မြစ်ကြီးနား

  • Dec- 2023 -
    1 December
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၅၇ ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာများသောအားဖြင့် လူငယ်အရွယ်တွေနဲ့သက်လတ်ပိုင်းတွေ အဖြစ်များနေပြီး မူးယစ်သောက်စားပြီးမောင်းနှင်တာတွေအပါအဝင် ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိဘဲ စည်းမဲ့ကမ်းမဲ့မောင်းနှင်တာတွေကြောင့်ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် နိုဝင်ဘာလအတွင်းယာဉ်တိုက်မှုတွေဟာ အောက်တိုဘာလထက် အနည်းငယ်လျှော့နည်းလာကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ခုလို ယာဉ်တိုက်မှုလျော့နည်းလာတာဟာ ဆီစျေးနှုန်းမြင့်တက်လာတာကြောင့်ဖြစ်နိုင်သလို နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆီးဈေး အဆမတန်တက်သွားတော့ အရင်လိုမော်တော်ယာဉ်တွေသွားတာလာတာ သိပ်မတွေ့တော့ဘူး။ ပြီးတော့ နိုင်ငံရေးမကောင်းတော့သိပ်မထွက်ရဲကြတော့ဘူးအဲတာကြောင့်လည်းပါမယ်ထင်တယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြစ်ကြီးနားမှာ ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ် ရှိခဲ့ပေမယ့် နိုဝင်ဘာလအတွင်းမှာတော့သိသိသာသာ ၅၇ ကြိမ်ထိ လျော့နည်းလာတာလည်းဖြစ်ပါတယ်။…

    Read More »
  • Nov- 2023 -
    28 November
    ဆောင်းပါး

    ရည်မှန်းချက်အသစ်နဲ့ရှေ့ဆက်နေတဲ့ CDM ကျောင်းသူ

    “အချိန်ကတစ်ပတ်ပဲလိုတယ် အဲ့ဒီတစ်ပတ်ပြီးရင်တော့ မစ္စတာဘွဲ့ရပြီ (M.Sc ဘွဲ့လွန်မဟာသိပ္ပံ) ဒီမစ္စတာဘွဲ့ယူပြီး ရင်တော့ ကျွန်မ Phd (ပါရဂူဘွဲ့) ဆက်တက်ဖို့ပေါ့။ ဘဝမှာ ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီးကြိုးစားလာခဲ့တာ အခုတော့ ကြိုးစားခဲ့တာတွေ ရည်မှန်းချက်တွေကို စကစ(စစ်ကောင်စီ) က အားလုံးရိုက်ချိုးပေးလိုက်တယ်” လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောပြလာသူကတော့ မြစ်ကြီးနား တက္ကသိုလ်မှာကျောင်း တက်ခဲ့တဲ့ Bio chemistry ကျောင်းသူ မလုလု (အမည်လွဲ)ပဲဖြစ်ပါတယ်။ မလုလုဟာ State ကျောင်းသူ…

    Read More »
  • 27 November
    သတင်း

    မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး  ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ ဈေးဆိုင်တစ်ချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး ဆိုင်တစ်ချိုင်မှာ ငွေကျပ် ၇ သိန်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ချို့က ပြောပါတယ်။ “အခွန်လာဆောင်ပါလို့ပြောတယ် ဘယ်ကလဲဆိုတော့ PDFကလို့ပြောတယ် ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ် ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ ဆိုင်နဲ့မို့ လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင်လာယူပါပြောတော့ kpay ကနေဘဲပြန်ပို့ခိုင်းတယ် နောက်တော့ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက်ရောင်းရသမျှKpayကနေ ၁သိန်းကျော်လွဲပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်ရှင်တွေအနေနဲ့တောင်းထားတဲ့ ငွေပမာဏကို လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချိုကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီးလာပေးဖို့ထိပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။ အလားတူ ရှမ်းစုမြောက်ဘက်က ဈေးဆိုင်တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။…

    Read More »
  • 20 November
    သတင်း

    မြစ်ကြီးနားမြို့မှာ ကုန်စျေးနူန်းတွေ စံချိန်တင်ထိုးတက်

    စစ်ကိုင်း– ကချင် ပြည်ထောင်စုလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ သွားလာခွင့်ပိတ်ဆို့လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းတွေ စံချိန်တင်ထိုးတက်လာတယ်လို့ မြို့ခံလူထုက ပြောပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ပြည်ထောင်စု ကားလမ်းတွေပိတ်ဆို့လိုက်ပြီးနောက် ၃ ရက်အကြာမှာတော့ကုန်ဈေးနှုန်းတွေဟာ နာရီပိုင်းခြားအတွင်း ထိုးတက်နေတာဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “ဈေးကတစ်ချိန်နဲ့ တစ်ချိန်တောင်မတူဘူး၊ မုန်ညှင်းအစည်း ၁၀ စည်းပါတစ်ခုကို ၈၀၀၀ ဆိုပြီး…

    Read More »
  • 16 November
    သတင်း

    မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ စတင်တော့မှာလား

    ကချင်ပြည်နယ် တစ်ပြည်နယ်လုံး နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖုန်းအင်တာနက် လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက် ပြည်သူတွေ အသိချင်ဆုံးအရာက မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်သိမ်းတော့မှာလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်မှုကို ပိုပြီးပြင်းထန်စေတာက ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုနဲ့အတူ တိုက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးနှင့်လုံခြုံရေးဌာန ( United Nations Department of Safety and Security-UNDSS ) အမည်ခံပြီး သတင်းအမှားထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်စောင်ပျံ့နှံ့ခဲ့ကြောင့်လည်း ပါဝင်ပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ် UNDSS ကို အမည်ခံပြီး…

    Read More »
  • 7 November
    သတင်း

    အမျိုးသားတစ်ဦးကားတိုက်ခံရ ဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ် မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်ဘက်မှာ အသက် ၅၀ ကျော်ရှိတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅နာရီဝန်းကျင်အချိန်လောက်က မြို့သစ်ကြီးရပ်ကွက် အေးမြသာယာအုပ်စု လမ်းသွယ် ၁၇ လမ်းထဲ ဆိုင်ကယ်မောင်းလာတဲ့ အမည်မသိ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ယောက်ကို ကားတစ်စီးကတိုက်ပြီး ထွက်ပြေးသွားတာလို့ မျက်မြင်တွေ့သူတစ်ဦးက KNG ကိုပြောပါတယ်။ “မျက်နှာက တော်တော်တော့ စုတ်ပြတ်နေတာဘဲ သွေးသံရဲရဲနဲ့ ကားကတော့တိုက်ပြီးထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။…

    Read More »
  • 7 November
    သတင်း

    မြစ်ကြီးနား-ပူတာအိုလေကြောင်းလိုင်းတွေ တစ်ပတ်တစ်ကြိမ်သာခွင့်ပြုထားတဲ့အတွက် ခရီးသွားပြည် သူတွေ အခက်အခဲတွေ့နေ

    ကချင်ပြည်နယ် မြစ်ကြီးနား–ပူတာအိုကိုပြေးဆွဲတဲ့ လေကြောင်းလိုင်းကို တစ်ပတ်မှာတစ်ကြိမ်သာ ပြေးဆွဲခွင့်ပြုထားတာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာနေတယ်လို့ သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကိုကိုပြေးဆွဲတဲ့ Air KBZ Air Myanmar လေကြောင်း လိုင်းတွေဟာ အရင်တစ်ပတ်ကို ၂ကြိမ် ကနေ သုံးကြိမ်အထိ ပုံမှန်ပြေးဆွဲရာကနေ လက်ရှိ လေကြောင်းလိုင်းတစ်လိုင်းကိုတစ်ပတ်တစ်ကြိမ်သာအထိသာ ပြေးဆွဲဖို့သတ်မှတ် လိုက်တာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာတဲ့အကြောင်း ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နေအသက် ၅၀ အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုကလေယာဥ်သံတောင်မကြားတော့ဘူး အရင်ကတော့ခနခနလေယာဥ်သံတွေကြားရတယ်…

