မန္တလေး

  • Jul- 2026 -
    6 July
    သတင်း

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ကုန်တင်ကားတွေပိတ်မိနေတာ တစ်ပတ်ခန့်ရှိလာ

    ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးမှာ စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာတာနဲ့အတူ လမ်းပိုင်းတချို့ပိတ်ဆို့နေပြီး ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်အများအပြားပိတ်မိနေတာ တစ်ပတ်ကြာရှိလာပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ဝန်းကျင်ကစပြီး ပိတ်မိနေတဲ့ယာဉ်တချို့ ဇူလိုင်လ ပထမပတ်အထိ ခရီးဆက်မသွားနိုင်သေးသလို တချို့ယာဉ်တွေကတော့ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် နောက်ပြန်လှည့်ခဲ့ရတယ်လို့ ကားလိုင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ “နဘားမရောက်ခင် ငါးရက်လောက် ပိတ်မိနေတဲ့ အဆင်းကားတချို့ကတော့ လမ်းဖွင့်မယ့်အချိန် မသေချာသေးတာကြောင့် နောက်ပြန်လှည့်ပြီး ပြန်လာနေကြပါတယ်။“လို့ ကားသမားတစ်ဦးကပြောပါတယ်။ လက်ရှိမှာ အဓိကပိတ်ဆို့နေတဲ့ လမ်းပိုင်းနှစ်ခုရှိနေပြီး ပထမတစ်ခုက နဘား–ကသာ ကားလမ်းပိုင်းနဲ့ ဒုတိယတစ်ခုကတော့ မဲဇာ–နန့်သဲ–အင်းတော် ကွင်းလမ်းပိုင်းတို့ဖြစ်ပါတယ်။ အလားတူ ရှောင်ကွင်းအသုံးပြုဖို့ ကြိုးစားတဲ့ ယာဉ်တွေဟာလည်း ရွာစဉ်အလိုက် ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရှေ့ဆက် မသွားနိုင်ဘဲ လမ်းပြန်ဖွင့်မယ့်ရက်ကိုသာ စောင့်ဆိုင်းနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ ခရီးသည်တင်ကားလိုင်းတချို့ရဲ့ အသိပေးချက်တွေအရ မြစ်ကြီးနား–မန္တလေး လမ်းကြောင်းတစ်ခုလုံးရဲ့ မြေပြင်အခြေအနေဟာ နေ့စဉ်အပြောင်းအလဲရှိနေပြီး ဘယ်လမ်းကို ဖွင့်မယ်၊ ဘယ်လမ်းကို ပိတ်မယ်ဆိုတာ တိတိကျကျ ခန့်မှန်းလို့မရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှ ခရီးစဉ်ကို ဆုံးဖြတ်ဖို့ တိုက်တွန်းထားပါတယ်။ “အခု မြစ်ကြီးနား–မန္တလေးလမ်းကြောင်းက နေ့တိုင်းလိုလို အခြေအနေပြောင်းနေတယ်။ ဘယ်လမ်းဖွင့်မလဲ၊ ဘယ်လမ်း ပိတ်မလဲဆိုတာ မသေချာသေးတော့ ခရီးသွားမယ့်သူတွေအနေနဲ့ ချက်ချင်းမထွက်သေးဘဲ အခြေအနေကို နည်းနည်း စောင့်ကြည့်ပြီးမှ ဆုံးဖြတ်တာ ပိုကောင်းပါတယ်“လို့ အထက်ပါကားသမားကဆက်ပြောပါတယ်။ ရွှေဘို–အင်းတော် လမ်းပိုင်း ဒါမှမဟုတ် ထီးချိုင့်တံတား–ခုနစ်ရွာတန်းလမ်းခွဲ–အင်းတော် လမ်းကြောင်းကို ယာယီဖွင့်ပေးမလားဆိုတာကိုသာ ကားသမားတွေစောင့်ကြည့်နေကြပေမဲ့ ဘယ်လမ်းကို ပြန်ဖွင့်မယ်ဆိုတဲ့ တရားဝင် အတည်ပြုချက်တော့ မရှိသေးပါဘူး။ လက်ရှိအချိန်မှာ အခက်အခဲအများဆုံး ကြုံတွေ့နေရတဲ့ လမ်းပိုင်းကတော့ ကသာ–ထီးချိုင့် လမ်းပိုင်းဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ လမ်းတချို့ ဖျက်ဆီးခံထားရတာကြောင့် မကြာခင်မှာ ပြန်လည်အသုံးပြုနိုင်ဖို့ မလွယ်ကူသေးဘူးလို့ ကားလိုင်းသမားတွေက သုံးသပ်ထားပါတယ်။ ကသာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ညောင်ခြေထောက်–သံပုရာကျေးရွာအနီး ထီးချိုင့်–ကသာ လမ်းပိုင်းမှာ ဘက်ဟိုးယန္တရား တွေနဲ့ တူးဖော်ဖျက်ဆီးထားတဲ့ နေရာ နှစ်နေရာကနေ သုံးနေရာခန့် ရှိနေပြီး ယာဉ်တွေ လုံးဝဖြတ်သန်းလို့ မရတော့ဘူးလို့ ဆိုပါတယ်။ By – အမိုး

