သတင်း

ဖားကန့်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ရှိ ”ယွမ်း” လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မှော်ဝမ်းရပ်ကွက်ရှိ ယွမ်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမင်းအောင် အသက် ၅၀ ဝန်းကျင် ကို ဖားကန့်နယ်မြေရဲစခန်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဦးမင်းအောင်နှင့် ရင်းနှီးသည့် ဖားကန့်ဒေသခံ တစ်ဦးက KNG ကို ပြောသည်။

ရဲတွေလာခေါ်သွားတယ်။ မေးစရာရှိတယ်ဆိုပြီး လာခေါ်သွားတာ အခုထိပြန်မလွတ်သေးဘူး။ သူက လက်ဖက်ရှည်ဆိုင်မှာပဲ အိပ်တာ ဆိုင်ထဲ မှာလာဖမ်းခေါ်သွားတာဘာကြောင့် ဖမ်းတယ်ဆိုတော့အတိအကျ မသိရသေးဘူးဗျ”ဟု အထက်ပါအမျိုးသားက ပြောသည်။

ဖမ်းဆီးခံရသည့် ဦးမင်းအောင်သည် ဖားကန့် မှော်ဝှမ်းရပ်ကွက် မေတ္တာရှင်လူမှုကူညီရေး အသင်းဥက္ကဌလည်းဖြစ်ပြီး မည်သည့်ကိစ္စကြောင့် လာဖမ်းသည်ကို အတည်ပြုနေဆဲ ဖြစ်သည်။

သူ့ကို လာရောက် ဖမ်းဆီးခေါ်ဆောင်စဥ် အိမ်စီးကားဖြင့် အရပ်ဝတ်ထားသူ အချို့နှင့် ရဲဝတ်စုံဝတ်ဆင်ထားသူ အချို့ပါဝင်ပြီး လက်ရှိ ဖားကန့် ရဲအချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့ရှိ အရပ်သားပြည်သူများကို သံသယဖြင့် နေ့ ည မပြတ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေပြီး ၂၀၂၃ ခုနှစ် ဧပြီလ အထိ ဖမ်းဆီးခံရသူပေါင်း ၃၂၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button