    Read More »
  • 6 November
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှု ၇၂ ကြိမ်ထက်မနည်းဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်တွေ အရသိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းအများဆုံးဟာ စားသောက်မူးယစ်ပြီး အရှိန်မလျော့ဘဲမောင်းနှင်တာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ် ရေးအသင်း (မြစ်ကြီးနား)  လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။ “အများစုကမူးပြီးမောင်းတာပေါ့ အခုဖြစ်တဲ့ယာဉ်တိုက်မှု ၁၆ ကြိမ်မှာဆို ၁၄ ကြိမ်လောက်က သောက်ထားတဲ့သူတွေဘဲဖြစ်နေတယ်။ သောက်ပြီးမောင်းတော့ သူများလာတိုက်လိုက်တာတို့ ကိုယ့်ဟာကိုယ် ရပ်ထားတဲ့ ကားတွေ ကိုသွားတိုက်မိတာတို့ဘဲဖြစ်နေတာဘဲ”လို့ပြောပါတယ်။ အောက်တိုဘာလအတွင်းမှာဘဲ ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်အရ…

    Read More »
  • 3 November
    သတင်း

    သားဖြစ်သူရဲ့ရန်ပွဲကို သွားတားရာကနေ သားအဖ ၂ ဦးဓါးခုတ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဂျပန်တံတားထိပ်တစ်နေရာမှာ အချင်းများရန်ဖြစ်နေတဲ့သားဖြစ်သူရဲ့ ရန်ပွဲကိုသွားတားရာကနေ သားအဖ ၂ ဦးစလုံး ဓါးခုတ်ခံရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ မနေ့ည ၈နာရီခွဲ ဝန်းကျင်လောက်က တပ်ကုန်းရပ်ကွက် ဂျပန်လမ်းထိပ်မှာ လူငယ်တစ်စုနဲ့ရာဒါကောင်ရပ်ကွက်နေ ဦးအေးဆွေရဲ့သား ရန်ဖြစ်နေကြောင်း ကြားရတဲ့အတွက် ဦးအေးဆွေဟာ သားဖြစ်သူနောက်လိုက်သွားရာကနေ သားအဖ ၂ ဦစလုံး ဓားနဲ့အခုတ်ခံလိုက်ရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ “သားအဖနှစ်ယောက်လုံးအခုတ်ခံရတာဟုတ်တယ်။အသတ်အန္တရာယ်စိုးရိမ်ရသလောက်ထိတော့မဟုတ်ပေမယ့် ဒဏ်ရာတော့ပြင်းတယ်”လို့ပြောပါတယ်။ ကျူးလွန်တဲ့သူတွေကထွက်ပြေးသွားတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူကတစ်ဆင့် သိရပါတယ်။ ဓါးခုတ်ခံရတဲ့ သားအဖ ၂ဦးဟာ ရာဒါကောင်ရပ်ကွက်ရပ်ကွက်နေ ဦးအေးဆွေဆိုသူဖြစ်ပြီး ဦးခေါင်း ရင်ဘတ်နဲ့ဘယ်လက်တွေမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် သားဖြစ်သူရဲ့အခြေ အနေကိုတော့ဧရာဝတီလူမှုကယ်ဆယ် ရေးအသင်းကခေါ်ဆောင်သွား တဲ့အတွက်ဒဏ်ရာ အသေး စိတ်ကိုတော့ သေချာမသိလိုက်ရဘူးလို့ သူကဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ခုလိုဉပဒေမဲ့ ခိုးဆိုးလုနိုက်ရန်ဖြစ်တာ တွေပိုမိုများပြားလာပေမယ့် သေချာဖမ်းဆီး အရေးယူ အပြစ်ပေးနိုင်တာတွေလျှော့နည်း လာတယ်လို့လည်း မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးကသုံးသပ်ပြောဆိုထားပါတယ်။ By –…

    Read More »
  • 2 November
    ဆောင်းပါးနမ္မတီးမြို့တွင် စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေသည့် ကဆုန်စစ်ရှောင်များ

    ဒို့ကလေးများကို ပန်းကလေးများ လို့ဆိုရင်..

    စစ်ကို ကြောက်လို့ ရှောင်ပြေးရတဲ့ အသက် ၇ နှစ်အရွယ် သမီးငယ်လေး ရွှေစင် (အမည်လွှဲ) ဟာ သူ့ဘဝမှာ နောက်ထပ် စစ်တပ်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ ရွှေစင်ဟာ စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့နယ် ရွာလေးတစ်ရွာကဖြစ်ပြီး အာဏာသိမ်းပြီးနောက်…

    Read More »
Back to top button