    Read More »
  • Jun- 2026 -
    18 June
    သတင်း

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်း လုံခြုံရေးစိုးရိမ်မှုများရှိနေဆဲ

    ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးပေါ်မှာ ယာဉ်သွားလာမှုပြန်လည်ရှိလာပြီဖြစ်ပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ လမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းတွေက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် အဲ့ဒီလမ်းပိုင်းဟာ မကြာခဏ ပိတ်ဆို့ခဲ့ရသလို ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ် ရာနဲ့ချီပြီး လမ်းကြောင်းပေါ်မှာ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။ လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်ရှိလာပေမယ့် လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။ “အခုက လုံခြုံမှုခံစားရပြီလားဆိုရင်တော့ အဲ့လိုပြောဖို့တော့ စောပါသေးတယ်။ အဲ့လိုကြီးလည်း မဟုတ်သေးဘူး။ ပုံမှန်လိုပဲ ကျနော်တို့ သွားနေတဲ့အတိုင်းပေါ့။ လုံခြုံမှုရှိလားဆိုရင်တော့ လောလောဆယ်တော့ အရမ်းကြီး မခံစားရသေးဘူး။ စိုးရိမ်မှုတွေတော့ ရှိသေးတာပေါ့”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဘက်တွေမှာ တပ်အင်အားတွေ ဆက်လက်ချထားသလို အဓိကလမ်းဆုံတွေ၊ တံတားတွေနဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေမှာလည်း လုံခြုံရေးယူထားဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းကို ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ပေမယ့် စစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေ လမ်းကြောင်းပေါ်မှာ ဆက်လက် သွားလာနေသေးတာကြောင့် အရပ်သားယာဉ်တွေကလည်း ပုံမှန်ထက် နှေးကွေးစွာသွားလာ နေရတယ်လို့ သိရပါတယ်။ “အခုက စစ်တပ်ယာဉ်တန်းက ပြန်လာတယ်။ မိုးညှင်း မော်ဟဲရွာကနေ မန္တလေးဘက်ကို ပြန်လာတာ။ မနေ့ကပဲ ကားသမား တစ်ယောက်က လှမ်းပြောတယ်။ ယာဉ်တန်းတွေဆင်းသွားနေတယ်၊ ဂရုစိုက်ကြပါပေါ့။ ဒီနေ့တောင် စဉ့်ကူး လက်ပံလှကို ရောက်နေပြီ”လို့ သူက ဆက်ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းမကြီးဟာ ကချင်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ စက်သုံးဆီ အများစုကို အဓိက သယ်ယူပို့ဆောင်နေတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် လနဲ့ချီပြီး သွားလာရေးခက်ခဲခဲ့တဲ့ အဲ့ဒီလမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ စစ်ကောင်စီဘက်ကတော့ ကသာ၊ အင်းတော်၊ မော်လူးနဲ့ မိုးညှင်းဒေသတွေမှာ စစ်အင်အားတိုးချထားတာ၊ ထောက်ပို့ယာဉ်တန်းတွေ စေလွှတ်တာနဲ့ လမ်းကြောင်း တစ်လျှောက် လုံခြုံရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ယာဉ်မောင်းတွေကြားမှာတော့ အခု မန္တလေးဘက်ကို ပြန်ဆင်းလာနေတဲ့ ယာဉ်တန်းတွေဟာ ကချင်ဒေသတွေနဲ့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် လိုအပ်တဲ့ ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီးနောက် ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ “အဲ့ဒီ တက်သွားတဲ့ ယာဉ်တန်းက ပြန်လာတာလားတော့ မသိဘူး။ နေရာချစရာတွေ ချပြီးတော့ ပြန်လာတာ ထင်ပါတယ်။ အဓိကကတော့ သူတို့က ရုံးတွေပြန်ဖွင့်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့၊ ဝန်ထမ်းတွေသွားပို့ဖို့၊ ကျောင်းဖွင့်တာဆိုရင် စာအုပ်တွေ စာရွက်စာတမ်းတွေ သယ်တာပေါ့။ အဲ့လိုလုပ်နေတာလို့ ကျနော်တို့ ကြားပါတယ်”လို့ နောက်ထပ် ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် အဆိုပါ ယာဉ်တန်းတွေရဲ့ တိကျတဲ့တာဝန်နဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကိုတော့ KNG အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်းတော့မရှိသေးပါဘူး။ ဒါကြောင့် လမ်းကြောင်းပေါ်မှာ ယာဉ်သွားလာမှုတွေ ပြန်လည်ရှိလာပေမယ့်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေကတော့ လုံးဝ လျော့ကျသွားတာမျိုး မရှိသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို စစ်ယာဉ်တန်းတွေနဲ့ ထောက်ပို့ယာဉ်တန်းတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး ၃ ကြိမ်ခန့် ဖြတ်သန်းသွားလာနိုင်ခဲ့တယ်လို့ လမ်းကြောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး

    Read More »
  • 17 June
    သတင်း

    လမ်းပိုင်းအခက်ခဲကြောင့် အင်းရွာဇက်ဆိပ်မှာ ယာဉ်များစုပုံနေ

    စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာ မိုးတွင်းကာလ ရောက်ရှိလာတာနဲ့အမျှ ရင်ကွဲတောင်လမ်းပိုင်း သွားလာရခက်ခဲလာတာကြောင့် အင်းရွာဇက်ဆိပ်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ စုပုံနေတယ်လို့ လမ်းကြောင်းအသုံးပြုနေတဲ့ ကားသမားတွေက ပြောပါတယ်။

    Read More »
  • May- 2026 -
    29 May
    သတင်း

    တိုက်ပွဲငြိမ်နေလို့ မန္တလေး–မြစ်ကြီးနားလမ်းကို ခရီးသွားတွေ ပြန်သုံးလာ

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ရက်ပိုင်းကြာပိတ်မိနေခဲ့တဲ့ ကားတန်းတချို့ကို အခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လွှတ်ပေးလာနေပြီး ခရီးသွားတချို့လည်း ဒီလမ်းပိုင်းကို ပြန်အသုံးပြုလာနေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားတာမျိုး မဟုတ်သေးဘဲ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်စရာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၂၉ ရက် ဒီနေ့အထိလည်း လမ်းပိုင်းမှာ ကားတွေ ဆက်လက်သွားလာနေကြပြီး လက်ရှိအခြေအနေက တိုက်ပွဲတွေ ခေတ္တငြိမ်နေတဲ့ အနေအထားသာ ဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနား ခရီးစဉ်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “သိတာတစ်ခုကတော့ တိုက်ပွဲငြိမ်နေတယ်။ ဒီကလွှတ်တဲ့ကားတွေ လမ်းကြောင်းမှာတော့ ရောက်သွားကြတယ်။ လမ်းမှာ မရပ်ရဘူးပေါ့။ အဲ့လောက်ပဲ သိရသေးတယ်။ လောလောဆယ်တော့ ငြိမ်နေတာပဲ ရှိသေးတာပါ။ မဖြစ်မနေ သွားရမယ့်သူတွေကတော့ သွားလို့ရပါတယ်” ဒါပေမယ့် အပန်းဖြေခရီးသွားတာမျိုးတော့ ဒီလမ်းကို မသုံးသင့်သေးဘူး။ အခုလည်း မသွားသင့်သေးပါဘူး။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စလို မဖြစ်မနေကိစ္စတွေလောက်ပဲ သွားတာ အဆင်ပြေပါတယ်” လို့ သူက ပြောပါတယ်။ ကားသမားတွေရဲ့ ပြောဆိုချက်အရ လက်ရှိမှာ ယာဉ်တွေကို ဆက်တိုက်ရပ်နားစရာမလိုဘဲ ဖြတ်သန်းခွင့်ပြုနေပြီး တိုက်ပွဲအခြေအနေပေါ် မူတည်ကာ သွားလာခွင့်အပြောင်းအလဲတွေ ဆက်ရှိနိုင်သေးတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နောက်ပိုင်းကစပြီး ကသာ၊ အင်းတော်၊ မော်လူး၊ မော်ဟန်နဲ့ နန့်စီးအောင်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို ဦးတည်လာတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ် ရာနဲ့ချီဟာ ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့တစ်ဝိုက်မှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မေလ ၂၇ ရက်နေ့ကစပြီး လမ်းပိုင်းတချို့မှာ တိုက်ပွဲအခြေအနေ ယာယီငြိမ်သက်လာတာကြောင့် ပိတ်မိနေတဲ့ ယာဉ်တွေကို ၁၀ စီးစီ အုပ်စုလိုက် တဖြည်းဖြည်း ဖြတ်သန်းခွင့်ပေးလာခဲ့တာပါ။ လက်ရှိ မန္တလေး–မြစ်ကြီးနားလမ်းပိုင်း အခြေအနေနဲ့ပတ်သက်ပြီး KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ လုံခြုံရေးအရ သွားလာခွင့် ကန့်သတ်တာတွေ ရှိနိုင်ပေမယ့် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တာမျိုး မရှိဘူးလို့ ပြောပါတယ်။ “တိုက်ပွဲဖြစ်ရင်တော့ သိတဲ့အတိုင်း လုံခြုံရေးဘက်က ကြည့်ပြီး မဖြတ်ခိုင်းတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှိရင် နားလည်ပေးဖို့ အရေးကြီးပါတယ်။ တိုက်ပွဲရှိရင် သွားရေးလာရေး အဆင်မပြေဘူးလေနော်။ ကျနော်တို့က ပြည်သူလူထုကို ပိတ်ဆို့တာမျိုး မရှိပါဘူး။ အဲ့ဒါကိုတော့ နားလည်ပေးဖို့ ပြောလိုပါတယ်” လို့ ဆိုပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းဟာ ကချင်ပြည်နယ်ကို မြန်မာပြည်အလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုနဲ့ လူအင်အားသွားလာရေးအတွက် အရေးပါတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။ စစ်တပ်ဘက်ကတော့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်တင်းလာခဲ့ရာကနေ ဧပြီလနဲ့ မေလအတွင်း အင်းတော်နဲ့ မော်လူးမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာလည်း လမ်းပိုင်းတစ်လျှောက်နဲ့ မြို့ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုနေကြပါတယ်။ By – အမိုး

    Read More »
  • 27 May
    သတင်း

    ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို အုပ်စုလိုက် ဖြတ်သန်းခွင့်စတင်ပေး

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို ဒီနေ့ မေလ ၂၇ ရက်နေ့မှာ ၁၀ စီးစီ အုပ်စုလိုက် ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ ကားသမားတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ကားသမားတစ်ဦးရဲ့ ပြောကြားချက်အရ…

    Read More »
  • 18 May
    သတင်း

    လေယာဉ် လက်မှတ် အခက်အခဲကြောင့် ဆေးကုသမည့် လူနာများ အခက်တွေ့

    လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့် လူနာတွေအတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

    Read More »
  • Mar- 2026 -
    5 March
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်း‌မရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်

    ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကစလို့ အခုလိုခရီးသွားတွေနဲ့ မော်လူး–နဘား ဒေသတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေအပါအဝင် အဲ့ဒီလမ်းပိုင်းကို…

