မံစီမြို့
-
May- 2024 -16 Mayသတင်း
မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။ မေလ ၁၃ ရက်နေ့ မံစီမြို့ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိိုက်ခံနေတာကြောင့် မြို့တွင်းနှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွင်း စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် ရဲစခန်း၊ စစ်တပ်နဲ့ နီးစပ်တဲ့လူနေရပ်ကွက်က နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ မံစီမြို့ခံ တစ်ဦးက KNGကိုပြောပါတယ်။ “လေယာဥ်ကဒီနေ့မနက်လည်းလာဝဲတယ် မနက်အစောကြီးနှစ်လုံးကျဲသွားတယ်။ မနေ့ကတော့တစ်ရက်ထဲကို အလုံး ၂၀ ကျော်ကျဲသွားတယ် ကောင်ရာရပ်ကွက်ထဲကစာသင်ကျောင်းထိပြီးပျက်စီးသွားတယ် မနေ့ကအထိဆိုရင်အိမ်ကအလုံး ၂၀ ကျော်တော့မီးလောင်သွားပြီ။ အဲ့တာကလုံးဝရစရှိကိုမရှိအောင်လောင်သွားတာ တစ်ချို့မီးဖို့ချောင်ပဲလောင်တာလည်းရှိတယ် မနေ့ကလည်းအိမ်နှစ်လုံးမီးဖိုချောင်တစ်လုံးလောင်သွားတယ်”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောချက်အရ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မံစီမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ရာရပ်ကွက်က လူနေအိမ် ၁၀ လုံးကျော်၊ ဂျိမ်းဖော့မြေရပ်ကွက် လူနေအိမ် ၁၀ လုံးကျော်နဲ့ မံစီမြို့နယ် နမ့်ခမ်းကျေးရွာက လူနေအိမ် ၂လုံး၊ မီးဖိုချောင်တစ်လုံး စုစပေါင်း လူနေအိမ် ၂၀ ကျော်အပါအဝင် စာသင်ကျောင်းတစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။ လူနေအိမ်အများဆုံးမီလောင်ပျက်စီးသွားတဲ့ ကောင်ရာရပ်ကွက်နဲ့ ဂျိမ်းဖော့မြေရပ်ကွက်ဟာ မံစီးမြို့မရဲစခန်း နဲ့ နီးတဲ့ရပ်ကွက်တွေဖြစ်တဲ့အပြင် ထွေအုပ်ရုံး၊…
Read More » -
15 Mayသတင်း
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး
ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
13 Mayသတင်း
မံစီမြို့မရဲစခန်း KIA ပူးပေါင်းတပ် ဒုတိယအကြိမ်သိမ်းပိုက်
“ပထမတစ်ကြိမ်သိမ်းထားပြီးပြီလေ။ အဲ့တာလေကြောင်းနဲ့နေ့တိုင်းလိုလာပစ်နေတော့ ဒီဘက်ကခနဆုတ်ထားတာ။ အဲ့တာ ရဲနဲ့စစ်သားတွေကပြန်လာထိုင်တယ်ဆိုလို့ ဒီမနက်ပြန်ပြီးသိမ်းယူလိုက်တာ စဝင်တာကတော့မနက် ၁၀ နာရီလောက်ကဝင်နေပြီ အခုညပိုင်းမှပဲထိန်းချုပ်လိုက်နိုင်တာ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။
Read More » -
2 Mayသတင်း
မံစီမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာက ပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ဒေသခံတွေနဲ့ မြို့နဲ့နီးတဲ့ ကျေးရွာနေပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တပ်က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။ မံစီမြို့ပေါ်က ဒေသခံပြည်သူတွေနဲ့ မြို့နဲ့နီးတဲ့ကျေးရွာတွေဖြစ်တဲ့ စံလွန်ယန်အပါအဝင် ရွာတစ်ချို့ကပြည်သူတွေကို လက်နက်ကိုင်နှစ်ဖက်တပ်က ဧပြီ ၁ ရက်နေ့ကစပြီး အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာကြောင့်…
Read More » -
Apr- 2024 -18 Aprilသတင်း
ဒိန်ဆင်းပါ မြေရှားတူးဖော်တဲ့စီမံကိန်းရပ်တန့်တာ တစ်နှစ်ရှိပြီး ဒေသခံများကောင်းမွန်စွာ လုပ်ကိုင်စားသောက်နေရပြီလို့ဆို
ဗန်းမော်ခရိုင် ဒိန်ဆင်းပါဒေသ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေကို KIO အစိုးရက ရပ်တန့်ပေးခဲ့တာ ၁ နှစ်ပြည့်ပြီးနောက် ဒေသခံတွေဟာ အရင်အတိုင်းပြန်လည်လုပ်ကိုင်စားသောက် နေထိုင်ခွင့်ရပြီလို့ပြောပါတယ်။ မံစီမြို့အနီး ဒိန်ဆင်းပါဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းကို ဒေသခံတွေ အပြင်းအထန် ကန့်ကွက်ခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ က ၂၀၂၃ ခုနှစ် ဧပြီလ…
Read More » -
18 Aprilသတင်း
နေအိမ်ပျက်စီးသွားတဲ့ စီခမ်းကြီးစစ်ဘေးရှောင်တစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေ
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲအတွင်း နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စီခမ်းကြီးဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင်နေကြရတဲ့ ဒေသခံတွေဟာ တစ်လကျော်အကြာအများစုနေရပ်ပြန်ဝင်နေကြပေမယ့် တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်တာ၊ စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၄၀ ကျော်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်ပဲတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အများပိုင်းက ပြန်ဝင်ကြပြီ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ပြန်ဝင်နေကြပြီ။ ဒါပေမယ့် အိမ်တွေလုံးဝပျက်စီးသွားတဲ့မိသားစုတွေကတော့ ပြန်မဝင်နိုင်ကြသေးဘူး တိမ်းရှောင်နေကြတုန်း အိမ်ရှိတဲ့လူတွေလောက်ပဲပြန်ကြတာ အိမ်တွေဘာတွေပြန်ဆောက်ပြီး နေဖို့ကြလောလောဆယ်အခြေအနေနဲ့အဆင်မပြေသေးဘူးလေ”လို့ စီးခမ်းကြီး ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိ စီခမ်းကြီးကျေးရွာဘက်မှာ တိုက်ပွဲတွေကငြိမ်သက်နေတာ တစ်ကျော်ကြာမြင့် နေပြီဖြစ်ပေမယ့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ဒေသခံတစ်ချို့ဟာနေအိမ်ဆောက်ဖို့ ငွေကြေးခက်ခဲတဲ့အပြင် စစ်ရေးပြန်ပြီးတင်းမာလာမှာကိုစိုးရိမ်နေတာကြောင့် နေရပ်ပြန်ဝင်ဖို့ခက်ခဲနေတာလို့သိရပါတယ်။ “တိုက်ပွဲက ဖြစ်တော့မဖြစ်တော့ဘူး။ ဒါပေမယ့်လည်း တော်ကြာအိမ်ပြန်ဆောက်ပြီးကျမှ တိုက်ပွဲ ပြန်ဖြစ်လာမလား လေယာဥ်နဲ့ပဲပြန်လာချမလားအမျိုးမျိုးတွေးပြီး ပြန်မဆောက်ရဲသေးတာပေါ့ ပြီးတော့ အိမ်ဆောက်ဖို့အတွက် ကလောလောဆယ်လက်ထဲမှာ ဘာမှမရှိဘူးလက်ဗလာနဲ့လည်းဆောက်လို့မရဘူးလေ အကုန်ပါသွားတာ”လို့ နေအိမ်ပျက်စီးသွားတဲ့စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးထိမှန်ပြီးပျက်စီးသွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ထောင်စု ၄၀ ဝန်းကျင်ဟာလက်ရှိ မံစီးမြို့နဲ့နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စီးခမ်းကြီးကျေးရွာကို KIA၊KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာကို KIA ဘက်ကထိန်းချုပ်ထားတယ်လို့သိရပါတယ်။ သို့သော်…
Read More » -
Mar- 2024 -6 Marchသတင်း
မဂျီဂုန်စခန်းသိမ်းနိုင်တာဟာ KIA တွက်အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ရွာဘက်မှာရှိတဲ့ စစ်တပ်ရဲ့မဂျီဂုန်ဗျူဟာစခန်းကြီးကိုသိမ်းပိုက်ရရှိနိုင်တာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စိုးမိုးနယ်မြေပိုကျယ်ပြန့်လာစေပြီး အကျိုးသက်ရောက်မှုကြီးတစ်ခုဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
Read More » -
Feb- 2024 -29 Februaryသတင်း
KIA သိမ်းပိုက်ထားတဲ့ စီခမ်းကြီးစခန်း ဘက်ကို စစ်တပ် စစ်ကြောင်းထိုးတိုက်ခိုက်နေ
ကချင်ပြည်နယ် ၊ မံစီမြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စီးခမ်းကြီးကျေးရွာဘက်ကို စစ်တပ်ကလေကြောင်းပစ်ခတ်တာအပြင် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ စီခမ်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၉ ရက်…
Read More » -
20 Februaryသတင်း
မံစီမြို့ထဲ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် မံစီမြို့ထဲကို စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လို့ ကလေးတစ်ဦးအပါအဝင် နောက်ထပ်အမျိုးသားတစ်ဦး နှလုံးဖောက်သေဆုံးသွားတယ်လို့ မံစီမြို့ခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနေ့ည ၇ နာရီဝန်းကျင် ဗန်းမော်မြို့အခြေစိုက် ခလရ ၄၇ တပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး…
Read More » -
19 Februaryသတင်း
စီခမ်းကြီး ဗျူဟာမြောက် အထိုင်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်
နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး (Jehkam) စစ်ကောင်စီ ဗျူဟာမြောက်အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ရက္ခိုင့်တပ်တော် AA နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀…
Read More »