချောင်းအနီးတွင် အိမ်စီးကားတစ်စီးဖြင့် မောင်းနင်းလာသည့်…
Read More » -
23 Marchလူ့အခွင့်အရေးချိုးဖောက်မှု
စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်တွင် မီးရှို့ခံရသည့် အိမ် ခြေ ၄၀၀ ကျော်အထိရှိပြီး ဖားကန့်မြို့နယ်မှ အများဆုံးပါဝင်
စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၄၀၀ ကျော်အထိ ရှိလာပြီး အများဆုံးမှာ ဖားကန့်မြို့နယ်ထဲမှ ဖြစ်ကြောင်းသိရသည်။ Data For Myanmar ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ခဲ့သည့်…
Read More » -
22 Marchသတင်း
ဖမ်းဆီးခံရသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ နာရီပိုင်းအတွင်း ပြန်လည်လွှတ်မြောက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးအောင်ဖေ သည် ဖမ်းဆီးခံရပြီးနောက် ၂ နာရီအကြာတွင် ပြန်လည်လွှတ်မြောက်လာကြောင်း ဒေသခံများမှ သိရသည်။ မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်…
Read More » -
22 Marchသတင်းဆောင်းပါး
လုံခြုံမှု ပျောက်ဆုံးလာတဲ့ ကျောက်စိမ်းမြေ
“လုံတော့ မလုံခြံဘူးပေါ့ဗျာ တစ်နေ့တစ်နေ့ကြောက်နေရတာပေါ့ ဘယ်နေ့များကိုယ့်ကိုလာဖမ်းမလဲ ကိုယ်ကတော့ဘာမှ မလုပ်ပေမယ့် စိတ်ကတော့ကြောက်စိတ်ရွံ့မှုတွေခံစားနေရတာပေါ့ မလုံခြုံပါဘူး နေ့ခင်းတောင်ကြောက်နေရတာ ညဆိုပိုဆိုးပေါ့” ဒါကတော့ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသ ရှရော်ခ (Sharaw Hka) ကျေးရွာမှာနေတဲ့ ကျောက်တူး သမားလေးတစ်ယောက်ရဲ့…
Read More » -
21 Marchသတင်း
ဖားကန့်တွင် နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် မျောက်ကုန်းကျေးရွာတွင် ပြည်သူများပြန်လည်နေထိုင်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကို ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် ၃ ရက်ခန့်အကြာမှ ပြန်လည်နေထိုင်ခွင့် ပြုထားကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၁၈ ရက်နေ့ မှစကာ လုံးခင်းသာသနာ့နယ်မြေ မျောက်ကုန်း(ဒေသခေါ်)နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်…
Read More » -
20 Marchသတင်း
လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။ မတ်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်တွင် လုံးခင်းအုပ်စု သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီး ရဲကားတစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်မှ…
Read More »