    Read More »
  • 2 March
    သတင်း

    ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ 

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်စပြီး မန္တလေး–မုံရွာ–ဟုမ္မလင်းလေကြောင်းလိုင်းကို အကြေင်းပြချက်မရှိပိတ်ချလိုက်တဲ့နောက် ဆေးဝါးပြတ်လပ်တာ၊တစ်ခြားကုန်စည်တွေပြတ်လပ်စပြုလာပြီး လက်ကျန်ရောင်းချတဲ့ကုပစ္စည်းတွေလည်း စျေးအဆမတန်မြင့်တက်လာတယ်လို့  ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်လိုင်းပိတ်တာ တစ်ပတ်ကျော် ခုဘာတွေဖြစ်နေလဲဆိုတော့ ဆေးခန်းတွေပိတ်ထားတယ် ဆေးမရှိလို့တဲ့၊နောက်ပြီး ပုံမှန်လေယာဥ်နဲ့တင်နေတဲ့ကွမ်းရွက်က အရင်တစ်ပိဿတစ်သောင်းကနေ အခု နှစ်သောင်းအထိခုန်တက်သွားတယ် ဆပ်ပြာ၊ ခေါက်ဆွဲခြောက်တို့တစ်ချို့ဆိုင်တွေမှာဝယ်မရတော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းလိုင်းပိတ်လိုက်တဲ့နောက် လက်ရှိဟုမ္မလင်းမြို့ပေါ်က အခမဲ့ဆေးခန်းတွေပိတ်ထားရပြီး ဖွင့်နေကျအပြင်ဆေးခန်းတွေမှာလည်းဆေးဝါးတွေ မစုံတော့ကြောင်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ကြက်ဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူအစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်းပြတ်လပ်စပြုနေပြီလို့ သိရပါတယ်။ ဟုမ္မလင်းလေကြောင်းလိုင်းပိတ်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ပြောဆိုထုတ်ပြန်တာတွေမရှိသလို လေယာဉ်လက်မှတ်အရောင်းဌာနတွေကလည်း မသိရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ “ဘာကြောင့်ပိတ်တာလဲဆိုရင် စစ်ရေးကြောင့်ပဲနေမှာ ဟိုတလေ သုံးရက်လေးရက်ဆက်တိုက် ကလေးဘက်ကလာတဲ့လေယာဥ်တွေဟုမ္မလင်းလေဆိပ်မှာနားပြီးဒီကနေသွားသွားကျဲတာလေး ပဲနုတ်ဆွပ်နဲ့နောင်မော်ဘက်ကိုအဲ့နောက်ပိုင်းကနေပိတ်သွားတာပဲ”လို့ ဟုမ္မလင်းမြို့ ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း မုံရွာ–နမ့်တော–ဟုမ္မလင်းကားလမ်းပိုင်း စစ်ရေးအရသွားလာလို့မရတဲ့နောက်  မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကနေ ကုန်စက်စက်လှေတွေနဲ့သယ်ကြရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ကုန်စက်လှေတွေခရီးတစ်ခေါက်ကို ခြောက်လခန့်ကြန့်ကြာတာတဲ့အတွက် အခြေခံစားသောကုန်နဲ့လူသုံးကုန်တွေကိုလေကြောင်းကနေပဲသယ်ယူနေုကြတာဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။ By – Zaw Zaw

