,

Breaking News :

အောင်ဟိန်းမင်း ဦးဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်သည် ဆိုပြီး သတင်းအမှားဖြန့်

KIO နယ်မြေမှာဖွင့်လှစ်တဲ့ Kachin State Comprehensive University (KSCU)

မိုးညှင်း နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီတပ်မှ ခရီးသွားယာဉ်များကို စစ်ဆေးနေ

ဗန်းမော်တွင် မီတာကြေးမဆောင်သည့် နေအိမ်များမှ မီတာဘောက်များ စစ်ကောင်စီအဖွဲ့ လိုက်လံဖြုတ်သိမ်းနေ

စစ်ကောင်စီတပ်၏ စက်လှေ ၄စီးပစ်ခံရပြီး မိုးစစ်ရွာမှ ကလေးငယ် ၅ဦးခန့် ထိခိုက် သေဆုံးမှုရှိ

ထီးချိုင့်နယ် ငွေကြေးကောက်ခံနေသည့် စစ်တပ်ဂိတ်တစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်သား ၃ဦးခန့်သေဆုံးဟုဆို

မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ

နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား

မြစ်ကြီးနားတွင် စစ်ကောင်စီအဖွဲ့ ကင်းပုန်းချ ဖမ်းဆီးမှုလုပ်ဆောင်နေ၊ တစ်ရက်အတွင်း လူငယ် ၂ဦး ဖမ်းဆီးခံရ

ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

  1. Home
  2. ဗန်းမောက်မြို့နယ်

Tag: ဗန်းမောက်မြို့နယ်

သတင်း
ဗန်းမောက်တွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး၊ သွားလာရေးကန့်သတ်ထား

ဗန်းမောက်တွင် စစ်ကောင်စီတပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး၊ သွားလာရေးကန့်သတ်ထား

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဟန် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ၂ဦး လက်နက်ကြီးထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဩဂုတ်လ ၁၂ရက်နေ့ မြို့နယ်ထွေအုပ်ရုံး ဝင်ရောက်တိုက်ခိုက်ခံရမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဟန် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၃ရက်နေ့ နံနက်ပိုင်းမှ နေ့လည် ၁၁နာရီ နေ့မထွက်ရ အမိန့်ထုတ်ပြန်ကာ စစ်ကောင်စီတပ်မှ ဗန်းမောက်မြို့တွင်း လက်နက်ကြီးများ ရပ်သမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဗန်းမောက် PDF အဖွဲ့တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

တိုက်ပွဲ
ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ပေကုန်း ဇရပ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ဗန်းမောက်မြို့နယ် ပေကုန်းကျေးရွာအနီးရှိ ဇရပ်တစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားနိုင်သည်ဟု Banmauk Revolution-BR မှ ထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင်တွင် ဗန်းမောက်မြို့ အနောက်တောင်ဘက်ခြမ်းရှိ ပေကုန်းရွာအနီးရှိ ဇရပ်တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသည်ကို သတင်းရရှိသဖြင့် KIA နှင့်

သတင်း
ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို

ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို

ဗန်းမောက်မြို့နယ် မံစီကြီး ကျေးရွာ ဒေသခံတစ်ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်များ သတ်ဖြတ်လိုက်သည်ဟု သိရသည်။ ဩဂုတ်လ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်သက် စျေးဆိုင်တစ်ဆိုင်တွင် စျေးဝယ်နေစဥ် SNA တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်မူ အလောင်းလာယူရန် SNA မှ ပြောဆိုလာသည်ဟု Banmauk

တိုက်ပွဲ
ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးဖွဲ့တစ်ခုဖြစ်သည့် စစ်ကိုင်းအထူးတပ်ဖွဲ့တို့ကြား ၄ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး တပ်သားအချို့ကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် မှ သိရသည်။ ဗန်းမောက်မြို့နယ် သောင်ကြီးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ ရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ဇွန် ၂၈ ရက်တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂ဦး သေဆုံး၍ ၆

သတင်း
ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံပြည်သူ ၃၀ကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ဒေသသတင်းအရင်းအမြစ်ထံမှ သိရသည်။ ဇွန်လ ၂၆ရက် ယမန်နေ့ နေ့လည်၁၂နာရီဝန်းကျင် ဗန်းမောက်တောင်ပိုင်းဘက်ကို စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်း ဝင်ရောက်လာချိန် ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် တပ်သား၅ဦးခန့် သေဆုံးသွားသည့်အတွက်ကြောင့် ထိုစစ်ကောင်စီ စစ်ကြောင်းသည် ယနေ့နံနက် ၈နာရီဝန်းကျင် ကျောက်အိုင်ကျေးရွာသို့ ဝင်ရောက်ကာ ဒေသခံပြည်သူ ၃၀ ဦးအား ဖမ်းဆီးထားကြောင်းသိရသည်။ "စစ်ကြောင်းတွေက မနေ့စပြီး ဗန်းမောက်တောင်ပိုင်းဘက်