    Read More »
  • 2 March
    သတင်း

    မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ

    မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို  ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ ဒီပေါက်ကွဲမှုအပေါ်  KIA/PDF ရဲအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာပြီး ပြင်းထန်တဲ့တုံးပြန်မှုလုပ်ဆောင်သွားမယ်လို့ဆိုကာ လေကြောင်းခရီးစဉ်အားလုံးရပ်နားထားတာဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ကချင်ဒေသဟာ အာဏာသိမ်းပြီးနောက် ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်–မန်းလေး–မြစ်ကြီးနားဗျူဟာလမ်းမကြီးရှိပေမယ့ စစ်ရေးအခြေနေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေရှိနေတဲ့အတွက် လေကြောင်းလိုင်းကိုအဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေး–ရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။ ခုလိုလေကြောင်းခရီးစဉ်အားလုံး ရပ်နားထားတဲ့အပေါ်  ခရီးသွားရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ထိခိုက်မှုများစွာ ရှိနေပြီး အချိန်ကြာမြင့်စွာ ဆက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသစီးပွားရေး ကျဆင်းနိုင်သလို လူထုရဲ့ နေ့စဉ်ဘဝလည်း ပိုမို ခက်ခဲလာနိုင်ပါတယ်။ ဒီအခြေအနေအပေါ် မြို့ခံတွေ ဘယ်လိုမြင်ကြလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို  KNG ကို မေးမြန်းထားပါတယ်။ မြစ်ကြီးနားမြို့နေ အမျိုးသားလူငယ်တစ်ဦး “လေကြောင်းလိုင်းတွေ အကုန်ပြန်ပိတ်သွားတော့ အကုန်လုံးက ညီးနေကြတယ်။ ဘာမှ မလုပ်တတ်သလို ဖြစ်သွားတယ်။ အကုန်လုံးက လေယာဉ်တစ်မျိုးနဲ့ဘဲ သွားနေတာကို လေယာဉ်ပြန် ပိတ်သွားတော့ ဘယ်မှမသွားတတ် မလုပ်တတ်နဲ့ အကုန်လုံးက။ ဘယ်လိုပြောရမလဲ ဟိုးအောက်ကို ပြန်ရောက်သွားသလို။ လေယာဉ်က ဘယ်အချိန်ပြန်ဖွင့်မလဲမသိတော့ အကုန်လုံးက အာရုံနှောက်ကုန်တာ။ ပြီးတော့ လောလောဆယ် မြစ်ကြီးနားမှာ ဖြစ်နေတာက အကုန်ကြောက်ပြီး စိုးရိမ်နေတယ်။ မြစ်ကြီးနားမှာ ဘယ်အချိန်တိုက်ပွဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ အကုန်လုံးက ကြောက်ပြီး နေနေရတယ်” ကိုးရီးယားသွားဖို့ ပြင်ဆင်နေတဲ့ လူငယ် အမျိုးသမီးတစ်ဦး “ကားနဲ့ သွားမယ်ဆိုရင် မလုံခြုံဘူးလေ။ လေယာဉ်နဲ့ဘဲ သွားရမှာ ။ အခုကျွန်မတို့ဆို ကိုးရီးယားသွားရတော့မှာ ရန်ကုန်တက်ရတော့မှာကွာ ခုလို လေယာဉ်တွေ ပိတ်သွားတော့ ကျွန်မတို့က ဘယ်လိုမှ လုပ်လို့မရနေဘူးကွာ။ ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင်လည်း မလုံခြုံဘူး အရမ်းခက်ခဲတယ်။ သွားလာရေးလည်း ပိုခက်လာတယ်။ လေယာဉ်ကဆို ပစ္စည်းတွေ ပိုရင်လည်း အမြန်ရောက်တယ်။ ကားနဲ့ဆိုရင် အရမ်းကြာတယ်လေ နှစ်ပတ်သုံးပတ်ကြာတယ်။ အရမ်းမကောင်းဘူး လုံးဝမကောင်းဘူး။ လေယာဉ်က အမြန်ဖွင့်ရင်ကောင်းမယ်” မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး “ကျွန်တော်ထင်တာက အဲလောက်အကြာကြီးတော့ သူတို့မပိတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း လေယာဉ်နဲ့ဘဲ သွားလာနေတော့ အဲလောက်ကြာအောင် ပိတ်ထားလို့ မရလောက်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီအတောအတွင်း ပြန်ဖွင့်မယ်လို့ ထင်တယ်။ သူတို့လည်း ခရီးသွားရမယ်ဆိုရင် လေယာဉ်နဲ့ဘဲ သွားရမှာပေါ့ ကားနဲ့မှ သွားလို့မရတာ။ ဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် သူတို့ ပြန်ဖွင့်လာမယ်လို့ထင်တယ်။ မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦး “အခက်အခဲက အရမ်းများတယ်။ တကယ်လို့ ကိုယ်ပြန်ချင်တဲ့အချိန် အရေးပေါ် အခြေအနေတွေဆိုရင် ဖြစ်လာတဲ့အချိန်တွေကြလို့ရှိရင် ပြန်လို့မရတာပေါ့နော။ ကားလမ်းနဲ့ ပြန်ပြန်မယ်ဆိုရင်လည်း ကားလမ်းက သိတဲ့အတိုင်းဘဲ ရက်သတ္တပတ် ကြာတယ်။ ဒါကြောင့် အခုလောလောဆယ် သွားလာနေတာက လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့ဆိုရင် မြန်ရောမြန်တယ်၊ လုံလည်းလုံခြုံတယ်။ အခုလိုမျိုး ပိတ်လိုက်တယ်ဆိုရင်က ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းဒုက္ခရောက်တယ်။ မြစ်ကြီးနားကနေ ရန်ကုန် သွားချင်တဲ့သူတွေအတွက်လည်း သူတို့ အလုပ်ကိစ္စတွေလည်း ရှိတယ်လေနော။ အရမ်းနှောင့်နှေးတယ် အရာရာ ပြတ်တောက်သွားသလို ဖြစ်တော့ အဆင်မပြေဘူး။ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး “လေယာဉ်နဲ့ ခရီးသွားတာက ပိုက်ဆံသုံးနိုင်တဲ့ သူတွေဘဲဆိုတော့ ကျွန်တော်တို့ သာမန် လူလတ်တန်းစားတွေအတွက်တော့ လေဆိပ် ပိတ်တာဖြစ်ဖြစ် မပိတ်တာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ အများဆုံး သွားလာတာက တရုတ်ပြည်ဘက်က သွားလာတယ်။ မန္တလေးလမ်းဘက်က သွားလာတယ်။ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်လည်း အရမ်းကြီး မပြောင်းလဲဘူး။ လေဆိပ်ပိတ်သွားတဲ့အတွက်ကြောင့် သာမန်ပြည်သူလူထုအတွက်တော့ ထိခိုက်နစ်နာတာ သိပ်မရှိဘူး။ ဒါပေမယ့် ရန်ကုန် မန္တလေးဘက်ကို သွားလာချင်တဲ့သူတွေလည်း ရှိမှာဘဲ လေယာဉ်နဲ့ဘဲ အများဆုံး သွားကြတာဆိုတော့။ ထိခိုက် နစ်နာတာက ရာခိုင်နှုန်းအဲသလောက် မရှိဘူး။  ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ပါဘဲ။ ကုန်တွေက လေယာဉ်နဲ့လည်း အဓိက သယ်ယူတာမဟုတ်တော့“ ဝိုင်းမော်မြို့ခံလူငယ်တစ်ဦး  “ကျနော့်အမြင့်ကတော့ ရှင်းပါတယ်။ စစ်တပ်က သူအသုံးလိုလို့ ဒါမှမဟုတ် KIA/PDF ကို ပြည်သူတွေအမြင်မှားအောင်လုပ်နေတာဖြစ်တယ်။ ပြောချင်တာက လက်နက်ကိုင်အချင်းချင်းတိုက်ချင်ရင် KIA/PDF ရှိတဲ့နေရာသွားတိုက်ကြပါ။ ဒါက အရပ်သားတွေအတွက် တကယ်လိုအပ်တဲ့လေကြောင်းလိုင်းပိတ်တာ လုံးဝမဖြစ်သင့်ဘူးလေ။ ပြီးတော့ လေယာဉ်ကလည်း ဒီတစ်စင်းပဲရှိတာလား တကယ်လုပ်ပေးချင်တဲ့ဆန္ဒမရှိလို့ပဲ စစ်တပ်ကမကောင်းကြံနေတာ အသိသာကြီးပါ။ ဒါကိုပြည်သူတွေအားလုံးလည်း သိပါတယ်” ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦး…

    Read More »
  • 2 March
    သတင်း

    ပိတ်မိနေတဲ့ကုန်ကားတွေဆီက ကုန်တစ်ဝက်ကို စစ်ကော်မရှင်ပြန်ဝယ်နေ

    မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဝန်းကျင်လောက်ကနေ ပိတ်မိနေတဲ့ ကုန်ကားတွေဆီက ပါလာသမျှကုန်ပစ္စည်းရဲ့ တစ်ဝက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပေါက်ဈေးအတိုင်းပြန်ဝယ်သွားတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းပိုင်းက ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေကြသလို လမ်းပိုင်းကို လည်းနှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ဆို့ထားကြတာလို့…

    Read More »
Back to top button